ငါမှ ငါသာ လူစွမ်းကောင်း

avatar

image

ငါ မဟုတ်တဲ့ .....
ငါ ရုပ်တွေနဲ့ .......
ငါ လုပ်ချင်ကြပေ။

ဒီသီချင်းကို ကြားဖူးကြပေမည်။
ငါ့ဟာ ငါ့ပစ္စည်း ငါ့မိသားစု အစရှိသဖြင့်
ငါ ငါ ငါ နဲ့ တငါငါ ဖြစ်နေကြသည်။

လူဆိုသည်က အတ္တရှိသူတွေဖြစ်ပေသည်။
အတ္တ အနည်းအများကို မူတည်ပြီး
လောဘကြီးသူ မကြီးသူဟု သတ်မှတ်ကြပေ
သလား။

င‌ထွေးလည်း လူထဲက လူမို့ အတ္တ ရှိပေသည်။
လောဘရှိပေသည်။ အဲ့ အတ္တတွေ လောဘတွေကို
ဇက်ကုန်ဖွင့်မပေးရဲဘူး။ ဇက်သတ်ထားရသည်။
ဇက်ကြိုးလေးတင်းအောင်ဆွဲထားရပါသည်။

ခုခေတ်ကာလကြီးမှာ ရချင်စရာ လိုချင်စရာ
ပေါများလွန်လှသည်။ ကိုယ့်လောဘ ကိုယ်
သတ်နိုင်ပါမှ တန်ကာကျမည်။ လောဘ
အလိုလိုက်လို့ကတော့ ဘာပြောကောင်းမလဲ
ပရိတ်သတ်ကြီးဆိုသလိုပေါ့။

img_0.6853488314535146.jpg

လောဘတွေထဲမှာ တဏှာလည်းပါသဗျို့။
ဒီကောင်ကလည်း မသေးလှ ‌မခေလှဘူး။
တူတော်မောင်တစ်ယောက်ပေါ့ အဲ့တဏှာ
လောဘကို မသိမ်းနိုင်တော့ ပြဿနာ
ဖြစ်နေပါရော။

ပထမတော့ အပျော်သဘောနဲ့
ကာရာအိုကေ က ကောင်မလေးနဲ့
ဘာဘာညာညာ ဖြစ်ပါရော။
သူ့ကိုယ့်သူ ငါလူလည် ငါထိန်းနိုင်တယ်
ငါလုပ်နိုင်တယ် ဆိုပြီး ဇာတ်လမ်းစသည်။
ကောင်မလေးက ငယ်ငယ်သွက်သွက်ဆိုတော့
တူတော်မောင် အပျော်ကနေ
အပျက်ဖြစ်ပါတော့သည်။

နောက်ပိုင်း မသိမ်းနိုင်၍ အိမ်ကမိန်းမ သိ၊
အဖေ အမေ သိ ဆွေမျိုးတွေပါသိပြီး
ခေါင်းမီးတောက်ပါလေတော့သည်။
ကိုယ်စတဲ့ ဇာတ်လမ်း ကိုယ်မ က နိုင်ပဲ
အဝေးထွက်ပြေး ပုန်းရှောင်‌နေသည်။

တစ်ချိန်က ထိုတူတော်မောင်သည်
ငါမှ ငါသာ လူစွမ်းကောင်းတစ်ဦးဖြစ်သည်ဟု
ကြွေးကြော်ခဲ့သူတစ်ဦးဖြစ်ပေသည်။

@htwegyi



0
0
0.000
6 comments
avatar

ငါကတော့ ဘာမှမဟုတ်တဲ့ ငါပါဗျာ။

0
0
0.000
avatar

င ရေးချာ ငါပေါ့ဗျာ ငါ ငါ ငါ

0
0
0.000
avatar

ငါ ဖြုတ်မှ အေးချမ်းသာယာ ရှိမှာပေါ့...
ငါ သတိလေးထားဦးမှ...😁

0
0
0.000
avatar

တစ်ခါတစ်လေ ငါလေးက ခေါင်းပြူးထွက်သကွ

0
0
0.000