နှစ်ဟောင်းကုန် နှစ်သစ် အကူး

Hive Myanmar အဖွဲ့သားများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေခင်ဗျာ။

ဒီနေ့ကတော့ ဒီဇင်ဘာ၃၁ရက်နေ့မို့ ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်ပဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်အကုန် နောင်လာမယ့် နှစ်သစ်ကို ကြိုဆို ကူးပြောင်းတဲ့ နေ့လေးတစ်နေ့လည်းဖြစ်ပါတယ်။

နှစ်အဟောင်းမှာ မကောင်းတဲ့ အလေ့အကျင့် အပြုအမူ နဲ့ စိတ်ရဲ့အညစ်အကြေးတွေအားလုံးကို စွန့်ပစ်ခဲ့ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အရာရာ ကို အသစ် ပြန်လည် စတင်ဖို့ အချိန်ရောက်လာပြီးဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးကတော့ အမှားတွေ သင်ခန်းစာတွေ အတွေ့အကြုံ တွေ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း တွေ အမျိုးမျိုး အဖုံဖုံ ကြုံခဲ့ရတာပဲမို့ စိတ်ပင်ပန်းစရာတွေကို နှစ်သစ်ဆီ ခေါ်မသွားမိစေဖို့ လိုပါတယ်။

ကျွန်တော့်အတွက်တော့ ၂၀၂၂ ခုနှစ်မှာ သင်ခန်းစာတွေအများကြီးရခဲ့သလို သင်ယူစရာတွေ အများကြီးကိုလည်း သင်ယူခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြုံခဲ့ရတဲ့ အကောင်းအဆိုး အကြောင်းအကျိုးတိုင်းမှာ ယူတတ်ခဲ့ရင် ပညာကြီးလို့ပဲသတ်မှတ်ပြီး အားလုံးကို သင်ယူခဲ့ပါတယ်။ အဆိုးနဲ့ အပြစ်တွေကိုတော့ နှစ်ဟောင်းမှာ သက္ကရာဇ်တစ်ခုနဲ့အတူထားခဲ့လိုက်ပါပြီ။

နှစ်သစ်မှာတော့ ပိုမိုကောင်းမွန်အောင် နေထိုင် ပြီး ကိုယ့်အတွက်ကော ပတ်၀န်းကျင်အတွက်ပါ အရင်ကထက် ပိုမို ကောင်းမွန်စေမယ့် လူသားတစ်ယောက် ဖြစ်ဖို့ အများကြီး ကြိုးစားရဦးမှာဖြစ်ပါတယ်။



0
0
0.000
18 comments
avatar

Congratulations @callmemaungthan! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You got more than 7000 replies.
Your next target is to reach 7250 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Update For Regular Content Creators - New Yearly Author Badge
PUD - PUH - PUM - It's all about Power Up!
The Hive Gamification Proposal Renewal
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

ရှင်ကျန်နေပါစေ
!LUV
!LOL

0
0
0.000
avatar

!LUV
!MEME

0
0
0.000
avatar

!hiqvote !LOLZ

0
0
0.000