ပိုင်ရှင်ရှိ လမ်းဘေးခွေး ( A street dog with an Owner)
ဒီနေ့ညက သီတင်းကျွတ်လပြည့်ညဆိုတော့ လမင်းကြီးက ထိန်ထိန်သာနေပါတယ်။ ကောင်းကင်ယံမှာလည်း မီးပုံးပျံလေးတွေ ဟိုတစ်လုံး ဒီတစ်လုံးနဲ့ သီတင်းကျွတ်ညလေးက သာယာလှပါတယ်။ ကျွန်မ သားလေးအပါအဝင် ရပ်ကွက်ထဲက ကလေးတွေဟာလည်း ငရဲမီးလုပ်တမ်း ကစားလိုက် ပြေးလွှားလိုက်နဲ့ ပျော်ရွှင်စွာ စော့ကစားနေကြပါတယ်။
လှပတဲ့ သီတင်းကျွတ်ညရဲ့ အလှတရားကို ဖျက်ဆီးလိုက်တာကတော့ လမ်းဘေးခွေးတစ်ကောင်ဖြစ်ပါတယ်။ ဒီခွေးရဲ့ ရာဇဝင်ကို အနည်းငယ်ပြောပြလိုပါတယ်။ ဒီခွေးကို ကျွန်မတို့ရပ်ကွက်ထဲက အဘွားဖြူဆိုသူက ကျွေးမွေးထားတာပါ။ ဒါပေမဲ့ တခြားအချိန်တွေမှာသာ ဒီခွေးဟာ သူ့ခွေးဖြစ်ပြီး သူတစ်ပါးကို လိုက်ကိုက်ရင်တော့ ဒီခွေးက သူနဲ့ မဆိုင်တော့ပါဘူး။ သနားလို့ကျွေးထားတာပါ။ သူ့ခွေးမဟုတ်ရပါဘူးဆိုပြီး ဇာတ်စုံ ခင်းပါတော့တယ်။
သည်လိုပဲ ရပ်ကွက်ထဲ လှည့်လည်စားသောက်နေတဲ့ ခွေးလေခွေးလွင့် ၅ကောင်လောက်ရှိပါတယ်။ ခွေးအများထဲကမှ ခွေးက အဖြူရောင်မို့ ခွေးဖြူမလို့ ဆိုကြပါသို့။ သည်ခွေးဖြူမ တစ်ကောင်သာ ကိုက်တက်တာပါ။ ကျွန်မတို့ ရပ်ကွက်မှာ ရပ်ကွက်ကျောင်းလေး ရှိတာကြောင့် ကျောင်းသူ ကျောင်းသားလေးတွေဟာ အဲ့ဒီခွေးမှီခိုစားသောက်နေတဲ့ အိမ်ရှေ့ကနေ ဖြတ်သွားကြရပါတယ်။ ဒီ အချိန်မှာ သည်ခွေးဖြူမက မထင်ရင် မထင်သလို ကလေးတွေကို လိုက်ကိုက်ပါတယ်။ ကျွန်မရှေ့တင်ကို ကလေး ၂ယောက် အကိုက်ခံလိုက်ရပါတယ်။
ဒီညလည်း ဒီလိုပါပဲ။ ပြေးလွှားစော့ကစားနေတဲ့ ကလေးတစ်ယောက်ကို အိမ်တွေ ကျော်ပြီး လာကိုက်ပါတယ်။ အကိုက်ခံရတဲ့ ကလေးလေးလည်း အော်ဟစ်ငိုယိုနေလို့ ကျွန်မတို့ လူကြီးတွေ အိမ်လိုက်ပို့လိုက်ရပါတယ်။ ဒီလို ကိုက်လိုက်ပြီဆိုရင်တော့ ခွေးက ပိုင်ရှင်မဲ့ လမ်းဘေးခွေးဖြစ်ပါပြီ။ အဲ့တော့ ကျွန်မတို့အနေနဲ့ သည် ခွေးကို ဘာလုပ်သင့်ပါသလဲ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်ပါသလဲ။ အကြံဥာဏ်လေးများရှိရင် ပေးစေလိုပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ခွေးဂေဟာလိုနေရာမျိုးကို ဖမ်းပို့လိုက်သင့်ပါတယ် !PGM
ဟုတ်ကဲ့ ကျေးဇူးပါရှင့်
စာလေးတွေ အရေးအသား ကောင်းတယ်
!PIZZA
!MEME
Credit: arthursiq5
Earn Crypto for your Memes @ hiveme.me!
ကျေးဇူး မောင်လေးရေ
PIZZA Holders sent $PIZZA tips in this post's comments:
@naythan(4/5) tipped @suhlaing (x1)
You can now send $PIZZA tips in Discord via tip.cc!
မြန်မာပြည် အဲ့ကိစ္စ မည်သို့ရှင်းကြပါ့။
မြိုကြီးမှာတော့ ခွေးလေ ခွေလွင့်တွေ ဟိုတုန်းကအဆိပ်ချကျွေးတယ်။ အမတွေကို ဆေးထိုးတယ်
ဆိုလားဗျ။
!LOL
lolztoken.com
It was the least I could do for him.
Credit: reddit
@suhlaing, I sent you an $LOLZ on behalf of @htwegyi
Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/4)
ကျွေးထားတဲ့သူက လုံးဝတာဝန်ယူလိုစိတ် မရှိဘူး ပြောရင်လည်း လက်မခံဘူး ဘယ်လိုဖြေရှင်းရမယ် မသိဘူး ဘထွေးရေ