Home Stay (Chapter 277)

avatar

![FB_IMG_1599214068459.jpg](

တနေ့က trend အကြောင်းကို ဆက်ပါဦးမည်။ covid ဖြစ် ကျောင်းတွေ ပိတ်လိုက်တော့ ပြင်ပ ကျူရှင်ဆရာ၊ သင်ကြားရေး ဆရာများ အတော်လေး ဒုက္ခ ရောက်ရ၏။ လ အနည်းငယ်ပဲ ထင်ပြီး အားတင်းနေကြပေမယ့် ကာလ ရှည်ကြာလာမှုက အားလျော့ စိတ်ပျက် လာစေတော့၏။ ဒီနေရာမှာ လူတွေ၏ စဥ်းစား ဆုံးဖြတ်ချက်တွေက အရေးပါလာတော့၏။ စာသင် မရလျှင် ဘာလုပ် မည်နည်း အခြား အလုပ် တခုခုနှင့် ဝင်ငွေ ကာမိအောင် လုပ် မည်လော။ ဟင့်အင်း ငါတို့က အခြား မလုပ်တတ်၊ စာ တမျိုးပဲ သင်တတ်သည် ဆိုလျှင် ဘာဆက်လုပ်မည်နည်း။

သို့နှင့် အချို့က အခြား ပြောင်းလုပ်ကြ၏။ စာပြန်သင်လို့ ရမှ သင်တန်းတွေ ပြန်စမည်ပေါ့။ အချို့ကတော့ စာပဲ ဖြစ်အောင် သင်မည်ပေါ့။ ဟုတ်ပြီ မည်သို့ သင်မည်နည်း။ online teaching (class) ဖန်တီးပြီး သင်ရပေလိမ့်မည်။ ဆရာ၊ ဆရာမ တော်တော်များများက အဆိုပါ online teaching ကို နောက်တွန့်ကြ၏။ အဓိကက နည်းပညာနှင့် ဝေးသည့် ပြဿနာ ဖြစ်၏။ ထို့ထက် မိမိ ကိုယ်ကို သံသယ ဝင်ခြင်းက အဆိုပါ နည်းပညာနှင့် မရင်းနှီးခြင်း ဆိုသည်ထက် ပိုမည် ထင်၏။

why_homestay_available.png

မိမိ ကိုယ်ကို မယုံကြည်ခြင်းကို အကြောင်း ပြချက် အမျိုးမျိုး ပေးပြီး ငြင်းပယ်ကြတော့၏။ ဒီအတိုင်း အပြင်မှာ သင်ပေး တာတောင် စိတ်မဝင်စား၊ စိတ်ဝင်စားမှုက နည်းတာ၊ online ကဆို ပိုဆိုးမှာပေါ့။ ပြီး online က သင်မယ်ဆို သင်တန်းအပ်မယ့် မိဘ၊ သင်တန်းတက်မယ့် ကလေးက မရှိဘူးရယ်နှင့်ပေါ့။ မှန်ပါသည်၊ မမှန်ဟုတော့ မဆို။ အချို့ နေရာတွေမှာ online teaching စျေးကွက် က မထွန်းကား၊ နေရာ မရှိသေး ပြောလို့ ရ၏။ မရှိဆိုလျှင် မိမိကစ ဖန်တီးလို့ မရဘူးလား။ ဘာကို တွေဝေနေသနည်း။

မနေ့ တနေ့ကမှ စာ စသင်သူတွေမှ မဟုတ်ဘဲ။ စာသင် သက် ကြာနေ၊ များနေပြီးသား မဟုတ်လား။ မိမိကိုယ်၊ မိမိ သင်တန်းကို လူသိပြီးသား နာမည် ရှိပြီးသား ဆိုလျှင် အဘယ်​ကြောင့် online ကနေ သင်လို့ မဖြစ်သနည်း။ ဘာလို့များ မစမ်းလိုသနည်း။ စမ်းသပ် ကြည့်ပါလား။ တခုခုတော့ တွေ့လာ၊ ရလာမည် မဟုတ်လား။ online ကနေ သင်ပေးဖို့ သင်တန်း တယောက် နှစ်ယောက်လောက် ရလျှင် ရှိလျှင်ကို အဆင်ပြေနေပြီ။ ထိုကနေ စလို့ ရပြီကိုး။ မိဘက အပ်ပြီး ကလေးကလည်း တက်မည်ဆိုလျှင် စလို့ ရပြီ။ စျေးကွက် ဖန်တီးပြီး လုပ်ငန်း စလို့ရပြီ။ အချို့ဆို စျေးကွက်ပင် ဖန်တီးစရာ မလိုပေ။ သူ့ အလိုအလို စျေးကွက် က ပေါ်လာပြီးသား။ မိမိ ကိုယ်တိုင်က ပါဝင်လိုက်၊ ပါဝင်ချင်သည့် စိတ်လေး ရှိလိုက်၊ နှစ်လိုက်ရုံသာပင်။

ဆက်ရန်

Don Jaun



0
0
0.000
1 comments