အမေးဇင်းဒေး

avatar

မဂ်လာပါ။

nyimwa_hive_cover_photo.jpg

"ဟာ- တိတ်ဆိတ်လို့ ပါလားဟ၊ ဘယ်သွားနေကြ တာလဲ"။
"ရှိတယ် အကိုဟင်ရေ ဒီမှာ ကျွန်တော်တို့အားလုံး မားကက်Chartကြီး ရိုလာကိုစတာ စီးနေတာကို ထိုင်ကြည့်နေ ကြတာဗျ"။
"ဒီကနေ့ ထူးထူးခြားခြား အမေးဇင်း စက်တာဒေး ဖြစ်နေတယ်ဗျ" "ဟင်-ဘယ်လို?"
"လင်းစမ်းဘာအုန်း အမေးဇင်း စက်တာဒေးက"
"အော် သူများနိုင်ငံဆိုရင် ဘလက်ဖရိုင်းဒေး ဆိုတာမျိုး- သောကြာနေ့ဆို မှောင်ခိုဈေးနဲ့ ထူးထူးခြားခြား လေးတွေ အရောင်းအဝယ် ဖြစ်တတ်လို့လေ"။
"အဲဒါကြောင့် ကျွန်တော်တို့ နိုင်ငံကြတော့ ဒီနေ့ အမေးဇင်း စက်တာဒေးလို့ ပြောရတော့မှာဗျ"။

btc.jpg

"ဒီနေ့ကြမှ ကျွန်တော်တို့ နိုင်ငံမှာ မရှိမဲ့ရှိမဲ့ အင်တာနက်နှင့် မိုဘိုင်းဖုန်းလိုင်း ဈေးများ
ထူးထူးခြားခြား တက်မည်ဆိုတဲ့ သတင်းရယ်"
"နောက်တစ်ခုက Cryptoလောကကြီး တစ်ခုလုံး ဘစ်ကွိုင်ကအစ တိုလီမုတ်စကွိုင်များအဆုံး အနီတန်းရှည်ကြီးနဲ့ မားကက်Chartမှာ ရိုလာကိုစတာ စီးနေကြတယ်လေ"
"အဲ့ကလို သတင်းထူး များကြောင့် ဒီကနေ့ဟာ အမေးဇင်း စက်တာဒေး ဖြစ်နေပါတယ်လို့ ပြောတာပါဗျ"

နဂိုကမှ မွဲပြာကျနေ ပါတယ်ဆို ဘူးလေးရာ ဖရုံဆင့် အင်တာနက် တယ်လီကွန်မြူနီကေးရှင်းများ ဈေးတက်မည် ဆိုတော့ ခက်ချေပြီ။ ပို၍ပို၍ ခက်ချေပြီပေါ့ဗျာ။
တက်သည့် ဈေးကလည်း ကြည့်လိုက်ပါအုန်း အခါတိုင်း တစ်ထောင်ကျပ် ဆိုလျင် ၉၅၀ မက်ဂါဘိုက် ဒေတာ ဝယ်၍ရသည်။ ယခု တစ်ထောင်ကျပ်သည် ၄၅၀ မက်ဂါဘိုက်သာ ရတော့မည်။ ခေါက်ချိုးမက တက်လာခြင်း ဖြစ်သည်။ ဝိုးအမေးဇင်းပေါ့။

telecom.jpeg
Credit image source

အဲဒါက ပြည်တွင်းရေး၊ နောက်တစ်ခုက ကမ္ဘာလုံးဆိုင်ရာ Crypto မန်းနီးများ ဒလဟော ဈေးထိုးကျ နေခြင်းဖြစ်သည်။ သူ့အရှိန် ဘယ်လောက်ကြီးမည်နည်း ဆိုရပါမူ ကျွန်တော်များ ဟိုက်ပွဲခင်းကြီး ပင်လျင် ယနေ့အဖို့ ငြိမ်ချက်သား ကောင်းနေတော့သည်။ အွန်လိုင်းလောကရှိ Cryptoလောကကြီး သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။

ဒီဇင်ဘာနီး၍ ငွေနှင့်ပါတ်သက်သော အရာများ လှုပ်လှုပ်ရှားရှား ဖြစ်သည်ဆိုအုန်းတော့ အခုဟာက မားကက်ကြီးများ အားလုံးလိုလို နီရဲနေကြသည်။ မိမိနားလည်ရန် အလှမ်းဝေးသော နည်းပညာများ ဖြစ်နေသောကြောင့် ဘာကြောင့်ရယ်လို့ ရမ်းသန်းမပြောချင်ပါ။ တစ်ခုခုတော့ ဖြစ်နေ၍ဟုသာ စိတ်ဝယ်သိထား လိုက်တော့သည်။

amazing_day.jpg

စိတ်မကောင်းစရာများ တွေးမနေပဲ စိတ်အားတက်စရာများ သတင်းကောင်းပါး ပါအုန်းမည်။ ကျွန်တော်များ စစ်ကိုင်းအင်ပါယာမှာ ယနေ့နောက်ဆုံးရ သတင်းအချက်အလက် များအရ မြောင်နယ်၊ ယောနယ်၊ ကျောနယ်၊ ပုလဲ-ဂန့်ဂေါနယ်များ ပီဒက်ဖ်တွေ စိုးမိုးထားပါပီဗျာ။ သတင်းကောင်းပါ။ ဒါကလဲ ဒီကနေ့ အမေးဇင်းဒေး ဖြစ်နေရခြင်းအကြောင်းတစ်ခုပေါ့ဗျာ။

တို့တွေ ဒီပွဲပီးမှ အင်တာနက်အဝသုံးကြမယ်လို့ စိတ်ထဲတေးမှတ်ထားလိုက်မယ်နော့။

နေနှင့်အုန်းပေါ့ ကြင်စိုးရယ် မင့်ဘဝက ဘယ်တာကနေပဲ ထွက်ထွက် မင်းအတွက် အမေးဇင်းလက်သီးတစ်ချက်တော့ကြွေးဖြစ်အောင် ကြွေးချင်သေးတယ်။ ကတောက်' ။ ထိုနေ့ကြရင်ဖြင့် အမေးဇင်းဒေးလို့ ကမ္ဘာကအမည်တပ်ကြအုန်းမည်။

@nyimwa



0
0
0.000
21 comments
avatar

မိုက်တယ် အမေးဇင်းဒေး !LOLZ
!PIZZA
!LUV

0
0
0.000
avatar

Why do they call it euthanasia?
It’s not like you’re getting any younger

@nyimwa, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

0
0
0.000
avatar

Thanks you too. !LOLZ

0
0
0.000
avatar

There are II kinds of people
Those who understand Roman numerals and those who don't

@nyinyiwin, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nyimwa (x1)
nyinyiwin tipped nyimwa (x1)
@uthantzin(8/9) tipped @nyimwa (x1)
kachinhenry tipped nyimwa (x1)

Join us in Discord!

0
0
0.000
avatar

Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 1000 upvotes.
Your next target is to reach 1250 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Saint-Nicholas challenge for well-behaved girls and boys
Feedback from the December 1st Hive Power Up Day
Hive Power Up Month Challenge - Winners List
0
0
0.000
avatar

ဘုတ်အားနည်းနေလို့ ecency point နဲ့ ဘုတ်ပေးခဲ့ပါတယ်။

0
0
0.000
avatar

ကျေးဇူးအထူးပါခင်ဗျ။ !LOLZ

0
0
0.000
avatar

ဟုတ်ပါ့ ကိုယ်တွေ ဟိုက် နှစ်ဒေါ်လာအောက် ရောက်လေပြီပ
!PIZZA

0
0
0.000
avatar

ပြန်တက်လာမှာပါ မပူပါနဲ့ အတက်ရှိရင် အဆင်းလဲရှိအုန်းမှာပေါ့ဗျာ။ :D

0
0
0.000
avatar

ဒီထက် အမေးဇင် တေလာလိမ့်မယ်... သတိထားဗျို့...!PIZZA

0
0
0.000
avatar

ဒီထက် ထပ်လာအုန်းမယ်ဆိုလဲ လာစမ်းပါစေ မမှုတော့ပါဘူးလေ။ !LOLZ

0
0
0.000
avatar

အားတက်စရာ အမေးဇင်းတွေ များများလာပါစေ....!PIZZA

0
0
0.000
avatar

နောက်ထပ် ဝိုးအမေးဇင်းတွေ ဆက်လာပါလိမ့်မည်။

0
0
0.000
avatar

ရိုလာကိုစတာအမေးဇင်းဒေးတွေ အမြန်ကုန်ပါစေ။ ပီဒက်အမေးဇင်းဒေးတော့ နေ့တိုင်းကြားချင်ပါရဲ့

0
0
0.000
avatar

Hive က ပြန်တက်လာမှာပါ သူတို့သဘာဝ ကျလဲခဏပါပဲ

0
0
0.000
avatar

ဘာပဲဖြစ်ဖြစ် မကောင်းဘက်ကတွေးကြည့်တော့လည်း
Hive power ပိုစုနိုင်တာပေါ့ဗျာ။ !PIZZA

0
0
0.000