စပါးကွင်းကြည့် ဆန်ဈေးနှင့်ပြည်သူတွေ

မင်္ဂလာပါ ။
တနေ့က မနက်ခင်း တစ်ခုမှာ လယ်ကွင်းတွေဘက် ရောက်ဖြစ်တော့ ကောက်စိုက်သမတွေ စပါး စိုက်နေကြတာ မြင်တွေ့ခဲ့ရပါတယ်။

မိုးလယ် ရောက်နေပေမယ့် ရေအခြေအနေ အရ စိုက်ကြပျိုးကြရတာပါပဲ။
မိုးစပါး ဆိုပေမယ့် တစ်နေရာနှင့် တစ်နေရာ စိုက်ချိန်ပျိုးချိန် မတူကြပါဘူး။

ဒီနှစ် စပါးဈေး ဆန်ဈေး က ရှယ် တတ်နေပါတယ်။
မနှစ်က ဧရာမင်းဆန် အ‌ဟောင်း တစ်အိတ် 45000 ကျပ် က ခု 65000 ကျပ် ဖြစ်နေပြီ။
ရွှေဘိုပေါ်ဆန်း က တစ်အိတ် တစ်သိန်း ဝန်းကျင်ထိ ဈေးပေါက်နေပါတယ်။

စပါးစိုက်နိုင်သူတွေ အတွက် ဆန်ဈေး တတ်တာ ပြဿနာ မဟုတ်ပေမယ့် စပါး မစိုက်နိုင်သူတွေ အတွက်တော့ တကယ့် ပြဿနာကြီးပါ။

ဆန်ဈေး တင်ပဲလား မဟုတ်။
မနှစ်က မြေပဲဆီ ဈေးအမြင့်ဆုံး တစ်ပိဿာ 8000 ကျပ်က ခုတော့ 13000 ကျပ် ဈေးရောက်နေပြီ။
မြန်မာငွေ ဈေး ကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တတ်နေပေမယ့် အလုပ်အကိုင် ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်မှု နှင့် လုပ်ခ ဝင်ငွေ တိုးတတ်မလာမှုက အခြေခံ ပြည်သူတွေကို ဆင်းရဲတွင်းထဲ ဆွဲချနေပါတော့တယ်။

အင်း စပါးစိုက်နေကြတဲ့ သဘာဝရှုခင်း ကြည့်ရင်း စိတ်အပန်းပြေရမည့် အစား ကုန်ဈေးနှုန်း နှင့် ပြည်သူတွေ အခြေအနေ တွေးမိပြန်တော့ ရင်မအေးရပါဘူးဗျာ။

@golden.future



0
0
0.000
21 comments
avatar

တွေးပြီး ရင်လေးရ
!pizza
!lol

0
0
0.000
avatar

Seagulls were God's third attempt at creating birds.
The A-gull and B-gull weren't quite right.

Credit: reddit
@golden.future, I sent you an $LOLZ on behalf of @walarhein
The LOLZ Tribe is here! Stake your LOLZ now to earn curation rewards and continue using the !LOLZ command. Please read our latest update for more information.
(1/4)

0
0
0.000
avatar

ပုံထဲမှာတော့ သာသာယာယာ
စိတ်ထဲမှာတော့ မကြည်မသာ
!lol
!pizza

0
0
0.000
avatar

ငွေစျေးက ကျနေတော့ နစ်သထက်နစ်နေပြီ
!hiqvote

0
0
0.000
avatar



@naythan YOU !PIMP, THE HiQ Smart Bot, has recognized your request. !PIZZA

If you have at least 10 HIQS staked, then juicy votes will follow!


Delegate [HP to @hiq.hive], [BEE to @hiq.bee], [PHOTO to @hiq.photo], [FUN to @hiq.fun] or [PIMP to @hiq.pimp] to support the HiQ Smart Bot and its trails.


For any further questions, please feel free to contact @hiq.redaktion via comment or Discord.

(This is a semi automaticaly created manual curation. Currently I am in the testing phase though !LOL)

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
callmemaungthan tipped golden.future (x1)
hiq.smartbot tipped golden.future (x1)
@uthantzin(4/10) tipped @golden.future (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

အလာ်ပိုင်းကဒီနှစ်စပါးမထွက်တော့ ။မွန်ပြည်နယ် က စပါးတွေကိုအလယ်ပိုင်းက ပြန်ဝယ်နေတယ်လို့ကြားပါတယ် ။

0
0
0.000
avatar

မွန် ဘက်က စစ်ကူ မတိုက်ရင် ငွေ တော့ ကူသင့်ပါတယ်

0
0
0.000
avatar

တက်နိုင်သလောက်ကူညီပေးနေပါတယ် အကိုရေ

0
0
0.000
avatar

ကုန်စျေးနှုန်းတက်တော့ ပြည်သူတွေ ဆင်းရဲတွင်း
ပိုနက်ရပြီပေါ့ဗျာ....

0
0
0.000
avatar

$ ရှာနိုင်ရင်တော့ မဆိုးဘူးပဲ

0
0
0.000
avatar

စပါးတွေတောင်စိုက်ပျိုးနေကြပြီပဲ !LOLZ !PIZZA

0
0
0.000
avatar

ဆန်ကိုဈေးကောင်းပေးပြီးဝယ်စားရတော့မှာပါ

0
0
0.000
avatar

ကြိုဝယ်မထားမိလို့ စိတ်အထာမကျ

0
0
0.000
avatar

စပါးပင်တွေကြည့်ရင်း ဆန်ဈေး ရင်လေးရင်းပ။
!lOL

0
0
0.000