နှိုက်နှိုက်ချွတ်ချွတ် စကားလုံးနဲ့ပတ်သတ်ပြီး ရင်တွင်းဖြစ်ပေါ်လာခြင်းများ

avatar

photo_1587428599384_f67a2092769a.jpeg
https://unsplash.com/photos/XT1htKRl_0A
ဒီခေါင်းစဥ်ကို ပေးပြီး စာတစ်ပုဒ်အဖြစ် ရေးဖွဲ့တင်ပြလိုက်ခြင်းဟာ hiveပေါ်၌ ကျွန်နော်ရဲ့ ပထမဆုံး ရရှိလိုက်တဲ့ မိတ်ဆွေတစ်ယောက်ကို ရည်ညွှန်းပြီး ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။

ဒီစာကို ရေးချတင်ပြလိုက်ရခြင်း၏ အဓိကအကြောင်းရင်းကို ရင်ဖွင့်ရလျှင်
ကျွန်နော်ဟာ hiveဆိုတဲ့ စာရေးခြင်းကို အဓိကထား၍ ငွေရှာသောလမ်းမပေါ်၌ အပေါင်းအသင်းမရှိ မိတ်ဆွေမရှိပဲ တစ်ယောက်ထဲ ကိုယ့်ဒူးကိုယ်ချွန်ရင်းဖြင့် အချိန်အတော်ကြာအောင် ရှင်သန်ဖြတ်သန်း ရုန်းကန်ခဲ့ရပါတယ်။
ကူညီမည့်သူမရှိ အားပေးမယ့်သူမရှိ ကိုယ်ရေးချင်သလိုရေး ကိုယ်ရေးတက်သလိုရေးသားပြီး hiveတွင် ယနေ့အချိန်ထိ ရှင်သန်နိုင်ဖို့အတွက် ကြိုးစားမှုတွေ များစွာဖြင့် ရှင်သန်နေရသူတစ်ယောက်ပါ။
လူဆိုတာ အပေါင်းအသင်းမိတ်ဆွေရှိရင် ခွန်အားဖြစ်စေပါတယ်။
အပေါင်းသင်းကောင်း မိတ်ဆွေကောင်းများနဲ့ တွေ့ဆုံ ခင်မင်ရင်းနှီးခွင့်ရလျှင် မိမိလုပ်ကိုင်နေသောအလုပ်၌ မိမိ၏စိတ်ကို ပို၍ ပျော်ရွှင်မှုရှိစေနိုင်သလို ခွန်အားများလည်း ဖြစ်စေနိုင်ပါတယ်။

ကျွန်နော်မှာ မိတ်ဆွေကောင်းတစ်ယောက် ရရှိနေပါပြီ။
ထိုမိတ်ဆွေနဲ့ တွေ့ဆုံရင်းနှီးခွင့်ရရှိခဲ့တဲ့အတွက် များစွာဝမ်းမြောက် ပျော်ရွှင်မိပါတယ်။
ထိုမိတ်ဆွေက ကျွန်နော်ကို စာတွေအမြဲရေးချတင်ပြနိုင်ဖို့အတွက် ခွန်အားများစွာဖြစ်စေခဲ့ပါတယ်။
ထိုမိတ်ဆွေကြောင့် ကျွန်နော်ဟာ စာတွေအများကြီးကို ရေးချလာနိုင်ခဲ့ပါပြီ။

မနေ့က ကျွန်နော်ဟာ ထိုမိတ်ဆွေရဲ့ blogထဲကိုဝင်ပြီး ရှည်လျားသော မန့် မှတ်ချက်တစ်ခုချခဲ့လိုက်ပါတယ်။
ထိုမိတ်ဆွေက ကျွန်နော်ရဲ့ မှတ်ချက်ပေးမှုကို "ခင်ဗျားရဲ့ နှိုက်နှိုက်ချွတ်ချွတ် မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ် "ဆိုပြီး စာပြန်လာခဲ့ပါတယ်။
ထိုမိတ်ဆွေဘက်က ပြန်စာကိုဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်နော်ဟာ အားရကျေနပ်မှုတွေ စိတ်၌ဖြစ်စေခဲ့ပါတယ်။
ထိုပြန်စာကို စာဖတ်သူမိတ်ဆွေများအနေဖြင့် ဖတ်ကြည့်လိုက်ရင် ထူးဆန်းတဲ့ စကားလုံးတွေမဟုတ်ပါဘူးလို့ ထင်မြင်ကြပါလိမ့်မယ်။
ထိုမိတ်ဆွေက ပေးပို့လိုက်သော ပြန်စာက ကျွန်နော်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုကို hiveပေါ်၌ ပေးဆပ်ချင်သွားအောင် လှုံ့ဆော်ပေးလိုက်သော ပြန်စာတစ်ဆောင်ဖြစ်နေပါတယ်။
ထိုမိတ်ဆွေ ပေးပို့လိုက်သော ပြန်စာကမထူးဆန်းပေမယ့် သူ့ရဲ့စကားလုံးတွေက ကျွန်နော်အတွက် လေးနက်မှုတွေပါဝင်နေတယ်ဆိုတာကို ကျွန်နော်ခံစားမိလိုက်ပါတယ်။
ထိုမိတ်ဆွေရဲ့ စကားတစ်ခွန်းဟာ hiveပေါ်၌ လူငယ်တစ်ယောက် ဆက်လက်ရှင်သန် ဖြတ်သန်းသွားနိုင်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။
ကျွန်နော်အတွက် လိုအပ်နေတာ အဲ့ဒီလိုတွန်းအားမျိုးပါ။
ယခု ကျွန်နော်လိုချင်နေတဲ့ တွန်းအားတစ်ခုကို ထိုမိတ်ဆွေက ပေးလာခဲ့ပါပြီ။
ကျွန်နော်ဆက်လက် ရှင်သန်ဖို့အတွက် ခွန်အားတွေရှိနေပါပြီဟု ရေးသားတင်ပြ ရင်ဖွင့်လိုက်ပါတယ်ခင်ဗျာ။
ခွန်အားရှိသောစကားလုံးများကို ပေးလာတဲ့အတွက် ဒီနေရာကနေ အများကြီး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

author:@thurawinkyaw
photo images:unsplash.com



0
0
0.000
1 comments