မပြီသေးသော စာချုပ်

avatar
(Edited)

image

မန္တလေးမြို့တော် စာချုပ်စာတမ်းရုံး၌
မြေသက်တမ်းတိုးသည့်ကိစ္စ အားဆက်လက်
ရေးပါအုံးမည်။ ထိုရုံးရှေ့၌ ကာဖြင့် မိတ္တူကူး
သည့်ဆိုင်မှ သူရို့အားပြုလုပ်ခိုင်းပါက
သုံးလေးရက်ကြာမည်။ နှစ်သိန်းပေးရမည်ပြောသည်။

နှစ်သိန်းအား မပေးလိုပါသဖြင့် ထိုရုံး၌
ကိုယ်တိုင်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ရုံးကိစ္စဆောင်ရွက်ရမည့် စာချုပ်စာတမ်းများအား
ထိုဆိုင်၌ ရိုက်ခိုင်းလိုက်သည်။ စာချုပ်အပါအဝင်
ရိုက်ခ သုံးသောင်းကို နှစ်သောင်းခွဲဖြင့်
ဈေး‌ ‌လျှော့ပေးသည်။

ထိုဆိုင်ကိုမေး တွေ့သမျှလူမေးကာ
မန္တလေးမြို့တော် စာချုပ်စာတမ်းရုံးသို့
ဝင်ရောက်ခဲ့သည်။ ‌1-2-2021နေ့ဖြစ်၍
ရုံးမှာ မှတ်ပုံတင်သူမရှိပေ။ ရှေ့နေများသည်
သူရို့ချိန်းဆိုထားသူများ မလာ၍ ဟိုတစ်စု
ဒီတစ်စုဖြစ်နေသည်။ ဖုန်းလိုင်းများ
ဖြတ်တောက်ထားသဖြင့် ဆက်သွယ်ခေါ်ယူ
နိုင်မှုမရှိကြပေ။

အဆိုးထဲက အကောင်းဆိုသလို ရုံးမှာ လူမရှိ၍
ကျွန်တော်တို့တစ်ဦးနှင့် အခြားတစ်ဦးစ
နှစ်ဦးစသာ စာချုပ်ချုပ်မည်သူ
ရှိနေပေသည်။ ရုံးအတွင်းရှိ စားပွဲခုံများသို့
တစ်စားပွဲမှ တစ်စားပွဲသွားရောက်
လက်မှတ်ထိုးရသည်။ သက်သေနှစ်ဦး
မပါလာ၍ အိမ်ပြန်ကာ တူမနှင့် သူငယ်ချင်းအား
သက်သေအဖြစ် သွားရောက်ခေါ်ယူရသည်။

မနက် 8:30 မှ နေ့လည် 1နာရီအချိန်တွင်
နှစ်သိန်းကုန်ကျမည့် စာချုပ်အား
ငါးထောင်ဖြင့် ကံကောင်းစွာ ချုပ်ဆို
နိုင်ခဲ့လေသည်။ ထိုစာချုပ်ရရန်
14ရက်စောင့်ရပေမည်။ ထိုရုံးမှ
ပေးလိုက်သည့် ပြေစာအား ယခုထိ
သိမ်းဆည်းထားသည်။ 14ရက်ကျော်
ပါသော်လည်း စာချုပ်အား ယခုထိ
သွားရောက်ယူဆောင်ရခြင်းမရှိ‌သေးပါ။

@htwegyi
11-5-2021



0
0
0.000
8 comments
avatar

ဘာလို့ မယူသေးတာလဲဗျ။
ရုံးပိတ်ထားလို့လား။

0
0
0.000
avatar

ရုံးပိတ်ထားတယ်ထင်လို့ သွားမကြည့်ရသေးဘူး။

0
0
0.000
avatar

အမြန်ယူထားလေ စိတ်ချရလေပဲ... ကိုယ့်လက်ထဲရောက်မှ ကိုယ့်ဟာ ဖြစ်မှာ ။

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင် မူရင်းတော့မဟုတ်ပါဘူး မိတ္တူတွေနဲ့တင်ထားရတာပါ။

0
0
0.000
avatar

ရုံးကိစ္စတွေဆို အမြန်ဆိုရင် စျေးကတစ်မျိုးနော်။
ဘာကွာတာလဲမသိဘူး။

!PIZZA

0
0
0.000
avatar

ဝန်ဆောင်ခ ပေါ့လေ။

0
0
0.000