ရင်နာစရာ အဖြစ်ဆိုးလေးနောက်မှာ။

avatar

img_0.7621092795142147.jpg

Hive သည် ဈေးကျချက်က ပြားနှစ်ဆယ်
သို့ နီးကပ်လာ ချေသည်။ ကိုယ်တွေ မျှော်လင့်
ထားသည်က တဒေါ်လာ။ ယခုရောက်နေသော
ဈေးက ပြားနှစ်ဆယ် ဆိုတော့ မောင့်မျက်ရည်
ဝိုင်းရမလို။

နာကျင်လေသော နှလုံးသားမှာ
ခံစားချက်တို့ရှိပြီကွယ်။
ရွှေအိမ်စံ ငွေမင်းသမီးရယ်
ရင်နာစရာ အဖြစ်ဆိုလေး နောက်မှာကွယ်။
ရယူပြီး ပြန်ပေးလိုက်ရတာရယ်
မရထိုက်လို့ ကိုယ်ယူဆ ပါ့မယ်။

အဟမ်း ဆိုတော့ အဆိုတော် စိုးလွင်လွင်
သီချင်းသာ ဆိုချင်တော့သည်။ စိုးလွင်လွင်
ဆိုသည်က ကိုယ်တွေခေတ်က အတော်ကြိုက်ခဲ့
ရသော အဆိုတော်ဖြစ်ချေသည်။ ယခုခေတ်
လူငယ်တို့ သိမည်မထင်ပေ။

ဘယ်လို ရေးရမှန်း မသိတော့ပေ။
ခေတ်က ပျက် ဈေးက ကျ။ ဘာဆက်လုပ်ရပါ့။
ဟိုယခင် အချိန်က ခရီးသွားခဲ့သောဒေသများသို့
ပြန်လည်း တမ်းတမိသည်။ လွမ်းမိသည်။

တကယ်ပြောတာ Hive ဈေးတက်ပါရင်။
Hive ဈေး $10 သာဖြစ်ပါစေ။ ကိုဟင်
ပို့သော နိုင်ငံခြားကို နောက်မှသွားမည်။
ကိုယ်တွေနိုင်ငံ၏ သွားချင်သော နေရာများကို
ဦးစွာ ပထမ သွားပါမည်။ ယခုတော့
ဟိုစဉ်က သွားခဲ့သည့် အင်းတော်ကြီးခရီးစဉ်
ပုံလေးများကို အမှတ်တရ တင်လိုက်အုံးမည်။

@htwegyi
12-6-2023



0
0
0.000
15 comments
avatar

သွားပါ သွားပါ ကိုဟင်ပျောက်နေတယ်။ !LOLZ !MEME

0
0
0.000
avatar

ဟုတ်သဗျို့ ကိုဟင် ပျောက်နေသပ။

0
0
0.000
avatar

အားယူနေတာပါ !lol
!meme

0
0
0.000
avatar

အဲ့သလို ဖြစ်စေချင်။

0
0
0.000
avatar

Hive စျေးက 2$ မဟုတ်ဘူးလား...😂😂😂😂😂
!LOLZ !LUV

0
0
0.000
avatar

ဟယ် အဲ့သလို ဖြစ်စေချင်နေတာပ 🤣။

0
0
0.000