ထားခဲ့ချင်သော်လည်း

avatar

အားလုံးသော မိတ်ဆွေ‌အပေါင်း မင်္ဂလာပါ...

ဒီနေ့တော့ စိတ်ကူးပေါက်လို့ ဖတ်ဖူးတဲ့စာတွေထဲက အဖြစ်အပျက်လေးတစ်ခုကို ရေးတင်ချင်မိပါတယ်... အဖြစ်အပျက်တွေထဲမှာလည်း အတုယူစရာတွေလည်းပါသလို ကျင့်သုံးလိုက်နာသင့်တာတွေ တနည်းအားဖြင့်ပြောရရင် ဆောင်ရန် ရှောင်ရန်တွေ သင်ခန်းစာတွေလည်း ပါတတ်တယ်မဟုတ်လား... အဖြစ်အပျက်တစ်ခုထဲက ဇာတ်လိုက်ကို အားကျလို့ အတုယူ လိုက်လုပ်တဲ့သူတွေတောင် ရှိမဟုတ်လား... ကဲ စလိုက်ရ‌အောင်ပါ... ဒါကပုံပြင်မဟုတ်ပဲ အဖြစ်အပျက်လေးတစ်ခုပဲဖြစ်ပါတယ်...


bear.png


အခုရေးတာက အဖြစ်အပျက်တစ်ခုရဲ့ အကြောင်းအရာသာဖြစ်ပါလိမ့်မယ်... တစ်ခါတုံးက မြစ်ရေတွေကြီးလို့ ရေတွေလျှံတက်နေတဲ့အချိန်ပေါ့... မြစ်ရေကြီးပြီဆိုရင် မြစ်ကမ်းနဖူးမှာ ရှိတဲ့ နော်နီ နော်နဲ့ သစ်ပင်တွေကို အ‌ခြေကနေလှိုက်စားလို့ မြစ်ထဲကိုဆွဲချပြီး မြစ်ရေမှာ မျောပါလာတတ်ကြတယ်... မြစ်ရေကြီးချိန်ဆိုရင် ထင်းအခက်အခဲရှိတဲ့ သူတွေက မြစ်ရေချိုးကြရင်းနဲ့ ထင်းဆယ်တတ်ကြသေးတယ်လေ... ထင်းတွေလည်း အတော်အတန်ရတတ်ကြပါတယ်... ငယ်စဉ် ဧရာဝတီမြစ်ရေကြီးချိန်ဆိုရင် ရေးချိုးရင်း ထင်းဆယ်တတ်ကြသေးတယ်... ဘာရယ်မဟုတ် ကလေးသဘာဝ ရေးကူးရင်းထင်းဆယ်ပြီး သူများတွေအတွက် ကမ်းပေါ်တင်ထားခဲ့ကြတယ်...

အဲဒီလို မြစ်ရေကြီးနေချိန်မှာ ရေချိုးပြီးပြန်ကြတော့မယ့် ညီအစ်ကို နှစ်ယောက်က မြစ်ထဲမှာ ထင်းတုံးကြီးတစ်တုံးမျောလာတာကို တွေ့တဲ့အတွက် ညီဖြစ်သူက အိမ်အတွက် ထင်းတုံးကြီးဆင်းဆယ်ဖို့ အစ်ကိုဖြစ်သူကို ပြောပြီး ရေထဲကို ဒိုင်ဗင်ထိုးလို့ ထင်းတုံးကြီးရှိရာကို ကူးခပ်သွားလေရဲ့... ဒါပေမယ့်လည်း ညီလုပ်သူက ထင်းတုံးဆင်းဆယ်နေတာ အချိန်တော်တော် ကြာသွားပေမယ့် ထင်းတုံးဆယ်ပြီး ကမ်းကိုရောက်မလာနိုင်ဘူးဖြစ်နေတယ်... အစ်ကိုဖြစ်သူက ကြာတော့မနေနိုင်လို့ "ညီလေးရေ ထင်းတုံးကို မြန်မြန်ဆယ်ပြီး အိမ်ပြန်ကြရအောင် အမေမျှော်နေလိမ့်မယ်"လို့ လှမ်းအော်ပြောလိုက်တယ်...

အဲဒီအခါမှာ ညီဖြစ်သူက "အစ်ကိုရေ ကျွန်တော်က ထင်းတုံးမှတ်လို့ ဆင်းဆယ်တာ အခု ထင်းတုံးမဟုတ်ပဲ ဝက်ဝံကြီးတစ်ကောင်ဖြစ်နေတယ်လို့" ပြန်အော်ပြောတော့ အစ်ကိုဖြစ်သူက "အဲသလိုဆိုရင်လည်း ဝက်ဝံကို ထားခဲ့ပြီးကမ်းပေါ်ကို မြန်မြန်ပြန်တက်ခဲ့တော့လေ" လို့လှမ်းပြောတော့ "ကျွန်တော်လည်း ဝက်ဝံကိုထားခဲ့ချင်တာ ကြာလှပါပြီ ဒါပေမယ့် ဝက်ဝံက ကျွန်တော့်ကို ဖက်ထားပြီ"လို့ သနားစဖွယ် လှမ်းအော်လိုက်ပါသတဲ့... ဒီအဖြစ်အပျက်မှာ ဘာဆက်ဖြစ်လဲဆိုတာ စာထဲဆက်ရေးမထားခဲ့ပါဘူး...

လူ့လောကြီးထဲမှာ ကိုယ်ကထားခဲ့ချင်ပေမယ့် ကိုယ့်ကို ဖက်တွယ်ထားတဲ့အရာတွေကြောင့် ထားခဲ့လို့မရတဲ့အဖြစ်တွေ လူတိုင်းမှာ ရှိနေတတ်ကြပါတယ်... ဒုစရိုက်လုပ်ငန်းကို လုပ်ကိုင်မိတဲ့အတွက် ဒုစရိုက်ကို ထားခဲ့လို့မဖြစ်တော့ပဲ ဒုစရိုက်ရဲ့ဆွဲဖက်ခြင်းကို ခံနေကြရလို့ ရုန်းထွက်မရနိုင်သူတွေ အများကြီးရှိနေတတ်ပါတယ်... မကောင်းတဲ့အလုပ်ကို လုပ်မိရင် မကောင်းတဲ့အလုပ်ရဲ့ ပုံရိပ်က ကိုယ့်ကို ဆွဲဖက်ထားလို့ ရုန်းမရဖြစ်လိမ့်မယ်... မည်သို့ပင်ဆုတောင်းနေပေမယ့်လည်း မကောင်းမှုပုံရိပ်ရဲ့ အရိပ်ကနေ လွတ်အောင် ရုန်းထွက်ဖို့ လွယ်ကူမှာ မဟုတ်ပါကြောင်း ရေးရင်းနဲ့ပဲ ရပ်နားလိုက်ရပါတယ်...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_logo_leo.png



0
0
0.000
10 comments
avatar

မြန်မာပြည်က စခတွေနဲ့ တူပါ့။
!LOL

0
0
0.000
avatar

What's the difference between a well-dressed man and a tired dog?
The man wears an entire suit, the dog just pants.

@ansoe, I sent you an $LOLZ on behalf of @golden.future
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

0
0
0.000
avatar

မကောင်းမှုဟိုဖက်တွယ်မိတဲ့သူတွေက
စွန့်လွှတ်ဖို့ခက်ခဲတယ်။
!PIZZA

0
0
0.000
avatar

ဟုပ ဦးထွေးရာ စွန့်လွှတ်နိုင်ခဲ့ရင်တောင် အရိပ်က နောက်ကကပ်ပါလာတတ်တာမျိုးမဟုတ်လား

0
0
0.000
avatar

အခု Hive Platform က ကျွန်တော့ကို ဖက်ထားပြီ... ဘယ်လိုလုပ်ကြမလဲ. !LOL. !PIZZA

0
0
0.000
avatar

ဆက်လျောက်ရုံပေါ့ 😀

0
0
0.000