DEC/SPS မှသည် Hive သို့

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီကနေ့တော့ Splinterlands ဂိမ်းကစားရင်း တောင်ကြည့် မြောက်ကြည့် တောင်လှန် မြောက်လှန် လုပ်ရင်းနဲ့ အမှတ်မထင် တွေ့လိုက်ရတဲ့အရာက အခြားသူတွေအတွက်တော့ မသိဘူး... ကျွန်တော့်အတွက်တော့ အဆင်ပြေသွားစေနိုင်တဲ့အရာလေးတစ်ခုကို တွေ့လိုက်ရတဲ့အတွက် ကျွန်တော်ကဲ့သို့ မသိသေးသူများလည်း အသုံးချနိုင်ဖို့အတွက် ရေးသားမျှဝေလိုက်ခြင်းသာဖြစ်ပါတယ်... သိထားပြီးသူဆရာသမားအားလုံး ရေးထားတဲ့စာများအားလုံး‌ မဖတ်ပဲကျော်ခွသွားကြပါကုန်... သို့ပေသော်လည်း Vote လေးတွေတော့ ကျော်ခွမသွားကြပဲ တစ်ချက်စီလောက် နှမြောတွန့်တိုခြင်းမရှိပဲနဲ့ အားရပါးရ 100% ဖြင့် Vote လေးတော့ပေးသွားကြပါကုန်လော့ 😂

ရေးသားလိုတဲ့အကြောင်းလေး‌ကတော့ ကျွန်တော်ကဲ့သို့ Splinterlands Gameကစားရင်းနဲ့ ရရှိထားကြတဲ့ DEC ဒါမှမဟုတ် SPS တွေကို အသုံးချပြီးတော့ RC ပြဿနာ"Not Enough Resource Credits"ကို အထိုက်အလျောက်ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးကို ပြောလိုတာပါ...(ကျွန်တော်က အဲ့ပြဿနာတက်တက်နေလို့ပါ 😁) RC ပြဿနာ မတက်ပေမယ့်လည်း DECဒါမှမဟုတ်SPS ကိုအသုံးချပြီးတော့ Power Up နိုင်ကြပါတယ်... မသိသေးရင်တော့ အောက်မှာ ဆက်ဖတ်ပါ... သိပြီးသူများ ထပ်ပြောပါမယ်... Vote ပြီးတော့ကျော်ခွ သွားကြပါ...

ပထမဆုံးအနေနဲ့ကတော့ မိမိရဲ့ Splinterlands Wallet ထဲမှာရရှိထားတဲ့ DEC/SPS Token လေးတွေကို Hive Engine Wallet ထဲကို ရောက်အောင်ပို့ရပါမယ်... အဲဒီလို ပို့ဖို့ နည်းလမ်းနှစ်ခုနဲ့ပို့နိုင်ပါတယ်(ကျွန်တော်သိတာကနှစ်မျိုးပဲမို့လို့ပါ)... Hive Engine Walletကို တိုက်ရိုက်ပို့တာနဲ့ Splinterlands Wallet ကနေ Bee Swap နဲ့ချိတ်ဆက်ပြီး Hive Engine Walletကိုပို့တာပါ... Bee Swapကနေပို့တာက ပိုရှင်းမယ်ထင်ပါတယ်... လုပ်ရတဲ့အဆင့်လည်း နည်းပါတယ်... ဒီတော့ Bee Swapကနေလှမ်းပို့တာကို အောက်ကပုံကို ကြည့်ရင် သဘောပေါက်ပါလိမ့်မယ်...

ကိုယ့်မှာရှိတဲ့ DEC လေးကိုနှိပ်


01.png


ဟောသလိုလေးတွေပေါ်လာရင် ရွှေ့ချင်တဲ့ DEC ထည့် Wallet ရွေး Transfer Out ကိုနှိပ်...


02.png


03.png


Splinterlands က ဆေးပါလိမ့်မယ် Ok ပါပေါ့...


04.png


ကိုယ့် Hive Engine Wallet မှာသွားကြည့်ရင် ဟောသလိုလေးမြင်ရပါပြီ...


05.png


နောက်ထပ်အဆင့်တွေကတော့ ပြောစရာလိုမယ်မထင်တော့ဘူး... ကိုယ့်ရဲ့ Hive Engine Wallet ထဲကို ရောက်လာတဲ့ DEC လေးတွေကို Swap.Hive ပြောင်းပြီး WITHDRAW လုပ် ကိုယ့် Hive Wallet ထဲရောက်၊ Power Up လိုက်ရုံပေါ့လေ...


နောက်တစ်ခုက Bee Swapကနေ ပြောင်းယူတဲ့နည်းပါ... ဟောဒီလင့် https://beeswap.dcity.io/wallet?splinterlands ကိုနှိပ်ဝင်လိုက်ရင် Bee Swap ထဲကိုရောက်သွားလိမ့်မယ်... Login ဝင်ဖို့အတွက် hive user name Private Active key Password နဲ့ Login ဝင်လိုက်ရုံပါပဲ... Keychain ဒါမှမဟုတ် Bee Secure နဲ့ဖြစ်ဖြစ် အဆင်ပြေရာနဲ့ Login ဝင်နိုင်ပါတယ်... ကျွန်တော်ကတော့ Bee Secure နဲ့ပဲ ဝင်လိုက်ပါတယ်...


07.png


08.png


09.png


010.png


Login ဝင်ပြီးရင်အောက်ကပုံအတိုင်းမြင်ရပါပြီ...


011.png


012.png


013.png


014.png


ကျန်တာတွေကတော့ ဆက်မရေးတော့ပါဘူး... စာကလည်းအတော်ရှည်သွားတော့ Data ဖိုးကလည်းအတော်ကုန်သွားပါပြီ... အားလုံးပဲ အဆင်ပြေကြပါစေ...

အားလုံးကို လေးစားလျှက် -

@ansoe

ansoe_logo_leo.png



0
0
0.000
22 comments
avatar

DEC တွေ အရ မြန်တာ ဘယ်ဘိုကစားလိုက်တာလဲဗျ

!LOL

0
0
0.000
avatar

Did you hear about the lobster that got a job at pizza hut?
He's working in the crust station.

@ansoe, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar

ကတ်ရောင်းစားလိုက်တာလေ

0
0
0.000
avatar

ဗဟုသုတရပါတယ် ကျေးဇူး !PIZZA !LOL !LUV

0
0
0.000
avatar

ခုလိုပြောပေးလို့ ဝမ်းသာပါတယ်ဗျာ 😊

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(8/8) tipped @ansoe (x1)
kachinhenry tipped ansoe (x1)
nayhlaingsoe tipped ansoe (x1)

Join us in Discord!

0
0
0.000
avatar

အဲလိုလေးပြောပေးတော့ အဆင်ပြေတာပေါ့လို့။

0
0
0.000
avatar

အဆင်ပြေရင်ကျေနပ်တယ်.......... အာ့ဘူဆိုတာလဲတော့မသိဘူး 😃

0
0
0.000
avatar

Gamer ကြီးဖြစ်နေပြီ.. !PIZZA

0
0
0.000
avatar

တော်သေး Gamer မို့လို့ ဂိမ်မှာ လို့များပြောရင် ဂိ 😝

0
0
0.000
avatar

ဂိမ်းတွေမဆော့တော့ မလုပ်ရဘူး။
!PIZZA

0
0
0.000
avatar

Bee Swap က Exchange တစ်ခုပဲ ဉီးထွေးရ ဂိမ်းဆော့တာ မဆော့တာနဲ့မဆိုင်ဘူးလေ သုံးလို့ရတာပဲ

0
0
0.000
avatar

DEC တွေ အကုန်ထုတ်တော့ ပါဝါတွေကျကုန်ပီး လိဂ်မတက်နိုင်ပဲနေမှာပေါ့ဗျ ။

0
0
0.000
avatar

DEC ကပါဝါမကျဘူးမဟုတ်လား... Card တွေရောင်းစားမှ ပါဝါကျတာလေ... အဲလိုဟုတ်ဖူးလား ကွှီးရွှေရ

0
0
0.000
avatar

splinterlands ဆော့မဲ့သူတွေအတွက် အသုံးတည့်မဲ့ post ကောင်းတစ်ခုပါ

0
0
0.000
avatar

ဆော့ဆော့ မဆော့ဆော့ Bee Swap က အသုံးတည့်ပါတယ်ဗျာ...

0
0
0.000