Scattered Thoughts Deal with Sein Flowers

avatar

မင်္ဂလာပါ။

စိန်ပန်းတွေ လှိုင်လှိုင် ပွင့်ဝေနေပြန်ပါပြီ။
ကျောင်းဖွင့်ချိန်တော့ မရောက်သေးပါ။
ကျောင်းဖွင့်ချိန် ဆိုတာက ယခင်က ပုံမှန် လည်ပတ်ခဲ့တဲ့ အစိုးရ အခြေခံပညာ စာသင်ကျောင်းတွေ ဖွင့်တဲ့ အချိန် ကို ပြောတာပါ။

img_0.07336737025456588.jpg

မအလ ဖွင့်တဲ့ ကျောင်းတွေ ကတော့ အတန်းတင် စာမေးပွဲတွေ စစ်ပြီးတာ မကြာသေးပါဘူး။
ခုတော့ ကျောင်းတွေ ပိတ်ထားချိန်ပေါ့။
မအလ လက်အောက်ခံ ကျောင်းတွေမှာ ပညာ သင်ယူကြသူ ကျောင်းသူကျောင်းသားတွေ သိပ်မရှိကြသလို၊ အတန်းတင် စာမေးပွဲ ဖြေဆိုသူကလည်း ပုံမှန်အောက် သုံးပုံတစ်ပုံရယ်သာပါ။

ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ NUG အစိုးရ နှင့် တော်လှန်ရေးအင်အားစုတွေဟာ ယခုဆိုလျှင် မြန်မာနိုင်ငံ၏ ထက်ဝက်နီးပါး လွှမ်းမိုးနိုင်လာပါပြီ။
၎င်းဒေသတွေမှာ စစ်အာဏာရှင်ကို ဆန့်ကျင်သော ဆရာ ဆရာမတွေ က ဦးစီး ဖွင့်လှစ် သင်ကြားသော စာသင်ကျောင်းတွေ များစွာ ထွက်ပေါ်လာနေပါပြီ။
အတန်းတင်ပေးဖို့ လတ်တလော အာရုံ မစိုက်ထားသော်လည်း ကလေးတွေ၏ ပညာရေး မလစ်ဟာရလေအောင် ကျောင်းများ ဖွင့်၍ စာသင်ပေးနေကြပါပြီ။
ဒီတော့လည်း ယခုကာလသည် ကျောင်းဖွင့်ချိန် အသစ်တစ်ခုပေပဲလား။

img_0.6936261382983959.jpg

တိုင်းရင်းသားဒေသ အချို့မှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေ ဦးဆောင်သော စာသင်ကျောင်းတွေ တက္ကသိုလ်တွေ ရှိကြပါတယ်။
အချို့ဒေသမှာ အခြေခံပညာ အတန်းတင် စာမေးပွဲ စစ်ကြတာ ရှိသလို တက္ကသိုလ် ဘွဲ့နှင်းသဘင် ကျင်းပကြတာတွေလည်း ရှိကြပါတယ်။

ဒီတော့အခါ ယခု မြန်မာနိုင်ငံတဝန်း ကတော့ ကျောင်းဖွင့်ချိန်တွေ ၊ စာမေးပွဲ ဖြေဆိုချိန်တွေ၊ တက္ကသိုလ် ဖွင့်လှစ် ဘွဲ့နှင်းတာတွေ မတူကွဲပြား အမျိုးမျိုးဖြစ်လို့ နေပါတယ်။
နောင်အခါ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်ပြီးပါလျှင် ဒေသ ရာသီဥတု အပေါ် မူတည်ပြီး ကျောင်းဖွင့်ချိန်တွေ ကွာခြားနိုင်ပါတယ်။

img_0.869286130978495.jpg

ဒီနေ့ကတော့ အိမ်ရှေ့က စိန်ပန်းပင်တွေ ပွင့်ဝေနေတာ မြင်ရပြီး ပေါ်လာတဲ့ အတွေး အမြင် စကားစုလေးတွေပါပဲ။

အရေးတော်ပုံ အောင်မြင်ပြီး တရားမျှတ လွတ်လပ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဆီသို့ အရောက်သွားကြပ့စို့။

@golden.future



0
0
0.000
13 comments
avatar

ရဲရဲတောက် စိန်ပန်း။
!LOL

0
0
0.000
avatar

ငြိမ်းချမ်းသော ကျောင်းဖွင့်ချိန် ရောက်စေချင်ပါပြီ

0
0
0.000
avatar

စိန်ပန်းနီနီ လမ်းနီနီလေးတွေပေါ် လျှောက်ခဲ့တာပေါ့လေ !LOLZ

0
0
0.000