Amazing Nature, Beautiful Sunset : My Thought On Viewing Sunset

Hey Friends ...
Have a Beautiful day!

img_0.16523425054044055.jpg

Today, I will visit to Amazing Nature Community.
I may come to this Community more often later.
Now, I can not take beautiful photos because I can't travel.
I think that the natural beauty of Myanmar will be revealed when we are injected with Covid-19 Vaccine.

Today is Sunset View.

img_0.5193421324068647.jpg

These pictures were taken at sunset from the Yadanarbon Bridge.
On the other face side of the bridge is the ancient Innwa Bridge (Sagaing).
The Inwa Bridge was built during the Colonial era and is one hundred years old.

img_0.48476621701084827.jpg

Take a look at the sunset on the historic bridge.

In the world, if the Everythings were been appear, these are disappeared.
Just as the sun rises and sets, so do we humans die after birth?

img_0.9915014096224084.jpg

Like we are able to enjoy the beauty of the sunset, we need to be able to enjoy the experience of death.
It is also more important to die than to live in this world.

When the sun rises, it gives the benefit with light energy to the earth and the sun use to set.
Before we also die, Wouldn't it be nice to die after we have done something good for human beings and the world?

So, just as humans enjoy the beauty of the sunset, we should do so that humans cherish the memory of our death. Yes?

img_0.1441810410716118.jpg

Now, let your life be beautiful while enjoying the amazing beauty of nature.

What do you think?

Thank you for everything.

Tin Aung Soe

[Burmese]

ဒီနေ့ Amazing Nature ဆိုတဲ့ ရပ်ကွက်ထဲသို့ အလည် သွားပါပြီ။
ဒီရပ်ကွက်လေးထဲသို့ နောက်ပိုင်းမှာ ခဏခဏ ရောက်ဖြစ်နိုင်ပါတယ်။
ခုတော့ ခရီးတွေ မသွားဖြစ်တော့ ဓာတ်ပုံ လှလှလေးတွေ Photograph မလုပ်နိုင်သေးပါဘူး။
Covid-19 ကာကွယ်ဆေးတွေ ထိုးနှံပြီးသွားရင်တော့ မြန်မာနိုင်ငံထဲက သဘာဝ အလှတရားတွေ ဖော်ပြနိုင်လိမ့်မယ် ထင်ပါတယ်။

ဒီနေ့ကတော့ Sunset View ပေါ့ဗျာ။
ဒီပုံလေးတွေကို ရတနာပုံတံတားကြီးပေါ်မှ နေဝင်ချိန် ဆည်းဆာကို
ရိုက်ယူထားတာပါ။
တစ်ဘက်က တံတားကြီးကတော့ ရှေးဟောင်းသမိုင်းဝင် အင်းဝတံတားကြီးပါ။
အင်းဝတံတားကြီးကို ကိုလိုနီခေတ်မှာ တည်ဆောက်ခဲ့တာ ဖြစ်သောကြောင့် သက်တမ်းအားဖြင့် နှစ်တစ်ရာပြည့်ခဲ့ပါပြီ။

ကဲ သမိုင်းဝင် တံတားဟောင်းကြီးပေါ်က နေဝင်ချိန် အလှကို ရှုစားကြပါဦး။

လောကမှာ အရ ခပ်သိမ်းဟာ ဖြစ်ပြီးလျှင် ပျက်ရတာ ဓမ္မတာတရားပါ။
နေထွက်လာပြီးလျှင် နေဝင်သွားတာ ရှိသလို ကျွန်တော်တို့ လူသားတွေလည်း မွေးဖွားရှင်သန်လာပြီးလျှင် သေဆုံးရတာပဲ မဟုတ်လား။

နေဝင်ချိန်၏ အလှကို ကျွန်တော်တို့တွေ ကြည့်ရှု ခံစားတတ်ကြသလို သေခြင်းတရားကိုလည်း သိမ်မွေ့စွာ ခံစားတတ်ဖို့ လိုပါမယ်။
လောကကြီးမှာ နေတတ်ဖို့ထက် သေတတ်ဖို့ကလည်း အရေးကြီးပါတယ်။

နေမင်ကြီးဟာ ထွက်လာပြီးလျှင် လောကကို အလင်းစွမ်းအင်တွေ ပေးကာ အကျိုးပြုပြီးမှ နေဝင်သွားလေ့ရှိပါတယ်။
ကျွန်တော်တို့တွေလည်း မသေခင်မှာ လောကကောင်းကျိုး၊ လူသားကောင်းကျိုး တစ်ခုခု ပြုပြီးမှ သေရရင် ကောင်းမယ် မဟုတ်လား။

ဒီတော့ နေဝင်ချိန် အလှကို လူသားတွေ သာယာစွာ ကြည့်ရှု ခံစားတတ်ကြသလို ကျွန်တော်တို့၏ သေဆုံးချိန်မှာလည်း လူသားတွေ အမှတ်တရ မြတ်နိုးနေတတ်ကြအောင် လုပ်သင့်တယ် မဟုတ်ပါလား။

ကဲ ခုတော့ သဘာဝရဲ့ ထူးခြားတဲ့ အလှကို ခံစားရင်း မိတ်ဆွေတို့၏ ဘဝ သာယာလှပကြပါစေဗျာ။

အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး



0
0
0.000
2 comments