သရက်ပင်ရယ် အသီးရယ် ခူးသူတွေရယ်

avatar

image

ကျွန်တော်တို့အိမ်ဝိုင်းလေးမှာ သရက်ပင်လေး
များပေါက်ရောက်နေသည်။ ထိုသရက်ပင်လေးများအနက် အိမ်နီးချင်းခြံမှ သရက်ပင်က ခြံနှစ်ခြံကြား
ပေါက်နေသည်။ ထိုသရက်ပင်က အလွန်သီးလှသည်။ သီးသည်က အမြင်ကပ်စရာကောင်းအောင်
သီးလှသည်။

img_0.6178534130076055.jpg

ထို အမြင်ကပ်စရာကောင်းအောင် သီးလှသည့် သရက်ပင်ကြောင့် ဇာတ်လမ်းရခဲ့သည်။
ထိုသရက်ပင်၏ မူလပိုင်ရှင်က ခြံကို
ရောင်းစားခဲ့သည်။ ထိုခြံကို ဝယ်ယူသူက
အိမ်ငှားထားသည်။ ထိုအိမ်ငှားနှင့် ကျွန်တော်တို့
အိမ် နှစ်အိမ်ခူးကြသည့်အတိုင် မကုန်ပေ။
နှစ်အိမ်လာလည်သည့် ဧည့်သည်များကို
ခူခိုင်းသည်ပင် အသီးက ကျန်ပေသေးသည်။

ထိုသရက်သီး က အကင်းပေါက်စကပင်
တို့စားပါက ကြွပ်ကြွပ်ရွရွမွှေးမွှေးအလွန်စား
ကောင်းလှသည်။ မှည့်သည်အခါမှာလည်း
အဝါရောင်သန်းသည့်နှင့် ခူးစားပါက
အလွန်ချိုကာ စားကောင်းပြန်သည်။
ထို‌ကြောင့် ကျုးကျော်အိမ်များက
ထိုသရက်ပင်ကို ပစ်မှတ်ထားကာ
လူအလစ်မှာ လာရောက်
ခူးကြပါလေသည်။

ထိုအခါမှာ ပြဿနာစပါသည်။ ထိုကျုးကျော်
များက စားချင်၍ ခူးကြသည်။ စားချင်၍
ခူးသည်ကို မပြောပါ။ ရောင်းစားဖို့အထိပါ
သရက်သီးကို ခူးလာကြပါတော့သည်။
ရောင်းစားဖို့ခူးကြရာတွင် အိမ်ဝင်းအတွင်း
ခူးချွေချ ကျသည့် အသီးကို အိမ်ရှင်အား
ကောက်ပေးပါရန် ပြောလာသည်။

အိမ်ရှင်က မကြားချင်ယောင်ပြု၍
မကောက်ပေးသည့်အခါ စောင်မြောင်း
ဆဲဆိုပြုကြသည်။ အသီးစားချင်ရင်
အပင်စိုက်ရပါသည်။ သူများ၊ တစ်ပါးသူ
စိုက်ပျိုးထားသည့်၊ ပိုင်ရှင်ရှိသည့်
ဥစ္စာကို ထိုဥစ္စာပိုင်ရှင်မသိအောင်
ယူသည်က ခိုးရာမြောက်သည်။
ကိုယ်ခိုးယူသည့် ဥစ္စာပစ္စည်းကို
ပိုင်ရှင်ကို ပြန်ယူခိုင်းခြင်းသည်
အလွန်အင်မတန်မှ ဆိုးရွားလှပေတော့သည်။

@htwegyi



0
0
0.000
5 comments