အသိပညာကို မြတ်နိုးခြင်း

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

လူဆိုတဲ့သတ္တဝါဟာ တစ်ယောက်တည်းနေတဲ့အချိန်များဆိုရင် အတွေးတွေက ယောက်ယက်ခတ်နေတော့တာပဲ... ကောင်းတာတွေလည်းပါသလို မကောင်းတဲ့အတွေးတွေကလည်း ပါတာပဲ... မကောင်းတဲ့အတွေးက ခပ်များများလို့ထင်တာပဲ 😅 အတွေးအခေါ်ဆိုတာ ခေတ်နဲ့အညီတိုးတက်လာလား ဒါမှမဟုတ် အတွေးအခေါ်ကြောင့်ပဲ ခေတ်ကြီးက တိုးတက်လာသလားတော့ သိပ်မသိဘူး...

အဲဒီအတွေးအခေါ်ပညာရပ်ကို အင်္ဂလိပ်လိုဆိုရင် ဖီလိုဆိုဖီ_Philosophyလို့ခေါ်‌မယ်ထင်တယ်... ဖီလိုဆိုဖီ ဆိုတာကို ဖီလိုဆိုတာကမြတ်နိုးခြင်းဖြစ်ပြီး ဆိုဖီယာဆိုတာကတော့ အသိပညာလို့အ‌ဓိပ္ပါယ်ဖွင့်ဆိုကြောင်း ဖတ်ဖူးတယ်... ဒီတော့ ဖီလိုဆိုဖီဆိုတာ အသိပညာကို မြတ်နိုးခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုရမှာပဲ... ကျွန်တော်ကလည်း ဖီလိုဆိုဖီဆိုတာကြီးကို သဘောကျသဗျ😋 ဒီတော့ ကျွန်တော်ကလည်း အသိပညာကို မြတ်နိုးသူတစ်ယောက်ပေါ့ဗျာ...



အတွေးအခေါ်ဆိုတာကို သိပ္ပံပညာရပ်တွေလို ခွဲစိတ်ပြီး အဖြေထုတ်ဖို့မဖြစ်နိုင်ဘူး... အတွေးအခေါ်ဆိုတာက ဘယ်လိုပြောရမလဲ... အဲ-သဘောတရားရေးသက်သက်ဖြစ်မယ်ထင်တယ်... ဒါပေမယ့် သူ့ကို အသုံးချနိုင်သူတွေက တိုးတက်သွားကြပါတယ်... စိတ်ကူးဆိုတာလည်း အတွေးအခေါ်တစ်ခုဖြစ်လေတော့ ဘယ်အလုပ်ဖြစ်ဖြစ် မလုပ်ခင် တွေးကြတာ ထုံးစံပါပဲ...

လူဆိုတာ မတွေးပဲကို မနေနိုင်တဲ့ သတ္တဝါဖြစ်လေတော့ အမြဲလိုလိုတွေးတော ငေးမော ဆွေးကြောတွေဆိုက်နေတတ်ကြတယ်မဟုတ်လား... အခြား သတ္တဝါတွေကတော့ အဲသလိုမရှိဘူးထင်တာပဲ... တွေးခေါ်ခြင်းဆိုတာက အခြား ပညာရပ်တွေလို သီသန့်တစ်ခုတည်းကိုပဲ‌လေ့လာတာမဟုတ်ပဲ အားလုံးကို ခြုံပြီးလေ့လာတဲ့သဘောပဲဖြစ်တယ်လို့ ဆိုရမှာပဲ...

ဒါပေမယ့် အစီအစဉ်မရှိ ဦးတည်ချက်မရှိ တွေးချင်ရာတွေး ငေးချင်ရာငေငေးနေတာကိုတော့ ဖီလိုဆိုဖီလို့ သတ်မှတ်လို့မရနိုင်ဘူး... ဘာ့ကြောင့်လဲဆို ဘာမှမဟုတ်ပဲ ဗရမ်းဗတာအတွေးက ဘယ်လိုလုပ်ပြီး အတွေးအခေါ်လို့ ဆိုနိုင်တော့မလဲ... ဘာသာတရားတွေမှာလည်းပဲ စည်းကမ်းတကျ ဖီလိုဆိုဖီဆိုတာတွေ ပါမယ်လို့ ယူဆမိပါတယ်...

အဲ-တွေးမိသလောက်တော့ ရေးချင်ရာတွေ ချရေးပြီးပါပြီ... ဆွေးနွေးချင်ရင်တော့ အောက်က ကွန့်မန့်မှာ ရေးချင်ရာသာ ရေးကြပါတော့လို့...


အားလုံးကို လေးစားလျှက်-


@ansoe



0
0
0.000
7 comments
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@callmemaungthan(1/5) tipped @ansoe (x1)
walarhein tipped ansoe (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000