အာလူး မျှစ်စပ်​ကြော်

avatar

Hive Myanmar မိသားစုအားလုံး မင်္ဂလာပါ။ အားလုံး ကျန်းမာကြရဲ့လား။ ကျွန်မလည်း ကျန်းမာ​ရေး ​ကောင်းမွန်ပါတယ်။

ဒီက​နေ့မှာ​တော့ ကျွန်မက အာလူးနဲ့ မျှစ်ကို ငရုတ်သီးစပ်စပ်​လေးနဲ့ ကြော်နည်း​လေးကို မျှ​ဝေသွားပါမယ်။

အရင်ဆုံး အာလူး​လေး​တွေကို အခွံ့သင်ပြီး အ​နေ​တော် တုံးထားပါမယ်။ မျှစ်​လေး​တွေကို အမျှင်​သေး​​လေး​တွေ ဖြစ်​အောင် ခြစ်ထားပါမယ်။

ကြက်သွန် အဖြူအနီကို ​ထောင်းထားပါမယ်။ ငရုတ်သီး အကြမ်းမှုန့်ကို အသင့် ပြုလုပ်ထားပါမယ်။

ဆီပူလာပြီဆိုတာနဲ့ ထောင်းထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကို ဆီသတ်ပါမယ်။ အ​ရောင်​လေး ရဲလာတာနဲ့ ငရုတ်ကြမ်းမှုန့်ထည့်ပါမယ်။

ပြီးရင်​တော့ အာလူးထည့်ပါမယ်။ အာလူးနူးလာ​အောင် ​ရေအနည်းငယ် ထည့်ပါမယ်။

အာလူးနူးလာပြီဆိုရင်​တော့ မျှစ်ထည့်ပါမယ်။ ​ရေ​တွေကုန်ပြီး ဆီပြန်လာသည်အထိ ​ကြော်ပါမယ်။

​အေးမြတဲ့ ရာသီ​လေးနဲ့ လိုက်ဖက်တဲ့ ဟင်းတစ်ခွက်ဖြစ်တာမို့ မိသားစုနဲ့ အတူ ထမင်းစားမြိန်ပါ​ကြစေ။ အဆုံးထိဖတ်ရှု​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ်။



0
0
0.000
14 comments
avatar

ကြည့်သာနဲ့တင် သရေကျနေပါပြီး

0
0
0.000
avatar

တစ်ခွက်ထဲလည်း ထမင်းမြိန်တယ်

0
0
0.000
avatar

စားကောင်းမဲ့ ဟင်းတစ်ခွက်ပဲ
!PGM
!LOLZ

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @myothuzar

remaining commands 10

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ဟုတ်ပါတယ် ညီမ​ရေ

0
0
0.000
avatar

Deli နဲ့ ပို့ပေးလား..? !PIZZA. 😁😁😁

0
0
0.000
avatar

ပို့​ပေးပါတယ်🤣🤣🤣

0
0
0.000
avatar

စားချင်အောင် ချက်ထားတာ။
!LOLZ
!MEME

0
0
0.000
avatar

ဘတ်ဂျက်ဟင်းလျာ😊😊

0
0
0.000
avatar

ဝိုး အရမ်းစားကြည့်ချင်စိတ်တွေပေါက်....

!PIZZA

!LUV

!LOL

!BEER

0
0
0.000