ကျွန်နော်တို့အားလုံး ရှင်သန်နိုင်ဖို့အတွက် နေ့စဥ်အလုပ်များ ရှိနေပါတယ်

avatar

photo_1624137461186_b1e0196b8702.jpeg
https://unsplash.com/photos/kE0o9syjDZQ
အလုပ်ဟုဆိုလိုက်တာနဲ့ လူတွေဟာ ပိုက်ဆံဆိုသော ငွေရတဲ့အလုပ်တစ်ခုထဲကိုသာ မှတ်ယူမိတက်ကြပါတယ်။
ကျွန်နော်တို့ မြန်မာပြည်ဟာ ကိုဗစ် ရောဂါပိုးမွှာ၏ နှိပ်စက်သောဒဏ်ကို ခံနေရသလို နိုင်ငံ၏ အရေးအခင်း ပြသနာများ၏ ကြား ထိုနှစ်မျိုးလုံး၏ကြားတွင် ဆားခဲလေးညှတ်​ေနသလို ဖြစ်နေကြရပါတယ်။
စားဝတ်နေရေးအတွက် နေစဥ်ခက်ခဲနေကြရသလို ထိုအရေးနှစ်ခုကြောင့် မိမိ၏အသက်ကို နေ့စဥ်ရှင်သန်နိုင်ရေးအတွက် အချိန်တိုင်းမှာ သတိဆိုတဲ့အနေအထားနဲ့ ကြိုးစားနေကြရပါတယ်။
ထိုသို့သောအကြောင်းအမျိုးမျိုးတို့ကြောင့် အလုပ်ကိစ္စအကြောင်း ရေးချလိုက်ရင် ကျွန်နော်တို့မှာ လုပ်စရာအလုပ်မရှိပါဘူးလို့ မြန်မာပြည်ကမိတ်ဆွေများက ပြောကြပါလိမ့်မယ်။
အလုပ်မရှိဘူးဟု မိတ်ဆွေတို့အနေဖြင့် ကိုယ့်ကိုကိုယ် ခံယူထားတယ် သတ်မှတ်ထားမယ်ဆိုရင်တော့ ကျွန်နော်အနေဖြင့် မိတ်ဆွေတို့ရဲ့အဖြေဟာ လုံးဝမှာယွင်နေပါတယ်လို့ ပြောရပါလိမ့်မယ်။
ကျွန်နော်တို့အားလုံးမှာ လုပ်စရာအလုပ်များ မပြီးပြက်အောင်ကို နေ့စဥ်အလုပ်များ ရှိနေကြပါတယ်။
ညအချိန်အခါ အိပ်ပျော်သွားလို့ အသိစိတ်ကင်းမဲ့နေသောအချိန်များမှလွဲလို့ မနက်မိုးလင်း အိပ်ရာပေါ်၌ မျက်စိနှစ်လုံး ဖွင့်လိုက်သည့်အချိန်မှအစပြုပြီး လုပ်စရာအလုပ်များဟာ မိတ်ဆွေတို့ကို တန်းဆီပြီးတော့ စောင့်ကြိုနေကြပါလိမ့်မယ်။
ထိုအလုပ်များကတော့ မနက်မိုးလင်းလို့ အိပ်ရာထရတာကလည်း အလုပ်တစ်ခုပါ။
မျက်နှာသစ်ရတာကလည်း အလုပ်တစ်ခုပါ။
သွားတိုက် ပြီး တကိုယ်ရည်သန့်ရှင်းရေးအတွက် ရေချိုရတာကလည်း အလုပ်တစ်ခုပါ။
အိမ်သန့်ရှင်းရေးလုပ်ရတာကလည်း အလုပ်တစ်ခုပါ။
ဗိုက်ဆာနေလို့ အစားအစာစားပြီး ရေသောက်ရတာကလည်းအလုပ်တစ်ခုပါပဲဗျာ။
ဲဘုရားရှိခိုး ပန်း ေရချမ်း ရေပူ ရေအေး ဆွမ်းကပ်တာကလည်း အလုပ်တစ်ခုပါ။
မိမိနေထိုင်သော နေအိမ်ထဲမှာ နေ့စဥ်မပြီးဆုံးနိုင်သော နေ့စဥ်လုပ်ရသည့် အလုပ်များစွာရှိနေပါတယ်ဆိုတာကို မိတ်ဆွေတို့မမေးထားကြပါနဲ့။
မိမိကိုယ်ကို ငါအလုပ်မရှိဘူး လုပ်စရာအလုပ်မရှိဘူးဆိုပြီး စိတ်ပျက်စွာနဲ့ အတွေးတွေကို နယ်ချဲ့ပြီး လုပ်စရာမရှိဘူးဆိုပြီး ထိုင်စဥ်းစားမနေပါနဲ့။
အဲ့ဒီလို ထိုင်စဥ်းစားနေသရွေ့ကတော့ မိတ်ဆွေတို့အနေဖြင့် ငါဘာလုပ်ရမလဲ?ဆိုတဲ့ မေးခွန်းကလဲွဲပြီး တစ်နေ့သာ အလုပ်များကို ဘာတစ်ခုမှ လုပ်ဖြစ်လိုက်နိုင်မှာမဟုတ်ပါဘူး။
ကျွန်နော်တို့ လူသားတွေဟာ အလုပ်မလုပ်ပဲနဲ့ မိမိရရှိထားသောဘဝ၌ အသက်ရှည်ရှည် မနေနိုင်ကြပါဘူး။
ထို့ကြောင့် နေ့စဥ်အချိန်တိုင်းမှာ ငါဘာလုပ်ရမလဲ?ဆိုတာကို အမြဲတွေးနေတက်ကြပါတယ်။
အထက်ပါရေးသားတင်ပြခဲ့သော စကားလုံးများထဲက မိိမိအိမ်မှာနေပြီး နေ့စဥ်လုပ်ဆောင်ရမည့်အလုပ်များကို လုပ်ယုံဖြင့် ကျွန်နော်တို့ လူသားတွေဟာ အသက်ရှင်သန်နေထိုင်နိုင်ကြပါလိမ့်မယ်။
ွငွေရှာသောအလုပ်တစ်ခုထဲကိုသာ အလုပ်ဟု သတ်မှတ်မထားကြပါနဲ့။
ယခုလို မြန်မာတစ်နိုင်ငံလုံး အငတ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာ အသက်ရှင်သန် နေထိုင်နိုင်ရေးက အဓိကအရေးကြီးဆုံးဖြစ်ပါတယ်။
ထိုအတွက်ကြောင့် အထက်၌ ရေးသားထားသော မိမိအိမ်ထဲမှာနေထိုင်ရင်းဖြင့် တစ်နေ့သာ နေ့စဥ်အလုပ်များကို လုပ်ကိုင်ရင်ဖြင့် ကျွန်တော်တို့ အားလုံးအတွက် အသက်ဆက်ရှင်သန်နိုင်ဖို့ အခွင့်အရေးရနေပါလိမ့်မယ်။
ထိုအလုပ်များကို မလုပ်ရင်တော့ အိမ်ထဲမှာ နေထိုင်ပြီး စိတ်မွန်းကြပ်ကာ အသက်ဆက်ရှင်သန်ချင်သော စိတ်များပျောက်ဆုံးက ဘဝကပေးထားသော မိမိရဲ့အသက်တစ်ချောင်းဟာ သေမင်းလက်ထဲပေးအပ်လိုက်ရပါလိမ့်မယ်လို့ ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။
@thura



0
0
0.000
1 comments