ငှက်ကြည့်သွားမယ်

ဒီနေ့တော့ ငှက်ကြည့်သွားမယ်။
ဒီနေ့ ငှက်ကြည့်သွားမယ် ဆိုလို့ ဒီနေ့ ထပ်မံ သွားရောက်ခဲ့တာတော့ မဟုတ်ပါဘူး။
မန္တလေး တိရိစ္ဆာန်ဥယျာဉ် ထဲမှာ လှပသော ငှက်တွေ ရှိကြပါတယ်။
အလှဆုံးကတော့ ဒေါင်း ပေါ့။

အရောင်အသွေးစုံစွာ လှနေတဲ့ ဒေါင်း ရှိတယ်။
အဖြူရောင်တစ်မျိုးတည်း ဒေါင်း လည်း ရှိပါတယ်။

ဒေါင်းငှက် ပြီးတော့ လှတာက အောက်ချင်းငှက် ကြီးတွေပါ။
အောက်ချင်းငှက် မှာ နုတ်သီးအကြီးကြီးတွေ က ချစ်စရာကောင်းသလို သူတို့ရဲ့ အောက်ချင်းဖိုမ သစ္စာတရား ကြီးမားပုံကလည်း တန်ဖိုးထားစရာပါ။

ပြီးတော့ ဇာမနီ ငှက်။
ဇာမနီ က မီးလျှံကြားက ထပျံတဲ့ ဖိးနစ်ငှက် မဟုတ်လား။
ရဲစွမ်းသတ္တိ နှင့် အသက်ပြင်းတာမှာ ဇာမနီငှက်ကို အတုယူစရာလား။

ပြီးတော့ ငှက်ကုလားအုတ် ။
ငှက်ကုလားအုတ် က ခြေတံရှည်ရှည် အကောင်ထွားထွားမို့မို့ နဲ့ဆိုတော့ သစ်ကုလားအုတ် နှင့် တူလို့ ငှက်ကုလားအုတ် ခေါ်တာ ဖြစ်ပါမယ်။

အပေါ်မှာ ဖော်ပြပေးလိုက်တဲ့ ငှက်တွေ က ကျွန်တော်တို့ နေထိုင်တဲ့ ဒေသမှာတော အပြင်သဘာဝပတ်ဝန်းကျင်မှာ မမြင်တွေ့ရတဲ့ ငှက်ကြီးတွေပါ။
ဒီငှက်တွေကို တိရိစ္ဆာန်ဥယျာဉ်မှာသာ မြင်ကြရတာပါ။



0
0
0.000
21 comments
avatar

!LUV
!LOL
!MEME

0
0
0.000
avatar

!MEME
!LOLZ
!LUV

0
0
0.000
avatar

!LUV !LOLZ

0
0
0.000