လည်လည်သွားကြမယ်

ဘယ်ဆီဘယ်ဝယ် မသွားမလာပါဘဲ အိမ်မှာပဲ နေထ်ုင်နေရတာ ကြာလာတော့ ညည်းငွေ့လာပါတယ်။
ဒါနဲ့ပဲ တနေ့ကတော့ ရွာက မီနီအိုးဝေ ငှားကာ မိသားစုလိုက် မန္တလေးမြို့ သို့ သွားခဲ့ကြပါတယ်။

သား နှင့် သမီး ကို အလည်အပတ် လိုက်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။
ကျွန်တော်တို့မိသားစုဟာ မန္တလေးမြို့ မန်းတောင်ခြေရှိ တိရိစ္ဆာန်ဥယျာဉ် သို့ ရောက်ခဲ့ကြပါတယ်။
ဖအေ နှင့် မအေ က သမီးကို တလှည့်စီ ပွေ့ချီပြီး တိရိစ္ဆာန်ဥယျာဉ် ထဲ လည်ပတ်ကြည့်ရှုခဲ့ကြပါတယ်။
အဓိကတော့ သားကြီးကို တိရိစ္ဆာန်မျိုးစုံ မြင်ဖူးအောင် ပြချင်လို့ပါပဲ။

တိရိစ္ဆာန်ဥယျာဉ် ဝင်ကြေးက လူကြီး လေးယောက် ၁၀၀၀၀ ကျပ် နှင့် ကလေးတယောက် ၁၅၀၀ ကျပ် ပေးခဲ့ရပါတယ်။
အဝင်ဝမှာ အသည်းပုံနှစ်ထပ် တွေ့မြင်ရတာနဲ့ မေမေ ၊ သား နှင့် သမီး ကို အမှတ်တရ ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။
ထိုနောက်မှာတော့ ဥယျာဉ်ထဲက တိရိစ္ဆာန်တွေကို သားကြီးအား လိုက်လံ ပြသခဲ့ပါတယ်။



0
0
0.000
10 comments
avatar

!LUV
!LOLZ

0
0
0.000