Worshipping Aung Sat Kyar Pagoda

avatar

မင်္ဂလာပါ။

တစ်နေ့က ရွာတစ်ရွာသို့ မိသားစု သုံးဦး သွားရောက်ဖြစ်ခဲ့ပါတယ်။
ထိုရွာမှာ ခြုံကြားမှ တွေ့ရှိရသော စေတီငယ်တစ်ဆူ ကို ပြန်လည် မွမ်းမံ တည်ဆောက်ပြီး ကိုးကွယ်ထားပါတယ်။
စေတီ၏ ဘွဲ့တော်ကို ပေါ်တော်မူ အောင်စကြာဘုရား ဟုခေါ်တွင်ကြပါတယ်။
ထိုဘုရားမှာ အဓိဌာန်ဝင်ပြီး ဆုတောင်းပါလျှင် ပြည့်မြောက်သည်ဟုလည်း ရွာသူရွာသားတွေက ပြောကြပါတယ်။

img_0.029115295836970572.jpg

သို့ဖြစ်၍ ကျွန်တော်တို့လည်း ‌တံတားဦးမြို့နယ် အောင်တောကျေးရွာ ရောက်ရှိခိုက် အောင်စကြာဘုရား ကို ဝင်ရောက် ဖူးမြော်ခဲ့ပါတယ်။

ကျွန်တော်ကတော့ အောင်စကြာဘုရား သို့ ခဏခဏ ရောက်ဖူးပါတယ်။
သားသား နှင့် မေမေ ကတော့ ဒါ ပထမဆုံး အခေါက်ပါပဲ။

img_0.07007060920648647.jpg

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဓလေ့ ထုံးစံ အရ သားသား ကိုလည်း ဘာသာ သာသနာ ယဉ်ကျေးမှု ရှိစေရန် ဘုရားရှိခိုးခြင်း အမှုကို သင်ပြပေးထားပါတယ်။
ယခုဆို သားသား ဟာ
ဗုဒ္ဓံ ပူဇေမိ။
ဓမ္မံ ပူဇေမိ။
သံဃံ ပူဇေမိ။ ဟု
ဆိုကာ ဘုရားကန်တော့တတ်နေပါပြီ။

img_0.02420948901848347.jpg

ဒါကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ဦး အနေဖြင့် သားသား ကို ဘာသာရေး လက်ဆင့်ကမ်းခြင်း ပါပဲ။
အမှတ်တရ အဖြစ် ဓာတ်ပုံလေးတွေလည်း ရိုက်ယူသိမ်းထားပါတယ်။

မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ကြပါစေ။

@walarhein



0
0
0.000
12 comments
avatar

သာဓု သာဓု သာဓု ကုသိုလ် ရပါစေ

0
0
0.000
avatar

ဘုရားမှာ တခါဆုံတယ် သာဓုခေါ်ပါတယ်ကွယ်။
!LOL

0
0
0.000