မျက်လုံး

avatar

image

မျက်လုံး၊ မျက်စိ လူတို့တွင် အလွန်အရေးကြီးသော
အရာတစ်ခုဖြစ်သည်။ ငယ်စဉ်ကတော့
သူ့တန်ဘိုးမသိဘူး။ အလွန်အကျွံ အရမ်း
အရမ်းခိုင်းစေခဲ့တယ်။ စာအုပ်တွေကြည့်၊
ဗွီဒီယိုတွေကြည့်၊ နေမင်းကို အပြိုင်ကြည့်
ပြီး လေတံခွန်ကြိုးပျက်တစ်ခုရဖို့ အသည်းအသန်
နေပူထဲ အပြေးအလွှားလိုက်လုခဲ့ဖူးသည်။
ငယ်စဉ်က မိုးလင်းငုတ်တုတ် ဗွီဒီယိုတွေကြည့်
ခဲ့သည်။ သူ့တန်ဘိုးကို ဂရုမစိုက်ခဲ့ဘူး။

ခုခေတ် ကလေးတွေက သူ့ကို ပိုပြီး
ခိုင်းစေနေကြသည်။ မိုးလင်းကမိုးချုပ်
မျက်စိဖွင့်သည်နှင့် ဖုန်းကို ပွတ်ကြ ကြည့်ရှု
ကြလေသည်။ အသက်အရွယ်ရလာတော့
သူ့က ကိုယ့်ကိုသတိပေးလာတော့သည်။
သူ့ကိုသိပ်မခိုင်းနှင့် ခိုင်းပါက သူကလည်း
ပြန်ပြီး ပညာပြလေသည်။ ငယ်ရွယ်စဉ်မှာ
သူ့ကို ဂရုမစိုက်ပေမယ့် အသက်ကြီးလာ
သည့်အခါ သူ့ကို ပြန်ဂရုစိုက်ရတော့သည်။

မျက်စိနှင့်ပါတ်သက်၍ ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
ထားသည့် မြတ်စွာဘုရားရှင်၏
စွမ်းအားကြီးမား မြတ်ဗုဒ္ဓ၏မျက်လုံးများ
အကြောင်းဝေမျှပေးချင်ပါသည်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတွင်
ထူးခြားသော မျက်လုံးတော် (5) မျိုးရှိသည်။

img_0.5907900281718911.jpg

1 သာမန်လူတိုင်းရှိသော မျက်လုံး

2 နတ်မျက်စိလိုထူးခြားပြီး ဘယ်လောက်ဝေးဝေး၊
တောင်ကြီးများကွယ်နေသည်ကိုပင် မြင်နိုင်သော
ဒိဗ္ဗစက္ခုမျက်လုံး
လကွယ်ည၊ မိုးမှောင်ကျချိန်၊ ည‌သန်းခေါင်းယံ၊
တောနက်ကြီးအလယ် ကိုပင်မြင်နိုင်စွမ်းရှိသော
မျက်လုံးတော်ဖြစ်ပေသည်။

3 စကြာဝဠာတစ်ထောင်ကို မြင်နိုင်
ကြည့်နိုင်သော မျက်လုံး

4 ထက်မြက်စူးရှ၍ အသိဉာဏ်ပညာရှိသော
ပညာစက္ခု၊ ဗုဒ္ဓစက္ခုမျက်လုံး
သတ္တဝါတို့၏ အတွင်းစရိုက်စိတ်ကို မြင်နိုင်ပြီး
လူကိုကြည့်၍ပင် ထိုလူ၏ စိတ်အခြေအနေ၊
နှလုံးသားကို သိနိုင်မြင်နိုင်ပေသည်။
ထိုကြောင့် မြက်စွာဘုရားတရားဟောသည့်အခါ
ပရိသတ်မြောက်မြားစွာတို့၏ နှလုံးသားရောက်အောင်ပြောနိုင်စွမ်းရှိသည်။

5 ပတ်ဝန်းကျင်အားလုံး၊ အခြေအနေအရပ်ရပ်
အားလုံးကို သိတော်၊ မြင်တော်မူသော
သဗ္ဗတစက္ခုမျက်လုံး တို့ဖြစ်ပေသည်။

@htwegyi



0
0
0.000
6 comments
avatar

ဗဟုသုတ...မှတ်သားစရာ ...ရသည် အတွက် ကျေးဇူးပါဆရာ

0
0
0.000
avatar

ဟုတ်ကဲ့ပါဗျာ ဗဟုသုတ မှတ်သားဖွယ်ရာ ရတဲ့အတွက်။

0
0
0.000
avatar

မှတ်သားထိုက်တဲ့ အကြောင်းရပါ။
Reblog လုပ်ပြီး Save ထားလိုက်ပြီ။

0
0
0.000
avatar

မျက်လုံးကတော့ ဂရုစိုက်ပေးရတာ‌ပါ့

0
0
0.000