စိတ်ကိုလည်း ပြင်

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကနေ့ဆွေးနွေးလိုတဲ့ အကြောင်းကတော့ စည်းကမ်းနဲ့ပတ်သက်လို့ပါပဲ... စိတ်အတွက်လည်း ကိုယ်တိုင် စည်းကမ်းထုတ်ပြန်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်... စိတ်ကို စည်းမရှိ ကမ်းမရှိ ဖြစ်ချင်သလို ဖြစ် ပစ်ထားလိုက်မယ်ဆိုရင် မကောင်းမှုတွေက နေ့စဉ်ကိုယ့်စိတ်ကို လွှမ်းမိုးချုပ်ကိုင်နေမှာပဲ ဖြစ်ပါတယ်... ဒါ့အပြင် စိတ်ဟာ စည်းကမ်းတကျမရှိတော့တဲ့ အတွက် မကောင်းမှုတွေကို လုပ်ကိုင်ဖို့လည်း တွန်းအားတစ်ခုဖြစ်လာစေပါတယ်... အကြောက်ဆိုတာ မရှိတော့သလို အရှက်ဆိုတာလည်းမဲ့လာတတ်ပါတယ်... အရှက် နဲ့ အကြောက်ဆိုတာက လောကကိုစောင့်ရှောက်တဲ့ တရားတွေထဲမှာပါတယ်လို့ စာတွေထဲမှာ ဖတ်ဖူးလိုက်ပါတယ်...

အကြောက်အလန့်မရှိတော့တဲ့စိတ်ဟာ ဘယ်လိုနည်းနဲ့မှ စည်းကမ်းရှိတော့မှာ မဟုတ်ပါဘူး... ကြောက်သင့်တာကို ကြောက်ရပါလိမ့်မယ်... အရှက်မရှိတော့တဲ့စိတ်ဟာလည်း စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာဖြစ်နေတော့မှာ အမှန်ပဲဖြစ်ပါတယ်... ရှက်သင့်တာကိုတော့ ရှက်ကြရပါလိမ့်မယ်... ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသာမက သူ့ဘာသာတရားနဲ့သူ အရှက် အကြောက်ရှိရပါတယ်... ကောင်းမှု မကောင်းမှု မခွဲခြားတော့တာက စည်းကမ်းမရှိတော့တဲ့ စိတ်ကြောင့်၊ အရှက်အကြောက် ကင်းမဲ့တာဟာလည်း စည်းကမ်းမရှိတဲ့ စိတ်ကြောင့်ပဲဖြစ်လာကြတာပဲဖြစ်ပါတယ်...


mirror_with_girl_copy.png


ပိုးဖလံမျိုး မီးကိုတိုး ဆိုသလိုပဲ မီးကိုတိုးတဲ့ ပိုးဖလံတွေဟာ သေရုံမှတစ်ပါး အခြားရှိလိမ့်မည်မဟုတ်ပါ... စည်းကမ်းမရှိတဲ့စိတ်ကြောင့် ဒုစရိုက်လုပ်ရမှာလည်း မရှက်တော့၊ မကောင်းမှုတွေ များပြားတိုးပွားလာမှာကိုလည်း မကြောက်တော့ပြီ... လက်တွေ့ဘဝမှာပင် ကြုံတွေ့မည့် အခြားသူများ လက်ညှိုးထိုး ကဲ့ရဲ့ကြမယ့်အပြင် သံသရာဆိုတာ ရှိခဲ့ရင်လည်း ဘယ်သို့ကောင်းနိုင်ပါအံ့နည်း... စည်းကမ်းမဲ့သောစိတ်သည် ဘာသာမဲ့သောလူအဖြစ်သို့ပင် ဖြစ်စေနိုင်ပေလိမ့်မယ်...

.ထိုစည်းကမ်းမဲ့သောစိတ်က ငါလူကြီးပဲ ငါ့မှာအင်အားရှိတာပဲ ငါ့မှာငွေရှိတာပဲ ဆိုတဲ့ မကောင်းစိတ် ဖြစ်ပေါ်လာပြီး အင်အားနည်းသူ အောက်လက်ငယ်သား ငွေအင်အားချိနဲ့သူတွေကို အပေါ်စီးက အနိုင်ယူတတ်ပါသေးတယ်... စိတ်မှာ ဖြစ်တဲ့မကောင်းမှုက ဘေးလူတွေမမြင်နိုင်ပေ... ငါလုပ်တာ ငါပဲသိတယ် ဘယ်သူသိတာမှတ်လို့ဆိုတဲ့ မကောင်းစိတ် စိတ်ဆိုး စိတ်ယုတ်က နေရာတကာ လွှမ်းခြုံသွားတတ်ပါတယ်... ဒီအခါမှာတော့ သူများသားမယားကို ကျူးလွန်မှု၊ လူသတ်ဖို့အတွက်တောင် ဝန်လေးကြလိမ့်မယ်မဟုတ်တော့ပါဘူး...


brain_and_heart.png


ဒီတော့ကာ မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့စိတ်ကို ကောင်းမှုမှာ ပျော်မွေ့လာအောင် ကျွန်တော်တို့ ပြုပြင်ယူသင့်ပါတယ်... လူအများစုကို ကြည့်မယ်ဆိုရင် အသက်အရွယ်မရွေး မတည်မြဲတဲ့ ရုပ်ကြီးကိုတော့ ပြင်ကြပါတယ်... စိတ်ကိုတော့ ပြင်ရကောင်းမှန်းသတိမရတတ်ကြ... စိတ်ကိုတော့ ပြင်တဲ့သူအတော်ရှားလိမ့်မယ်ထင်ပါတယ်... တစ်ချို့ဆို မှန်ရှေ့တစ်ခါဖြတ်တိုင်း မှန်ကို တစ်ခါမက ဝင်ကြည့်တဲ့သူတွေပင် တွေ့ဖူးပါတယ်(မိန်းကလေးတွေ ပိုများတယ် 😂) မည်သို့ပင်ဆိုစေကာမူ ရုပ်ကလေးကို ပြုပြင်ကြသလို (၁၀)ပုံ (၁)ပုံလောက်ကိုသာ နေ့စဉ်စိတ်ကလေးကို ကောင်းအောင် ပြုပြင်ကြမယ်ဆိုရင်ဖြင့် လက်တွေ့ဘဝသာမက သံသရာဘဝများမှာပါ အကောင်းတွေနဲ့သာ တွေ့မှာဖြစ်တာကြောင့် စိတ်ကလေးကိုလည်း ပြုပြင်ကြပါလို့...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
15 comments
avatar

အလှအတွက် မှန်ကြည့်သလို ဘဝအတွက် စာကြည့်ပါပေါ့
!LOL

!LUV

0
0
0.000
avatar

စာတော့ကြည့်ဖြစ်ပါဘူး 😊

0
0
0.000
avatar

စိတ်တွေကို Hive Platform မှာပြုပြင်ထားတယ်။ !PIZZA. !LOL

0
0
0.000
avatar

Good တာပဲလေ

0
0
0.000
avatar

ပြင်တော့ပြင်သားပဲ အစကတဲကပျက်နေတာဆိုတော့ ပြင်လိုက်ပျက်လိုက်ပါပဲ :D !LOLZ

0
0
0.000
avatar

What's the difference between a rain gutter and a clumsy outfielder?
One catches drops, the other drops catches.

@ansoe, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)

0
0
0.000
avatar

ပျက်အစဉ် ပြင်ခဏဆိုတဲ့စကား ရှိမဟုတ်လား.. ပျက်နေတာက အစဉ်အမြဲ ပြင်လည်းခဏပဲ လို့ပြောတာနေမယ် 😝

0
0
0.000
avatar

ပြင်ပါဘူး ဒီတိုင်းလွှတ်ထားလိုက်တာအေးရော !LOLZ

0
0
0.000
avatar

The other day I snuck into the local zoo and spotted an albino Cheetah
It was the least I could do for him.

@ansoe, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar

ဆိတ်တွေကို ဒီတိုင်းလွှတ်ထားရင် ရော်ရမှာသေချာတယ် 😂😝

0
0
0.000