နှင်းမေတ္တာသွန်း-၃

avatar
(Edited)

img_0180.jpg

ရထားက မြစ်ကြီးနားကနေ..၁၂:၄၅ထွက်တယ် တခါမှ မတွေ့ကြုံ့ဖူးသေးတာဆိုတော့..သမီးက ဟိုကြည့်ဒီကြည့်လိုက် ဒီလိုနဲ့ အဖေဆီတစ်လှည့် အမေဆီတစ်လှည့်ပွေ့လာရင်းနဲ့ ညနေစောင်းနေဝင်လာပီပေါ့...သမီးလေးကလည်း..ရထားပေါ်တက်လာလိုက်ကတည်းက တရေးမှကိုမှမအိပ်ရှာဘူး..။

img_1011.png

ခါတိုင်းအိမ်မှာဆို အိပ်တာပေါ့ဗျာ..ကျနော်တို့လည်းချော့သိပ်ရှာပါတယ်..ဒီလိုနဲ့ နဲနဲလေးသူအနေရကျပ်တယ်ထင်လာရင် အသံလေးတွေပေးလာရင်းအမေနို့ဆီစို့ရတာပေါ့...ဒီကြားထဲ အတဲွရဲ့အလည်ကလူတစ်ယောက်က ကျနော်တို့ အစွန်ဘက်ဆုံးမှာလာပီး ဆေးလိပ်သောက်နေရဲ့ဗျာ..ကျနော်လည်း အဲ့လူကိုကျေးဇူးပြုပီးဆေးလိပ်မသောက်ဖို့ ပြောလိုက်တော့..အော်..တဲ့.. ခဏနေတော့..သူနေရာသူပြန်သွားပီး..သူ့နားက လူငယ်တစ်စုကထလာကြတယ်..ကျနော်လည်းသူတို့ကို..
အင်း..ဒီကောင်တွေလည်း ဆေးလပ်သောက်မပေးကြပါစေနဲ့လို့ ဆုတောင်းနေတာပေါ့..။

ကျနော်တို့အစွန်ဘက်လည်းရောက်ရော..ကိုယ်တောချောတွေက တစ်ခါတည်းဆေးလိပ်ျသာက်ကုန်ကျပါလေရော...။
ကျနော်လည်းစဉ်းလိုက်တယ်..ဒီကောင်တွေကို သွားတားလို့တော့မဖြစ်နိုင်လောက်တော့ဘူး..ကျနော်လည်းဆေးလိပ်ငွေ့မလာခင် သမီးကိုပွေ့ပီးဟိုး..အတွဲအလည်းခေါင်ထိ သွားရှောင်နေရတာပေါ့..နောက်ဆုံး အတွဲစောင့်ရောက်လာမှပဲ မသောက်ကြတော့တာပါ..။ရထားပေါ်မှာကတော့ ခုကျနော်ပြောတာထက် ပိုဒုက္ခရောက်ရပါတယ်ဗျာ အဲ့ကြောင့်မို့ ကောင်းပေဆိုတဲ့ အထက်တန်းအိပ်ခန်း ကိုရွှေချယ်ဖို့ အကြံပြုလိုက်ပါရစေဗျာ။

img_1014.jpg

အိမ်ကိုရောက်တော့..သမီးအမေကြီးက အ​ေပျာ်ကြီးပျော်နေတာပေါ့..မွေးကတည်းက ခုမှစတွေ့ရတော့..သူ့ခမျာ ဝမ်းသာတာပေါ့။ဒါပေ့မယ်လည်း ဝမ်းသာလို့မဆုံးခင်မှာပင် အမေကြီးရဲ့မျက်လုံးကမျက်ရည်ဥလေးတွေဟာ တဲွခိုရင်းနေကြလေရဲ့....အင်း အဖေလည်း အမေကြီးကိုအဲ့လိုတွေ့တော့ အရမ်းစိတ်မကောင်းဖြစ်ရပြန်တယ်သမီးလေးရေ..။ဘာလို့လည်းဆိုတော့..အမေကြီးက သမီးရဲ့ အဘိုးကိုသတိရလို့ပေါ့ကွယ်..အဘိုးက သမီးမမွေးခင် ၂လအလိုလောက် မှာပဲဆုံးခဲ့ရှာတာကွယ့် အဲ့တုန်းကဆိုရင်..အဖေလည်းသေလုမတက်ခံစားရတာပေါ့သမီးရယ်..။"ကျူပ်သမီးလေး မွေးလာတဲ့အထိတော့..စောင့်ပါအုံးလားအဖေရယ်ဆိုပီး..."" ပြောငိုခဲ့ရတာပေါ့..။အဖေကတွေးနေတာ ငါ့သမီးလေးနဲ့ကံအကြောင်းမတိုက်ဆိုင် တာလားမသိဘူးကွယ်..မွေခါနီးရောက် မှ အဘိုးကိုမြင်မသွားရဘူး..ဆိုပီး အဖေတစ်ယောက်ထဲတွေးတွေးပီး အဲ့တုန်းကဆို ငိုလိုက်ရတာဆိုမပြောနဲ့သမီးရေ..။
အဲ့ကြောင့်မို့..သမီးရဲ့အမေ ကြီးက တွေ့တော့ဝမ်းနည်းမိတာပေါ့...။
အေးပါလေ..သမီးရေ..ဘဝဆိုတာကတော့ သေသောသူကြာရင်မေ့ ပျောက်သောသူရှာရင်တွေ့ ဆိုသလို တခါတလေလည်းမေ့မေ့ပျောက်ပျောက်နေရတာပေါ့...။

img_1013.jpg

အဲ့တုန်းကဆို..သမီးက အရမ်းဝဝကစ်ကစ်လေးဆိုတော့..အိမ်နီးနားချင်းက လူတွေလည်း ဝိုင်းချစ်ကြတယ် ။အဖေ့သမီးလေးကို..မှတ်မှတ်ရရပါပဲ အမေ့က အဲ့တုန်းက မြစ်ကြီးနားကပါလာတဲ့ ခေါက်ဆဲွဖက်တွေနဲ့ တစ်ရပ်ကွက်လုံး မုန့်လုပ်ကွေ ျသေးတယ်...ပျော်စရာကောင်းလှတယ်..ပီးတော့..အဖေ့ရဲ့အကိုကြီးက ရောက်တဲ့နေ့ညက အိမ်ကိုဖုန်းလမ်းဆက်ရင်း အဖေတို့နဲ့ရောသမီးကိုရော messengerကနေ video call ပြောကြတာပေါ့..အဲ့ဒါနဲ့ သမီး ဦးဦးစိမ်းက မုန့်ဖိုး ၂၀၀၀၀၀ပေးလိုက်တယ် သမီးအတွက်ဆိုပီးတော့ပေါ့..။အဖေတို့လည်း ရွာရောက်တာရက်တွေလည်းအများကြီးမရတော့..ကြာကြာမနေရပါဘူးကွယ်..ရတဲ့ရက်ကလေးကို အမေ့ဘက်ကအမျိုးတွေကို လိုက်ပြရင်းအလည်သွားဖြစ်တာများမယ်ပေါ့...အမေကြီးက သမီးလေးကိုပွေ့ပီးပျော်နေတာတွေတော့အဖေလည်းဓာတ်ပုံရိုက်ထားလိုက်တယ်လေ....။

တစ်ရက် မှာတော့..အိမ်မှာ အဖေတို့မိသားစုလည်းရောက်တုန်း အိမ်နီးနားဝန်းကျင်ရော အိမ်ဝင်းထဲကလူတွေရောကို ထမင်းကျွေးအလူုလုပ်ရင်း ဘုန်းကြီး (၃)ပါးပင့်ပီး တရားနာပွဲလုပ်ဖြစ်တယ်ပေါ့...။
ဘုန်းကြီး (၃)ပါးက အဖေမှတ်မိသေးတယ် ချမ်းသာကြီးဆရာတော်ဘုရားကြီး ဘိုးပန်ဒဝံသ/ နောက် (၂)ပါးကတော့ ရွာလည်ကျောင်းဆရာတော်ကြီးတွေဖြစ်ကြတဲ့ ဦးနန်ဒေါဘာသ နဲ့ ဦးဇင်းကြီးတစ်ပါးပေါ့...။ပထမဆုံး ချမ်းသာကြီး ဆရာတော်ကြီးက သမီးကိုပွေ့ထားတဲ့ အဖေ့ကိုမြင်တော့...ကျောင်းဆရာလေးတို့မိသားစုနေကောင်းကြတယ်မို့လားလို့ မေးတာပေါ့..အဖေရင်ထဲမှာ ဒီဆရာတော်ဘဘုန်းကြီးက အဖေ့တို့ မင်္ဂလာဆွမ်းကို ဘဘုန်းကြီးကို သွားပီး ဆွမ်းချိူင့်သွားကပ်ရင်း ကန်တော့ကြတဲ့အခါတုန်းက..(၁၀၀၀၀)တန်ပိုက်ဆံတွေအထပ်ကြီးလိုက် ထုပ်ပီးအဖေတို့ မေမေနှစ်ယောက်ကို လက်ဆောင်ပေးဘူးတယ်။ အဲ့လက်ဆောင်တွေပေးတုန်းကတောင် မယူခဲ့လို့ အိမ်ကလူတွေကပြောကြတယ်...ဘဘုန်းကပေးတဲ့ပစ္စည်းဆို ဘာမဆိုယူရတယ်တဲ့ သူကဘယ်သူမှဒါမျိုးတစ်ခါမှမပေးဖူးဘူး..သူအဓိဌာန်ကြတဲ့သူမှ
ပေးတာဟဲ့ဆိုပီး..အိမ်ကလူကြီးတွေကဝိုင်းပြောကြခဲ့ဘူးတယ်...ခ။ခုလည်း....အမေဆောက်ထားတဲ့အိမ်သစ် လေးကိုလည်း အိမ်သစ်တက် ပရိတ်တရားချီးမြှင့်ပေးမယ်ဆိုပီး ဘဘုန်းကိုယ်တိုင် အိမ်လေးဖက်ကိုကြွသွားတော့မှ..ကျန်တဲ့တရားနာပရိတ်သတ်လည်း လိုက်ပြောင်းပီး နေရာချပေးကြရတယ်..။
အိမ်သစ်တက်ပွဲနဲ့ ပက်သက်ပီး တရားဟောတယ် ပရိတ်ရွတ်တယ် ဆိုတာ ဘုရားရှင်လက်ထက်အခါတုန်းက ဝေသာလီတိုင်းပြည်ကြီးမှာ ဘီလူးတွေ ၊ဖုတ် ၊သရဲ ၊တစေ ၊မင်စာ ၊စုန်း ၊အောက်လမ်းပယောဂတက်တဲ့သူတွေဟာ ဒီတရားတွေနဲ့ ဘုရားရဲ့ရွေနူတ်တော်မှ ဖွင့်ဟလာတဲ့တရားတွေနဲ့ မတွေ့ခင်မှာ အဲ့တိုင်းပြည်ကြီးဟာ ပြုစားခံခဲ့ရလို့ အဲ့တိုင်းပြည်ကလူတွေဟာ နေ့တိုင်းလူတွေသေတာများလို့ သုသာန်ထိရောက်အောင်မပို့နိုင်လို့ လမ်းဘေးမှာဘဲ အတုန်းအရုန်းအပုံအပုံလိုက်ထားရကြတဲ့အထိဖြစ်ကြတာပေါ့သမီးရယ်..။
ဒီသတင်းကို တဆင့်ပီးတစ်ဆင့် အဖေတို့ဘုရားရှင်ကြားသိရတဲ့အခါမှာပဲ အဲ့တိုင်းပြည်ကြီးကို ကြွမယ်လို့စိတ်တော်ကဆုံးဖြတ်ပီးတရားဟောမယ်လို့ အတွေးအပီးမှာပဲ မိုးစောင်နတ်နှင့် လေစောင့်နတ်အစရှိတဲ့ စတုလောကပါလနတ်အပေါင်းတို့ဟာ ဘုရားရှင်ကြွမယ့် ဝေသာလီပြည်ကြီးအပေါ်မှာ လေတွေမိုးတွေဟာ ရောပီးတိုက်ခက်ရွာသွန်းလေရဲ့.. ရက်အတော်ကြာအောင် ရွားသွန်းတိုက်ခတ်လိုက်မှပဲ သုသာန်တစပြင်ဖြစ်နေတဲ့မြို့တော်ကြီးဟာ လေတွေမိုးတွေနဲ့အတူ အလောင်းကောင်တွေဟာ လမ်းမှပေါ်မှာရှင်းလင်းကြကုန်တယ် သမီးလေး....။အဲ့လိုဘာလို့ ရုတ်တရက် မိုးလေတွေကြရသလည်းဆိုရင်
ဘုရားရှင်ကြွလာမယ့်လမ်း ဝေသာလီကြီးမှာ တင့်တယ်မူမရှိလို့ ကပ်ရောဂါဖြစ်ပီးသေနေတနေတဲ့သူတွေလည်း မိုးရေထဲမှာမျောပါအောင်..ရှင်းလင်းရေးဝင်ပေးရတယ်သဘောပေါ့..။

အဲ့အခါမှ ဘုရားရှင်ဟာ ခုအဖေတို့အိမ်သစ်လေးမှာ ဘုန်းကြီးတွေဟောတဲ့ ပရိတ်ကြီး(၁၁)သုတ်ကို အဲ့ဝေသာလီပြည်ကြီးကို နောက်ပါသံဃာ ၅၀၀၀ကျော်နဲ့ တရားဟောလိုက်တာနဲ့ အဲ့တိုင်းပြည်ကြီးဟာအရင်လို ပြန်လည်စည်ကားဝပြော တဲ့တိုင်းပြည်ကြီးပြန်ဖြစ်လာခဲ့တယ်ပေါ့..။ ခုလည်း ဘုန်ကြီးတွေဟာ အိမ်သစ်တက်တိုင်း ဒီလိုပရိတ်တရားတော်တွေချီးမြှင့်ပေးခြင်းဟာ အိမ်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပီး အခြားဘေးအနှောင့်အယှက် ပယောဂတွေရန်မှ ကာကွယ်ပီးသားဖြစ်အောင်အပြင် စီးပွားရေးတွေလည်းတိုးတက်စွာ လုပ်ကိုင်နိုင်လာအောင် ရွတ်ဖတ်ပေးရခြင်းအကြောင်းတွေပေါ့..သမီးရယ်..။

အချိန်လည်း ၁နာရီလောက်ကြာတယ်ပေါ့..ပရိတ်တွေရွတ်ဖတ်ပီး ဘဘုန်းကြီးဟာ ပြန်ခါနီး အိမ်ထဲကအကြွလမ်းဖျာပေါ်မှာ အဒေါ်တို့ဦးလေးတို့က ဘဘုန်းကြွလာတဲ့လမ်းမှာ ကလေးကိုချထားလိုက်ဟဲ့ ဘဘုန်းကြီးဖြတ်ကျော်ပေးလိုက်တဲ့ကလေးဟာ နောင်မှာ ကျန်းမာရေးတွေကောင်း ဉာဏ်ပညာလည်းတော်လာတဲ့ဟဲ့ဆိုပီးနောက်ကနေ လှမ်းပြောလိုက်တော့..အဖေလည်း အသင့်ရှိတဲ့ တဘက်လေးခင်း သမီးလေးကို အသာချထားလိုက်တယ် ။ဖြစ်ချင်တော့..သမီးဟာ အဲ့ဒီအရွယ်မှာ အောက်ချလိုက်တိုင်းအမြဲတမ်းငိုတတဲ့သမီးက ..ခုတော့ ဘဘုန်ကြီးကြွလာတာလည်မြင်ရော ငိုဖို့မပြောနဲ့ တိတ်တိတ်လေး သူ့လက်လေးပြန်စို့နေပီး ဘဘုန်းကိုစောင့်ဖူးနေချိန်မှာပဲ ဘဘုန်းဟာ သူ့အပေါ်ကနေ ကြွလှမ်းလျောက်တော်မူသွားတယ်..အဲ့နေကတော့ အဖေ့သမီးလေးရှေ့ရေးအတွက် အဖေစိတ်ချမ်းသာမူကို တပိုင်းတဝက်ဖြစ်စေခဲ့တာ

ပေါ့ကွယ်...။

အဖေတို့ လည်း..နောက်နေ့ကြတော့..မြစ်ကြီးနားကိုပြန်လာကြတော့တယ်...ကျောင်းကလည်းပိတ်ရက်ကနည်းတော့ သိပ်မကြာလိုက်ဘူးပေါ့...။

အဖေတို့ လည်း..နောက်နေ့ကြတော့..မြစ်ကြီးနားကိုပြန်လာကြတော့တယ်...ကျောင်းကလည်းပိတ်ရက်ကနည်းတော့ သိပ်မကြာလိုက်ဘူးပေါ့...။



0
0
0.000
17 comments
avatar

ခရီးသွား မှတ်စုတွေ အရှိန်ပြန်တင် ဖတ်ကောင်းတယ်ဗျို့။

0
0
0.000
avatar

ဟုတ်ပါပီဗျ😁။!PIZZA

0
0
0.000
avatar

ကိုရှိန်း စာတွေ ခုမှ ပြန်ဖတ်ရတော့တယ် လုပ်ထားဗျို့။ !PIZZA

0
0
0.000
avatar

လုပ်နေပီ ကွီးရွေရေ အပြင်ကနိုင်ငံရေးခေတ်မကောင်းပေ့မယ် အတွင်းက hive အခြေနေကောင်းတုန်းလေ😁။!PIZZA.!LOLZ

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@sheinthu, You need more $LOLZ to use this command. The minimum requirement is 8.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
sheinthu tipped nyinyiwin (x1)
sheinthu tipped ansoe (x1)
sheinthu tipped htwegyi (x1)
sheinthu tipped nyimwa (x1)
kachinhenry tipped sheinthu (x1)
@sheinthu(5/9) tipped @kachinhenry (x1)
nyinyiwin tipped sheinthu (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

ငယ်သော်ကား သမီး ကြီးသော် ထီး ဖြစ်မယ့် ချစ်စရာ သမီးလေးတွေပါ ဆာရှိန်းရေ

0
0
0.000
avatar

ပေးတဲ့ဆုနေပြည့်ပါရစေ ဦးစိုးရေ😁။!PIZZA.!LOLZ

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@sheinthu, You need more $LOLZ to use this command. The minimum requirement is 8.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ဖေဖေကြီး ဖေဖေကြီးကို ချစ်တယ်ပေါဗျာ။
!!LOLZ

0
0
0.000
avatar

ခုချိန်ခါမှာတော့..သိပ်ပီးတန်ဖိုးမများသေးပေးမယ့် အချိန်တွေကြာလာတာနဲ့တနေ့ သတိရလို့ပြန်ကြည့်စရာရှိနေခြင်းပါ့ ဦးထွေးရေ။!PIZZA.!ILOLZ

0
0
0.000
avatar

စောင့်မျှော်လျက်ပါပဲ... ဆရာကျောင်းရေ.... ဖတ်ကောင်းသဗျို့. !PIZZA. !LUV. !LOL

0
0
0.000
avatar

ကိုဟင်လည်း မီးမီလားသားသားလား မသိသေးပေ့မယ် တနေ့ရောက်ရင် ကျနော့ထက် ရေးသားစရာတွေများလာအုံးမှာပါဗျာ။!PIZZA.!LOLZ

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@sheinthu, You need more $LOLZ to use this command. The minimum requirement is 8.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000