ထန်းမြွေ နှင့် ကျွန်တော်

avatar

မင်္ဂလာရှိကြပါစေသော်။
တနေ့က ဥပုသ်သီတင်း ဆောက်တည်ရန် ရွာဦး ဘုန်းကြီးကျောင်း သို့ သွားရောက်ခဲ့သည်။
ဘုန်းကြီးအား ဝတ်ပြုကန်တော့အပြီး သီလ မယူခင် ဘုန်းကြီးကျောင်းဝင်း အတွင်း လည်ပတ်ကြည့်ရှုခဲ့သည်။

ဘုန်းကြီးကျောင်း အုတ်တံတိုင်း အပေါ်၌ ထန်းမြွေ တကောင် တွားသွားနေသည်ကို မြင်ခဲ့ရသည်။
ထန်းမြွေ သည် လူကို ကိုက်သည်မှာ ရှားပါးပါသည်။
ထန်းမြွေ သည် ကြွက် ကို ရှာဖွေကာ ဖမ်းယူ စားလေ့ရှိပါသည်။
ကျွန်တော်လည်း ဖုန်းကင်မရာကို ဖွင့်ကာ ထန်းမြွေ အား ဓာတ်ပုံရိုက်လိုက်သောအခါ ထန်းမြွေ သည် အုတ်တံတိုင်း ပေါ်မှ ခုန်ဆင်းသွားခဲ့သည်။
သို့ဖြစ်၍ ဓာတ်ပုံထဲ၌ လေထဲမှာ ထန်းမြွေ ကို တွေ့မြင်နိုင်သည်။

ထိုနောက်တော့ ထန်းမြွေ သည် သရက်ပင် အပေါ်သို့ တက်သွားခဲ့သည်။
သရက်ပင် အဖျားသို့ ထန်းမြွေ မရောက်မီ အရအမိ ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။
ကျွန်တော်သည် Hive Blockchain ပေါ်၌ post တင်နေသူ ဖြစ်လေတော့ ရောက်လေရာအရပ်၌ မြင်ရတွေ့ရသည်တို့ကို ဓာတ်ပုံမှတ်တမ်း ရယူလေ့ရှိသည်။
သို့မှသာ ယခုကဲ့သို့ ဖော်ပြနိုင်ပြီး HIVE POWER စုဆောင်းနိုင်ပေလိမ့်မည်။



0
0
0.000
7 comments
avatar

ထန်းမြွေကို ကျွန်တော်တို့ခြံထဲမှာလည်းတွေ့ရသဗျို့
အကြီးတော့ မဟုတ်ဘူး သေးသေးပေါက်စတွေ။
!LOLZ
!MEME

0
0
0.000
avatar

လူကို ရန်မရှာတော့ ကြောက်ရဘူးပေါ့

0
0
0.000
avatar

တော်တော်လင်တဲ့ မြွေပဲနော်

0
0
0.000