အမိမဲ့သားရေနည်းငါး ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ လွန်ခဲ့သော စက်တင်ဘာလလယ်ခန့်တွင် ကျွန်တော့အနေဖြင့် မကြည့်ဖြစ်သည်မှာ ကြာပြီဖြစ်သော အင်္ဂလန် ပရီမီးယားလိဒ် ဘောလုံပွဲအား ကြည့်ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် ယခင်ကတော့ ဘောလုံးပွဲများ အင်မတန် ဝါသနာပါသလောက် ယခုနောက်ပိုင်းတွင် သိပ်ပြီး မက်မက်စက်စက်မရှိတော့ပါ။ ကျွန်တော့ အမက လီဘာပူး ပရိတ်သတ်ဖြစ်က ကျွန်တော့ ဖခင်ကတော့ ချယ်လ်ဆီး ပရိတ်သတ်ဖြစ်ပါသည်။

ထိုဘောလုံးပွဲစဉ်အား မမှတ်မိတော့ပါ။ ကျွန်တော့ မိခင်လည်း ဆေးရုံမှ ဆင်းလာကာစဖြစ်သဖြင့် မိသားစု စကားပြောရင်း ဘောလုံးပွဲထိုင်ကြည့်နေကြခြင်း ဖြစ်ပါသည်။

ကျွန်တော့ မိခင်က ဘောလုံးအားကစားအား နားလည် သူတယောက် မဟုတ်သော်လည်း အင်္ကျီအရောင်ကြည့်ကာ အဝါအသင်း နှင့် အပြာ အသင်း / အနီအသင်းနှင့် အဖြူအမဲကွက်ကျား အသင်း စသည်ဖြင့်သာ ကြည့်လေ့ရှိပါသည်။

ထိုနေ့ညက ဘော်လုံပွဲမှာ အတော်အတန်ကြည့်ကောင်း သည်ဖြစ်ရာ တဖက်နှင့် တဖက် အကြိတ်အနယ်ရှိနေခဲ့ကြပါသည်။ ဘောလုံးပရိတ်သတ်များကလည်း ကွင်းပြည့် အော်ဟစ်အားပေးနေသည်ကိုတွေ့ရပါသည်။ ရုတ်တရက် ကျွန်တော့ မိခင်ထံမှ မေးခွန်း တခုထွက်လာပါသည်။

ထိုမေးခွန်းနှင့် ပတ်သက်၍ အဖြေရှာရန်အတွက် ကျွန်တော် ဘော်လုံးပွဲအား မကြည့် ဖြစ်တော့ပါ။ ကျွန်တော့ မိခင်မေးသော မေးခွန်းမှာ " ဘောလုံးပရိတ်သတ် အဲသ​လောက်များတာ တယောက်မှ Mask မတပ်ကြဘူး။ သူတို့က Covid မကူးဘူးလား " ဟူသော အမေးဖြစ်ပါသည်။

ဟုတ်ပါသည်။ ဘောလုံးပွဲကြည့်သူများ သိပါလိမ့်မည်။ ပရိတ်သတ်မည်မျှ များသော်လည်း Mask တပ်စရာမလို ၊ ၆ ပေခွာထိုင်စရာမလို ။ ကျွန်တော်ကလည်း ကျွန်တော့မိခင်အား ပြန်ရှင်းပြခဲ့ပါသည်။ " အမေ, အဲဒီဘောလုံးပွဲ ကြည့်နေတဲ့သူတွေက လူတွေအုပ်ချုပ်တဲ့ တိုင်းပြည်မှာ နေရတဲ့လူတွေဆိုတော့ Mask တပ်စရာမလိုတော့တာ " ဟူ၍ ။

ကျွန်တော့မိခင်ကလည်း သဘောပေါက်သွားပုံရပါသည်။ စကားမဆက်တော့ပဲ ဘောလုံးပွဲ ဆက်ကြည့်နေပါတော့သည်။ တွေးကြည့်လျင် အလွန်ပင် ရင်နာစရာကောင်းပါသည်။ မုဆိုးမ အစွမ်းဖြင့် အရှေ့တောင်အာရှတွင် ပထမဆုံး Covid ကာကွယ်ဆေး ထိုးရမည့် နိုင်ငံသည် ယခုတော့။

တလောက စင်္ကပူတွင် အလုပ်လုပ်နေသော ကျွန်တော့ညီမလေးက ဖုန်းဆက်လာပါသည်။ Covid ကာကွယ်ဆေးများ ထိုးထားကြရန် အကြောင်း ကြားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မိသားစုလည်း Covid ကာကွယ်ဆေး ထိုးရန် ပြင်ဆင်ရပါတော့သည်။

ညီမလေးက သေသေချာချာမှာပါသည်။ ရပ်ကွက် မှ ထိုးပေးသော ဆေးများလုံးဝမထိုးရန် ။ ကာကွယ်ဆေးအား သံသယမရှိပါ။ ဆေးထားသိုပုံ အား သံသယရှိသောကြောင့် ဆေးရုံများတွင်သာ ကာကွယ်ဆေး ထိုးရန် ညီမလေးက လမ်းညွှန်ပါသည်။

လူတယောက် ဆေး ၂ လုံး တစ်သိန်းကျော် ကုန်ကျပါသည်။ ဆေးရုံအမည်တော့ မဖေါ်ပြတော့ပါ။ ညီမလေး ပြောပြသည်မှာ စင်္ကပူတွင် ကြိုက်ရာ ဆေးရုံ ဆေးခန်း တွင် Covid ကာကွယ်ဆေး အခမဲ့ ထိုးနိုင်သည်ဟု ဆိုပါသည်။

Covid ကာကွယ်ဆေးဖြစ်သော Pfizer နှင့် modena ကအခမဲ့ဖြစ်သလို မိမိကထိုဆေးများကို မကြိုက် တရုတ်မှ လာသော ကာကွယ်ဆေး / ဩစတေးလျ မှ လာသော ကာကွယ်ဆေးမှ ထိုးချင်ပါသည်ဆိုလည်း ရပါသည်။ တရုတ်နှင့် ဩဆီ ကာကွယ်ဆေးများကတော့ အလကားမရပါ။ တန်ရာတန်ကြေးပေးရသည်ဟုဆိုပါသည်။

ကာကွယ်ဆေးထိုးရာတွင်လည်း အပန်းမကြီးပါ။ တွေ့သည့်ဆေးခန်း တွင် ကြုံ၍ ကာကွယ်ဆေး ဝင်ထိုးသွားရင်း Certificate ထုတ်ယူသွားရုံသာ။ အခြားနိုင်ငံတို့က Mask များချွတ်ကာ စီပွားရေး ပြန်စနေချိန် / ခရီးသွားလုပ်ငန်းများ ပြန်စနေချိန် / Covid ကြောင့် ဆုံးရှုံးသွားခဲ့ရသော စီးပွားရေး အတွက် အားတိုက်အင်တိုက် ကုစားနေချိန်တွင် သာကီဝင်မျိုးဖြစ်သော ကျွန်တော်တို့ နိုင်ငံသားများက Mask မချွတ်နိုင်သေးပါ။

စီးပွားရေးကတော့ ပြောစရာမရှိ။ အတက်သို့သာ။ ကောင်းသော တက်ခြင်းမဟုတ် ရှိသမျှ အခြေခံစားသုံးကုန်အားလုံး ဈေးတက်လာခြင်းသာ ဖြစ်ပါသည်။ အမေ့ ရင်ခွင်အောက်တွင် အေးချမ်း သာယာခဲ့သလောက် အမေမရှိချိန်တွင် အားငယ်လိုက်ပါဘိ။

မြန်မာစကားပုံ ဖြစ်သော "အမိမဲ့သားရေနည်းငါး " ဆိုသည်မှာ မှန်လွန်းလှပါသည်။ ယခုတော့ .......... ရေနည်းရသည့်အထဲ ရေခပ်ထုတ် နေသူများသာ တွေ့နေရပါသည်။

Henry Aung ( Kachin )

11/10/2021- Monday - 17;55 Pm



0
0
0.000
13 comments
avatar

မည်သို့ ပြောရမည်ကိုပင် မသိတော့ပါ 😭

0
0
0.000
avatar

ကျွန်တော်လည်း ရေးတတ်သလိုပဲ ရေးရတာပါ။ အမှန်တော့ အကျယ်ချဲ့ရင် .... ရေစရာ များလှပေါ့။ !PIZZA

0
0
0.000
avatar

အမိမဲ့သား ရေနည်းငါး ဟုတ်သဗျာ။
!PIZZA

0
0
0.000
avatar

မကြာခင် ရေများ လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped naythan (x1)
@kachinhenry(5/20) tipped @ansoe (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
htwegyi tipped kachinhenry (x1)
naythan tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped uthantzin (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ဘောပွဲတောင် မကြည့်ဖြစ်တာ ကြာပြီအကို

!PIZZA

0
0
0.000
avatar

အစ်ကိုလည်း မကြည့်ဖြစ်ပါဘူး။ ဘောလုံးသမားတွေလည်း မသိတော့ဘူး နာမည် အသစ်တွေဆိုတော့။ !PIZZA

0
0
0.000
avatar

ပြောစရာစကားမရှိလောက်အောင် ရင်နာရသော်လည်း ကျနော်တို့ ကိုယ်တိုင် ပြန်ယူမှ ရတော့မှာမို့ တစ်ယောက်တစ်လက် ဝိုင်းသာ အားပြုကြပါလို့။ !PIZZA

0
0
0.000
avatar

အဲသလိုပဲ ဖြစ်ရမှာပေါ့.... !PIZZA

0
0
0.000
avatar

It's always a great game. In which two teams play.

0
0
0.000
avatar

Mask တွေ ချွတ်ပြီး အေးချမ်းစွာ အောင်ပွဲခံမည့်နေ့ အမြန်ရောက်ချင်နေသော်လည်း အတော်ကြိုးစားမှသာ.....!PIZZA

0
0
0.000
avatar

အဲဒီနေ့ရက်တွေ အမြန်ရောက်ချင်လှပါပြီ။ !PIZZA

0
0
0.000