ကုန်စျေးနှုန်းတွေ ကြီးလိုက်ပုံများ (High prices in myanmar)
Hive Myanmar မိသားစုအားလုံး မင်္ဂလာပါ။ အခုတလော ခေတ်စားနေတဲ့ စကားစုလေးတစ်ခုကို ပြောပြချင်ပါတယ်။

" ဒါဘယ်လောက်လည်း"
"$$$$$$"
" အမလေး စျေးကြီးလိုက်တာ"
" အမလေး စျေးကြီးလိုက်တာ"
" အမလေး စျေးကြီးလိုက်တာ"
စျေးဝယ်ဖြစ်တဲ့ နေရာတိုင်းမှာ ကြားနေကျ စကားတစ်ခွန်းဖြစ်ပါတယ်။ လူတိုင်းအဲ့လို ပြောရလောက်အောင်လည်း ကုန်စျေးနှုန်းက အဆမတန် တက်နေတာကိုး။ ဒီနေ့ ကျမ စျေးသွားတော့ ကန်စွန်း ချဥ်ပေါင် ဂွေးတောက် ဟင်းနုနယ် ဆူးပုတ်လေး ခရမ်းသီး စသည့် အသီးအရွက်မှသည် သားငါးစျေးအထိ ပြီးခဲ့တဲ့ ၈လပိုင်းကထက် အဆမတန် ပိုတက်လာတာကို တွေ့ရပါတယ်။
ကျမက စျေးဝယ်ထားတဲ့ ပစ္စည်းတွေကို မှတ်စုလေးမှတ်ထားတက်ပါတယ်။ အရင်လနဲ့ အခုလ အပြင် ၂၀၂၀တုန်းက စျေးတွေအထိ ကျမ နှိုင်းယှဥ်မိတော့ ရှေ့ရေးအတွက် ရင်လေးမိပါတယ်။ ဝင်ငွေက တိုးမလာပေမဲ့ ကုန်စျေးနှုန်းက မြင့်တက်လာတာကြောင့် အကြွေးနွံ့နစ်မှာ အင်မတန်ကြောက်လှပါတယ်။
ဘယ်ပုံဘယ်နည်းနဲ့များရှေ့ဆက်သွားမလဲ ခက်ခဲနေတဲ့ မိသားစုတွေလည်း အများကြီး ရှိမှာပါ။ အလုပ်အကိုင်ရှားပါးလာခြင်း နေစရိတ် စားစရိတ်ကြီးမားလာခြင်း စတဲ့ ခက်ခဲ ကျပ်တည်းမှုတွေကနေ ဘယ်အချိန်များမှ လွတ်မြောက်နိုင်ပါ့မလဲလို့ တွေးရင်း-----
" အော်--------ကုန်စျေးနှုန်းတွေ ကြီးလိုက်ပုံများ"
ပေါတာဆိုလို့ လူပဲကျန်တယ် ၊ ပေါတောတောဖြစ်လာပြီ 😂 !MEME
Credit: arthursiq5
Earn Crypto for your Memes @ hiveme.me!
ဈေးဆိုင်ရောက်ရင် ဒါဘယ်လောက် ဈေးတက်သွားပြီးလည်းပဲမေးမိတယ်
အဲ့လိုဖြစ်နေတယ်!PGM
ခုတော့ ဈေး အရင်မေးတတ်နေပြီ။
!pizza
ဟုတ်ပ စျေးမေးဝယ်မှ တန်ကာကျမယ်
!luv
@tin.aung.soe(1/5) gave you LUV.
tools | wallet | discord | community | <>< daily
HiveBuzz.me NFT for Peace
ရင်လေးစရာပါပဲ
!LUV
ရှေ့လျှောက်ဘယ်လိုတောင်ရှေ့ဆက်ရမယ် မသိဘူး
အရင်တုန်းက ကျွန်တော်လည်း အသုံးစာရင်း လုပ်ဖြစ်တယ် ခုနောက်ပိုင်း စာရင်းတွေလုပ်ရင် စိတ်ဆင်းရဲရလို့ ... မနက်ဖြန် မသေအောင် ဘယ်လိုနေမလဲ ပဲ စဉ်စားဖြစ်တော့တယ် !PIZZA
အဲ့ဒါ အကောင်းဆုံး နည်းလမ်းပါပဲ ကိုဟင် ကုန်စျေးနှုန်းသိရတာလည်း စိတ်ဆင်းရဲရတယ်
PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(3/5) tipped @suhlaing (x1)
kachinhenry tipped suhlaing (x1)
You can now send $PIZZA tips in Discord via tip.cc!
မပြောပါနဲ့တော့ မရေးပါနဲ့တော့ လို့
ပြောရ ရေးရမလိုပါလေ။
!PIZZA
ဟုတ်ပ ဘထွေးရေ😂
Yay! 🤗
Your content has been boosted with Ecency Points, by @suhlaing.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more