Hive တွေဈေး တက်သေးဘူးလားလို့။

avatar

image

Hive ဈေး ဘယ်တော့များလောက် တက်မလဲ။
စတင်းနဲ့အပြိုင် သူက တက်လိုက်ကျလိုက်
ဖြစ်နေသည်။ သိပ်ချစ်နေကြတာပေါ့။
2020 တောင်နှစ်ဝက်ကျိုးခဲ့ပြီ။ အမှန်ဆို
ဈေးတက်နေလောက်ပြီဗျ။ ကိုဗစ်က ဝင်နှောက်
လို့ ဈေးတက်ချင်ရဲ့နဲ့ hive မျက်လုံးလေး
ကလည်ကလည်ဖြစ်နေတာ။

ကိုဗစ်ရောဂါပျောက်ဆေးတွေ့ပြီကာလအလွန်မှာ
ကျုပ်တို့ရဲ့ Crytocurrency တွေ ပြန်လည်
ဦးမော့လာပေမည်။ ခုတော့ ဦးခေါင်းလေး
ငုံ့ထားရပေအုံးမည်။ ကျုပ်ပြောထားပါရဲ့
ကျုပ်တို့ရဲ့ hive ယခင်ကတော့ စတင်းပေါ့။
သူတို့ဈေးများကျရင် စာရေးဖို့ အားကြီး
ပျင်းတယ်ဆိုတာ။ ခုတော့ စာရေးဖို့ပျင်း
ရပြီလေ။

img_0.7489062798247194.jpg
စာရေးဖို့ ပျင်းသည်ဆိုသော်လည်း တနေ့နေ့
တချိန်ချိန်မှာ hive တွေ ဈေးတက်လာမည့်နေ့
တော့ရှိပါအုံးမည်။ ထိုနေ့ရောက်လျှင် ကိုယ့်
လက်ဝယ် hive တွေရှိနေဖို့သာလိုပါသည်။
ကံကြမ္မာဆိုတာပြောလို့မရပေ။ ဒီဝောာ့
ပိုစ့်လေး‌တွေ ရေးရပြန်ပြီလေ။

"ကံကြမ္မာဆိုတာက ချိုတလှည့်၊ ခါးတလှည့်"

"Crytocurrency တွေကလည်း
ဈေးတက်တလှည့် ကျတလှည့်"

"ကိုယ်တွေကလည်း အရင်လို
ပိုစ့်တင်ဖို့ အားတင်းလိုက်
ဈေးတွေမြန်မြန်တက်ပါတော့လို့
ဆုတောင်းလိုက်"

သံသရာလည်နေတာ 😁

ဒီကြားထဲ ကိုယ်တွေက ဟိုတလောက
စတင်း 400 လောက်ထုတ်ရောင်းတာကိုသိပြီး
အားကျတဲ့မိတ်ဆွေက သူ့လည်း hive
အ‌ကောင့်တစ်ခုဖွင့်ပေးပါလို့ တောင်းဆိုလာတယ်။
ကိုယ်တတ်သလောက်နဲ့ ဆရာဟိန်းကို
မေးပြီး အကောင်းဖွင့်ပေးထားတာ အခုထိ
အကောင့်က ရသေးဘူး။ ဘာလိုအပ်ချက်
ရှိနေလည်း မသိဘူး။

Esteem ကနေအကောင့်သစ်ဖွင့်တာ လွယ်တယ်
ဆိုလို့ ဖွင့်ပေးကြည့်တာ။ မိတ်ဆွေတို့မှ အခြား
လွယ်သည့် နည်းများရှိသေးရင် ကူညီပြသ
ပေးကြပါရန် hive အကျိုးမျှော်၍
နှိုးဆော်လိုက်ရပါသည်။

@htwegyi



0
0
0.000
7 comments
avatar

Hive စျေး မြန်မြန် တက်မှပဲဗျာ😁

0
0
0.000
avatar

မိန်းမယူမို့လား😁

0
0
0.000
avatar

ငဗစ်နဲ့တော့ မဆိုင်ရာပါ
အခြားcoin တွေ ရှယ်တတ်နေပြီး
ကိုယ့်ဟိုက်လေးမှ ကျန်ခဲ့ရှာတယ် စတင်းကို မခွဲနိုင်လို့လားကွယ်

0
0
0.000
avatar

ဟေ ဟုတ်သလား ဒါဆိုလည်း စေျးတက်ပါဟ ဟိုက်လေးရ။

0
0
0.000
avatar

ကိုယ်မပိုင်တဲ့ဟာတွေပဲ တတ်ကောင်းနေဗျာ

0
0
0.000
avatar

တက်ဖို့ ဒင်းက အရှိန်ယူနေသလား ယူယူနိုင်လွန်း။

0
0
0.000