ဟိုတုန်းကညနေခင်းများ

avatar

အချိန်တွေက တရွေ့ရွေ့ ကုန်လွန်နေလိုက်တာများ အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု ပြောင်းလဲနေလိုက်တာ တစ်နေ့တော့ ဆိုတဲ့ မျှော်လင့်ချက်ကို အရောင်အသွေး စုံလင်စွာနဲ့ ချယ်မှုန်းနိုင်မယ်လို့ ယုံကြည်နေတုန်းပါဘဲ
ကုန်လွန်ခဲ့သော နေ့ရက်များကို ပြန်မသွားနိုင်တော့
နောက်ထပ်ရောက်လာမယ့်နေ့ရက်များကို ကောင်းမွန်စွာ ကြိုဆိုနိုင်ဖို့သာ အာရုံစိုက်ရတော့မယ်
အခက်အခဲတွေနဲ့ သောကတွေကတော့ အခုကာလမယ် အလွန့်အလွန်ကို များနေမယ်
အဲ့ဒီအတွက် စိတ်ညစ်နေလို့တော့မဖြစ်ပါ ရှောင်လွှဲလို့လည်း မသွားနိုင်သရွေ့ ရင်ဆိုင်ကြရမှာပါဘဲ
နောက်ထပ် ဘာတွေဖြစ်လာမယ် ဘယ်သူက သိနေမှာလဲ ကိုယ်သန်ရာ ထင်ရာ မြင်ရာ မျှော်လင့်ရာအတိုင်း ဖြစ်လာလိမ့်မယ်လို့သာ လက်ခံနေရတယ်
အဆိုးဆုံးတွေ ထပ်မကြုံနိုင်ဘူးလို့ ယုံကြည်ချင်နေမိတယ်
လွတ်မြောက်ချိန်တစ်ခုမှာတော့ အရာရာလှပတဲ့ နေ့သစ်ကို ခေါ်လာနိုင်မယ်
ခံနိုင်ရည်အားရှိအောင်တော့ ကြိုးစားနေရတုန်း အတိတ်တွေကိုပြန်မသွားနိုင်ပေမယ့် သတိရစရာတွေတော့ ရှိနေဆဲ



0
0
0.000
2 comments
avatar

လွမ်းတက်ပါတယ်ဆို လက်တို့နေ

0
0
0.000