ကျွန်တော်သိချင်မိသော NFTs

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ယနေ့ Online လောကတွင် ခေတ်စားလာသော စကားလုံးတစ်ခုအကြောင်းသိချင်မိပါတယ်... ရေးသားချင်ပါတယ်... သိလည်းသိချင် တတ်လည်း တတ်ချင်မိပါတယ်... အဲဒီစကားလုံးက NFTs(Non Fungible Tokens)အကြောင်းလေးပဲဖြစ်ပါတယ်... NFTs နဲ့ပတ်သက်ပြီး သေသေချာချာသိပြီးသူများ‌အနေနဲ့ NFTs အကြောင်းကို မျှဝေပေးစေလိုပါတယ်... အခြားသူများ စိတ်ဝင်စားလား စိတ်မဝင်စားဘူးလားဆိုတာတော့မသိပေမယ့် ကျွန်တော့်ကတော့ အလွန့် အလွန်ပင် စိတ်ဝင်စားလို့ပဲဖြစ်ပါတယ်... လေ့လည်း လေ့လာထားသင့်တယ်လို့လည်းယူဆမိပါတယ်... နောင်လာမယ့်အနာဂတ်မှာ NFTs များက အောင်မြင်မှုရရှိလာနိုင်မယ်လို့လည်း ယူဆလို့ဖြစ်ပါတယ်... မှားချင်လည်း မှားနိုင်ပါတယ်...


screenshot_363.png


အခု‌လက်ရှိအနေအထားမှာပင် NFTs နဲ့ ပတ်သက်တဲ့ G‌ame များ Art များက အတော်လေးနေရာယူလာနေတာကို မိတ်ဆွေတို့ မြင်နိုင်ပါတယ်... နောင်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ NFTs တွေ လွှမ်းမိုးလာမယ်ဆိုရင် Online ပေါ်မှာ စာတွေ‌ရေးနေတဲ့ ကျွန်တော်တို့တစ်တွေ သူများပြောလို့မှ ဘာမှန်းမသိမဖြစ်ချင်တာလည်း ပါပါတယ်... ဒီတော့ကာ NFTs နဲ့ပတ်သက်ပြီး သိထားသူများအနေနဲ့ ဘယ်လိုပုံ ဘယ်လိုနည်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တယ်ဆိုတာကို ပို့စ်တင်ရေးသား အလင်းပြနိုင်ရင် ကောင်းလေစွလို့ ယူဆမိပါတယ်...

NFTs နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို English လိုရေးသားထားတာတွေ တွေ့မိသော်လည်း E မကျွမ်းတဲ့ ကျွန်တော်လိုလူအတွက်တော့ မြန်မာလိုရေးတင်တာကို ဖတ်ရှုပါမှ အဆင်ပြေနိုင်မှာပါ 😁 ကိုယ့်ရဲ့ဖန်တီးမှုတွေကို အလွယ်တကူ ရောင်းချနိုင်မှာဖြစ်တဲ့အပြင် ပိုမိုကြိုးစားလိုစိတ်ရှိလာမယ်လို့ထင်ပါတယ်... ပန်းချီဆရာ ဆရာမတွေ ဒီဇိုင်းဆရာ ဆရာမတွေအတွက် ပိုပြီးတော့ လက်စွမ်းပြနိုင်မှာဖြစ်ပါတယ်... ကိုယ်ဖန်တီးထားတဲ့အရာတွေကနေ ဝင်ငွေရလမ်းပွင့်လာတဲ့အပြင် ကိုယ်ဝါသနာ ပါတဲ့အလုပ်ကလေးလုပ်ရင်းနဲ့ Cryptocurrency တွေလည်း ပိုရလာတာပေါ့ဗျာ...

Hive Platform မှာလည်းပဲ အဲဒီ NFTs နဲ့ပတ်သက်တာတွေ လုပ်ကိုင်နိုင်တယ်ဆိုတာ တွေ့ရပေမယ့်လည်း ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ပဲရှိနေဆဲပါပဲ... အဲဒီ NFTs တွေကိုသာ ဖန်တီးနိုင်မယ်ဆိုရင် အကျိုးအမြတ်များများပိုရနိုင်တယ်လို့ ထင်ပါတယ်... အဲဒါကြောင့်လည်း မိတ်ဆွေများကို NFTs အကြောင်း သေသေချာချာလေ့လာစေလိုပါတယ်... လေ့လာနိုင်သူတွေ ဒီအထဲမှာ အများအပြားရှိနေမယ်လို့လည်း ယူဆပါတယ်... လေ့လာပြီးရင်တော့ မျှဝေပေးကြပါလို့ တောင်းဆိုလိုပါတယ်...


အားလုံးကို လေးစားလျှက် -

@ansoe




0
0
0.000
16 comments
avatar

Card Token ဟုပဲ နားလည်ထားပါတယ်။
!LOL

0
0
0.000
avatar

Chuck Norris once went on a bicycle ride
and accidentially won the Tour de France.

Credit: blumela
@ansoe, I sent you an $LOLZ on behalf of @walarhein
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

0
0
0.000
avatar

ဘာဘာဘာမှသိဘူးဆို

0
0
0.000
avatar

Blockchain System မှာ အနုပညာပစ္စည်း၊ မြေကွက် စသည်တို့ကို Online ပေါ်မှာ အရောင်းအဝယ် လုပ်နိုင်ဖို့ အစီအစဉ်၏ ကနဦး ရှေ့ပြေး Card Token များပဲ ထင်ပါတယ်။
အနုပညာပစ္စည်း NFT တွေက ဈေးကြီးနိုင်ပြီး Market Cap နည်းပါလိမ့်မည်။
Game NFT တွေကတော့ ကစားလို့လည်း စိတ်ကျေနပ်ရ၊ ပိုင်ဆိုင်မှု Reward လည်း ရတော့ အရောင်းအဝယ် ပိုဖြစ်ကြမယ် ထင်ပါတယ်။
ကျွန်တော့်အထင်ပါ။
!LUV

0
0
0.000
avatar

ဟိုတစ်နေ့ opensea ဆိုတဲ့ site မှာ ကိုယ့်ပုံကိုယ် selfie ဆွဲပြီးတင်ထားတာ ETH ထောင်ချီနဲ့ရောင်းလိုက်ရသတဲ့ အံ့ရောပဲ 😂 အဲ့ opensea ကို ဝင်မလို့ချောင်းနာ selfie လေးလဲဆွဲရင်း ငွေလည်းလည်း ရတာပေါ့လို့ 😝

0
0
0.000
avatar

ကျမလည်း ပြည့်ပြည့်စုံစုံ​လေး သိချင်မိတယ်ရှင့်

0
0
0.000
avatar

နားလည်သူတွေပိုပြီးလေ့လာပြီး မျှဝေပေးနိုင်ရင်ကောင်းလေစွပေါ့

0
0
0.000
avatar

ကျုပ်တို့လည်း လေ့လာရပါအုံးမည်။
!PIZZA

0
0
0.000
avatar

လေးလာဘာ ငါးလာဘာ 😄

0
0
0.000
avatar

အဲဒီ အကြောင်းလေး ပြည့်ပြည့်စုံစုံ ရေးပေးမယ် ဦးစိုးရေ... လောလောဆယ် Mood ထည့်လို့ မရသေးဘူး ဖြစ်နေတယ်။😁😁 !LOL

0
0
0.000
avatar

ရေးပါ ရေးပါ အစရှာမရတဲ့ ဥ လိုဖစ်နေလို့ ဆာဟင်ရေးတာ စောင့်နေပါ့မယ် 😀

0
0
0.000
avatar

ကျနော်တို့လဲ သိသေးဘူး ရေးပြမည့်သူစောင့်နေတာ:D

0
0
0.000