မေတ္တာခြုံ လုံကြပါစေ

avatar

ဒီနေ့ သောကြာနေ့ ဆို့တော့က နိုင်ငံခြားသားတွေ
တင်နေကြသလို FeatherFriday Post လေး
တင်ဖို့ စိတ်ကူးရ မိပါတယ်။
စိတ်ကူးရတော့ အကြံအစည် ထုတ်ရတော့တာပေါ့။
ရွာမှာ နေတာဆိုတော့ ငှက်မွှေး 🐦ပုံ ရဖို့ လွယ်မလိုပါ။
သို့သော်လည်း တောထဲ သွား ၊ အချိန်ယူ ငှက်လေးတွေ
စောင့်ကြည့်ပြီး ရိုက်ယူနိုင်မှ ရမှာပါ။
အဲလောက် အချိန်ပေး အားထုတ်ဖို့ ကြတော့လည်း
မဟန်ပြန်ဘူးဗျာ။ ဒါနဲ့ပဲ အိမ်နီးနားချင်း ခြံထဲက
ကြက်သားအုပ်မ တစ်အုပ် ကိုသာပဲ ဓာတ်ပုံ ရိုက်ယူ
ခဲ့ပါတယ်။

img_0.8044645305962059.jpg

ကြက်မကြီး က ဦးဆောင်ပြီး ကြက်ကလေးတွေ နှင့်
အစာရှာ ထွက်နေကြတဲ့ ပုံလေးပေါ့။ မိဘမေတ္တာ
ဆိုတာကတော့ သတ္တဝါတိုင်းမှာ ရှိကြတာပါပဲ။

img_0.35037086718161453.jpg

မေတ္တာဓာတ် ရှိကြလို့သာ သတ္တဝါတွေ တည်ရှိနေကြတာပါ။
မေတ္တာဓာတ်တွေ လျော့ပါး ပျက်စီးလာတာနဲ့ အမျှ
ကမ္ဘာလောကကြီးလည်း ယိုယွင်းလာကာ သတ္တဝါတွေ
လည်း ပျက်စီးလာကြမှာပါ။ ဒါကိုတော့ ငြင်းနိုင်အံ့ မထင်။

သို့ကြောင့် သတ္တဝါအားလုံး အချင်းချင်း မေတ္တာထား၊
မေတ္တာပွားနိုင်ကြပါစေ ဟု စိတ်ရည်သန်ပြီး ဒီပို့စ် ကို
တင်လိုက်ရပါတော့တယ်။

လုံးစုံများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ။

@walarhein



0
0
0.000
10 comments
avatar

မေတ္တာရေချမ်း ကိုယ်စီဖြန်း ငြိမ်းချမ်းကြပါစေ

0
0
0.000
avatar

မေတ္တာရေပေါက် ကိုယ်စီသောက် သောကပျောက်ပါစေ

0
0
0.000
avatar

မေတ္တာခြုံမှ လုံမယ်
မေတ္တာဖျန်းမှ လန်းမယ်

0
0
0.000
avatar

ဟုတ်မှန်ပါ၏
ကျန်းမာပါစေ ဦး‌ထွေးကြီး

0
0
0.000
avatar

သင်၏ Feathered Friends ၏ဓာတ်ပုံကိုတင်သည့်အတွက်ကျေးဇူးတင်ပါသည်။ ကောက်ယူရရှိသောမဲများကိုရရှိရန်သင်သည် Feathered Friends Community သို့တင်ရမည်။ သင့်ရဲ့ပထမဆုံး tag အဖြစ် 'hive-106444' ကိုသုံးပါ။ ငှက်ပုံများသာ။

0
0
0.000
avatar

Special Thank
Next time, I will post as your advice

0
0
0.000
avatar
(Edited)

အဲ့လို အစီစဥ်လေးတွေ တို့ MHC လည်း လုပ်ကြရအောင်လားဗျာ😁
ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ အတွေးမြင်လေးတွေ ဖလှယ်လို့ရတာပေါ့။

0
0
0.000
avatar

သိပ်လုပ်ချင်သာပေါ့
သို့သော် mhc မှာ ပို့စ်တင်သူက ✋မပြည့်တာ ခက်

0
0
0.000