ပေါ့ပေါ့ဆဆမနေရ

avatar

စာရေးပါမယ်ဆိုကာမှ ကွန်ပျူတာကပျက်နေခဲ့တယ်... ရေးလက်စတန်းလန်း စာကို ဘယ့်နှယ့်လုပ်ပြီး ဆက်ရေးနိုင်ပါ့‌မလဲလေ... တစ်နေ့ကို ပို့စ်လေးတစ်ခုမှ မတင်ဖြစ်ခဲ့ရင် မဟုတ်သေးဘူးလေ... ဒီတော့ကာ ပို့စ်ဖြစ်အောင်တော့ စာလေးတွေစီ ကပြာကသီကောက်ကာရေးလို့ တင်လိုက်ပါသော်လည်း ဖတ်မရ ကြည့်မကောင်း ဖြစ်ခဲ့သော် သည်းခံစေကြောင်း တောင်းပန်လိုက်ပါတယ်...


ppss.png


ကိုဗစ်ရဲ့ စတုတ္ထလှိုင်း Omicron ဆိုလား စနေပြီကြားတယ်ဗျို့... ချစ်မိတ်ဆွေအပေါင်းတို့လည်း ကျန်းမာရေးသတိ ထိုက်သလောက်တော့ရှိနေကြလိမ့်မယ်တော့ထင်ပါတယ်... အခုဆိုရင် Mask တပ်သူတွေတောင် အတော်နည်းသွားတာ တွေ့ရသဗျ... မပေါ့ဆသင့်တာကို မပေါ့ဆပါမှ မထိခိုက်ကြမှာဖြစ်ပါတယ်... မပေါ့ဆသင့်တာကို ပေါ့ပေါ့ဆဆလုပ်ခဲ့လို့ ကိုယ်ကျိုးနည်းခဲ့ကြတာတွေ ပတ်ဝန်းကျင်မှာ ကြားမြင်တွေ့နေကြရစမြဲမဟုတ်လား...

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကပဲ စိတ်ပုံမှန်မဟုတ်တဲ့ အစ်ကိုက အိမ်အပေါ်ထပ်ကိုတက် တံခါးတွေကို အလုံပိတ်ပြီးသကာလ အိမ်အပေါ်ထပ်ကို မီးတင်ရှို့တဲ့အဖြစ်အပျက်တစ်ခုက ကျုပ်တို့မြို့မှာ ဖြစ်သွားလေရဲ့... စိတ်မကောင်းစရာအဖြစ်အပျက်ပေမယ့်လည်း မိသားစုဝင်တွေရဲ့ ပေါ့ပေါ့ဆဆနေခဲ့ကြလို့ မဖြစ်သင့်တာဖြစ်သွားခဲ့ရတယ်လို့ ထင်ပါတယ်... ခေါင်းမှာလည်းသွေးတွေရဲ ဆံပင်တွေကလည်း မီးဟပ်လို့ တော်သေးတာက အသက်မသေဆုံးသွားခဲ့တာပဲ... နောက်ဆက်တွဲကတော့ မည်သို့ရှိမည်ကိုတော့ မသိတော့ပါဘူး... အားလုံးပဲ ပေါ့ဆလို့ ဖြစ်ကြရမယ့်ဘေးက ကင်းဝေးနိုင်ကြပါစေဗျာ...

အားလုံးကို လေးစားလျှက် -

@ansoe

ansoe_logo_leo.png



0
0
0.000
12 comments
avatar

Mask တပ်ရင် ခွေးကိုက်ခံရမှာလည်း ကြောက်ရသဗျ

0
0
0.000
avatar

တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ ကိုက်ချင်ရင် ကိုက်မှာပါလေ

0
0
0.000
avatar

Mask တပ်ရင် ငွေငါးထောင်ဆိုပဲ။
!PIZZA

0
0
0.000
avatar

မတပ်ရင် တစ်သောင်းဆိုလားပဲ 😁

0
0
0.000
avatar

ကျနော့ အိမ်နားတော့ ကျပ်မပြည့်အရူးတစ်ယောက်ရှိလို့ နေ့နေ့ညည သတိထားနေရသဗျ။

0
0
0.000
avatar

သတိထားဗျို့ စိတ်ရိုင်းရင် ဒုက္ခပေးတတ်လို့

0
0
0.000
avatar

ပေါ့ဆရင် အန္တရာယ်များမှာပ။

0
0
0.000
avatar

ဟုသပ ကွှီးရွှေရ

0
0
0.000
avatar

ရပ်ကွက်ထဲနေတော့လည်း... နားစွင့်ထားရသည်ပါ့... မပေါ့ဆရဲပါဗျို့...!PIZZA

0
0
0.000