Quest Complete Reward PELACOR DECEIVER

မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ဒီနေ့တော့ Splinterlands Game Post တင်ရဦးမယ်။
Splinterlands Game ကို တတ်တတ်ကြွကြွ မကစားဖြစ်တော့ပေမယ့် နေ့စဉ်နေ့တိုင်းတော့ ကစားဖြစ်ပါတယ်။
Daily Quest ကိုတော့ နေ့စဉ် ပြီးအောင် မကစားနိုင်ပါဘူး။
Splinterlands Game ကို တတ်ကြွစွာ မကစားဖြစ်တာက Internet Data ဈေးကြီးလွန်းတာကြောင့် ရတဲ့ Rewards နှင့် မကာမိလို့ပါ။
ကျွန်တော်၏ Splinterlands ထဲမှာ Collection Power ကလည်း 1500 လောက်သာ ရှိတာဆိုတော့ Level မြင့်ရောက်အောင်လည်း ကစားလို့ မရဘူးလေ။
Level မြင့် မကစားနိုင်တော့ Game Reward က ဘာမှ မရသလို၊ Quest Reward ကလည်း ကောင်းကောင်း မရပါဘူး။

ဒီနေ့တော့ Water Quest Complete ဖြစ်သောအခါ Quest Reward အဖြစ် Splinter Card တစ်ခု ရရှိခဲ့ပါတယ်။

Daily Quest Reward အဖြစ် Legendary Potion , Alchemy Potion and Credits တွေ ရတာကတော့ အများစုပေါ့။

img_0.2674995952592075.jpg

ဒီနေ့ ရတဲ့ card ကလေးက PELACOR DECEIVER ပါ။
၎င်းသည် Mana Cap 5, Malee Attack 1, Speed 3, Health 8 and Ability Flying ပါရှိ‌သော Level 1 Death Monster ဖြစ်ပါတယ်။
PELACOR DECEIVER သည် Est.value 0.03$ တန်ကြေးရှိပြီး Collection Power 5 ဖြစ်ပါသည်။

img_0.9684640428161212.jpg

ယခုဆိုလျှင် ကျွန်တော်၏ Splinterlands Game ထဲမှာ PELACOR DECEIVER CARD ၅ ခု ရရှိနေပါပြီ။

မိတ်ဆွေတို့ရော Splinterlands ကစားရတာ အဆင်ပြေကြသလား။

Game သစ်တွေ ရောက်မလာခင်တော့ Splinterlands ကို ဆက်ကစားဖြစ်နေဦးမည် ထင်ပါသည်။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး



0
0
0.000
8 comments
avatar

Card ရတာ ကံကောင်းပါတယ်ဗျာ၊ သိချင်တာတစ်ခုက ရှိနေတယ်။ rewards ရတဲ့ ကဒ်က တမျိုးထဲ ၂ကဒ် ၃ကဒ်ဆို ပေါင်းလိုက်ရင် ဘာဖြစ်သွားလည်းဗျ

0
0
0.000
avatar

၅ ကဒ် ပေါင်းရင် level 2 ဖြစ်သွားတယ်

0
0
0.000
avatar

Collection power က price table ဘေးက dec ကို ဖတ်ရတာလား

0
0
0.000
avatar

ကဒ်ရတာ ဝမ်းသာပါတယ် ။
!PIZZA

0
0
0.000