မနေ့က ဖြစ်ပုံ သားအဖဘဝတွေ

avatar

မင်္ဂလာပါ။
မနေ့က ဆေးဝယ်ယူရန် အကြောင်းဖြင့် မန္တလေးမြို့ သို့ ရောက်ဖြစ်ခဲ့သည်။
မန္တလေးမြို့ ရောက်တော့ ထုံးစံအတိုင်း မဟာမြတ်မုနိဘုရားကြီး ဝင်ရောက် ဖူးဖြစ်ခဲ့သည်။

မနေ့က ကံသီလို့ပေသာပဲ၊ ကံကောင်းလို့ပဲ ပြောရတော့မယ်။
မဟာမြတ်မုနိဘုရားကြီး ပရဝုဏ်ထဲမှာ သားသားသည် ပြေးလွှား လျှောက်ပတ်သွားရာ ကျွန်တော်က နောက်မှ လိုက်ပါ စောင့်ကြည့်ရသည်။
သူ့မေမေ က ဘုရားကန်တော့နေခဲ့သည်။
ထိုစဉ် သားသား သည် ဘုရားကျောင်းဆောင် တိုင်ကြီးတွေ၏ အကွယ်မှာ ဖအေ ကို ပုန်းသလို ပြေးလွှားရင်း ကျွန်တော်၏ မျက်စိ ရှေ့မှ ပျောက်သွားခဲ့သည်။

ကျွန်တော်လည်း ဘုရားကြီး မြောက်ဘက်မုဌ်ထဲညဆင်းပြေးသလား၊ ကြေးရုပ်တွေထဲ ဝင်သွားသလား၊ ရေသပ္ပယ်တဲ့ ဘုရားတွေဘက် ရောက်သွားသလား၊ လိုက်ရှာသော်လည်း မတွေ့ခဲ့ရပါ။
ဒါနဲ့ ဘုရားဝတ်ပြုနေသော သူ့အမေဆီ ပြောပြပြီး လုံခြုံရေး နှင့် ဘုရားဖူးလာသူတွေကို မေးရင်း ထပ်မံ ရှာဖွေခဲ့ကြသည်။

သားသား သည် ကျွန်တော်ကို ပုန်း၍ ပြေးလွှားရင်း သူ့အမေကို ပြန်ရှာသည် ထင်သည်။
သူ့အမေက ခေါ်သံ ကြားလိုက်သလိုဟု ပြောသည်။
ထိုနောက်မှာတော့ ဘုရားကြီး နောင်ဘက်မုဌ် ဘက်မှ လူကြီးတစ်ဦးက သားသားကို လက်ဆွဲ ခေါ်လာပေးသည်။
ကံကောင်းလို့ သားသား ကို ပြန်တွေ့ရတာပါပဲ။
မနေ့က ဘုရားကြီးမှာ အမှတ်တရ ပုံ မရိုက်ခဲ့ရပါ။

ထိုအခါ ကျွန်တော် ငယ်စဉ်က အဖြစ်ကို ပြန်လည် သတိရမိခဲ့သည်။
ကျွန်တော်လည်း ငယ်ငယ်က မန္တလေး ဘူတာရုံကြီးထဲမှာ မိဘတွေနှင့် ကွဲဖူးသည်ဟု သိခဲ့ရသည်။
ကျွန်တော်လည်း ကံကောင်းပြီး လူကြီးတစ်ယောက်၏ အကူအညီဖြင့် မိဘတွေကို ပြန်ရှာတွေ့ခဲ့သည်။
ကံသီပေလို့ မိသားစုဘဝလေး ရှင်ကွဲမကွဲခဲ့ရတာပါ။
ပြေးလွှားတတ်စအရွယ် ကလေးငယ် ရှိသူတိုင်း ဆင်ခြင်သင့်တဲ့ အကြောင်းအရာလေးပါပဲ။

ကံကောင်းလို့သာပေါ့ဗျာ။

@walarhein



0
0
0.000
18 comments
avatar

ကံကောင်းလို့သာပဲ‌။
!pizza
!lol

0
0
0.000
avatar

My girlfriend and I just transitioned to a long distance relationship
Or what the judge called a “restraining order”

Credit: reddit
@walarhein, I sent you an $LOLZ on behalf of @tin.aung.soe
The LOLZ Tribe is here! Stake your LOLZ now to earn curation rewards and continue using the !LOLZ command. Please read our latest update for more information.
(1/6)

0
0
0.000
avatar

ကံကောင်းပေလို့သာပဲပေါ့။
ကလေးငယ်တွေကို သေချာဂရုစိုက်ဖို့ မိဘတွေ ဆင်ခြင်သင့်တဲ့ သာဓကလေးပါပဲဗျာ။ !PIZZA

!LUV

0
0
0.000
avatar

ဘုရားကြီးက တိုင်ကြီးတွေကလည်း အတော်ကွယ်နိုင်တာကိုး

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped walarhein (x1)
myanmarkoko tipped walarhein (x1)
htwegyi tipped walarhein (x1)
@myothuzar(4/5) tipped @walarhein (x1)

Please vote for pizza.witness!

0
0
0.000
avatar

ကံကောင်းလို့ ကလေးကိုတော့ ဂရုစိုက်ကြပါ

0
0
0.000
avatar

ပြေးတမ်းလိုက်တမ်း ကစားသလိုနဲ့ ဖြစ်သွားတာ

0
0
0.000
avatar

ကလေးဆိုတာ ဒီအရွယ်ကလေးတွေပိုဂရုစိုက်ရတာပေါ့နော် ပြေးလွှားဆော့ကစားတက်ပြီကိုး !LOLZ

0
0
0.000
avatar

ဟုတ်ပါ့ အပြေးက ကိုယ့်ထက် သွက်နေတာ

0
0
0.000
avatar

တော် ပေးသေးဗျို့ အဲ့ ခဏလေးတော့ စိတ်ဒုက္ခအတော်ရောက်သွားကြမှာပဲ။
!PIZZA

0
0
0.000
avatar

တော်သေးတာပေါ့။ ရင်တုန်စရာ အဖြစ်အပျက်ပဲ။

!PIZZA

0
0
0.000