သွား​လေသူ

avatar

တ​နေ့ကပဲ Hive Myanmar Mess Groupထဲမှာ @Hein khant Maung (or) ကိုဟိန်းက ကိုသက် (or) ကိုသက်ကို​ဇော် ​ဆေးရုံတက်​နေတယ် ​ပြောပါတယ်။ မ​နေ့က ညက​တော့ ဆုံးပါးသွားပါပြီတဲ့။ ကျမတို့ Hive Myanmar မိသား​စု​အားလုံးလည်း ကာယကံရှင်​တွေနဲ့ ထပ်တူ ဝမ်းနည်းရပါ​ကြောင်း ​ပြောချင်ပါတယ်။


source Image

ကိုသက်ကို​ဇော်က အခု Hive မှာ စာ​တွေ မ​ရေး​တော့​ပေမဲ့ အရင် Steemတုန်းက Admin Teamထဲမှာ ပါဝင်ပါတယ်။ ကျမနဲ့က Groupထဲမှာ သိပ်ရင်းရင်းနှီးနှီးမရှိ​ပေမဲ့ မန္တ​လေးမှာ MSC Meeting လုပ်တုန်းက ကိုဟင်​ရေးထားတဲ့ ပိုလ့်​တွေက​နေ ကိုသက်ရဲ့ ပုံရိပ်အချို့ကိုရင်းနှီး​နေခဲ့ပါတယ်။ မန္တ​လေးသားဖြစ်ပြီး ဆိုင်ကယ်အ​မောင်းကြမ်းတာ​တော့ မှတ်မိ​နေပါ​သေးတယ်။ ကျမနဲ့ အပြင်မှာ​တော့ ​တွေ့ဆုံဘူးခြင်း မရှိပါဘူး။

ကိုသက်ရဲ့ မိသားစု​ဝင် အ​ဖေ အကို သား​လေးတို့ကလည်း မ​ရှေးမ​နှောင်းမှာ ဆက်တိုက်ဆိုသလို ဆုံးပါးသွားရတဲ့အတွက် ကျမ အပါအဝင် Hive Myanmar မိသားစု​တွေ အားလုံး ထပ်​​​လောင်းပြီး စိတ်မ​ကောင်းဖြစ်ရပြန်ပါတယ်။ အခု​ခေတ်ကာလမှာ ​နေ့မြင် ​ည​ပျောက်​တောင် မဟုတ်ပဲ ​နေ့မြင် နေ့လည်​ပျောက်လို့​တောင် ဆိုရိုး​ပြောင်းလိုက်လို့ ရ​နေပါပြီ။ ​သံသရာခရီးကို ​လျှောက်လှမ်းရတဲ့အခါ လူတိုင်း လူတိုင်း မဖြစ်မ​နေ ​လျှောက်လမ်းရမည့် ​လမ်းဟာ သေခြင်းတရား ဖြစ်ပါတယ်။ အရင်သွားနှင့်သူနှင့် ​နောက်မှ သွားသူသာကွာခြားပါလိမ့်မယ်။ ကောင်းရာဘုံ ဘဝမှာ ​အေးချမ်းပါ​စေ ကိုသက်ကို​ဇော်။



0
0
0.000
14 comments
avatar

အပေါင်းအသင်းအပေါ်အနစ်နာခံတတ်တဲ့သူတစ်ယောက်ဆုံးရှုံးရတာ မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်ဗျာ 😢

0
0
0.000
avatar

ဟုတ်ပ ကိုစိုး​ရေ

0
0
0.000
avatar

Congratulations @suhlaing! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

HiveFest⁷ Meetings Contest
HiveFest⁷ - Participate in the Balls of Steel tournament and get a new badge
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

ကောင်းရာဘုံဘဝရောက်ပါစေ အကိုရေ...
"ဘာပဲပြောပြော ငါတို့ မန်းလေး MSC တွေ
စည်းလုံးကြောင်း ပြကြမယ်ကွလို့"
အကိုပြောတဲ့စကားကို ကြားယောင်နေမိပါသေးတယ်...

!PIZZA

!LUV

0
0
0.000
avatar

စိတ်မ​ကောင်းခြင်း​တွေနဲ့

0
0
0.000
avatar

သွားနှင့်သူကတော့ အေးချမ်းသွားပါပြီ။ ကျန်နေသူတို့ ရုန်းကန်ကြရပါအုံးမည်။ !PIZZA

0
0
0.000
avatar

ဘယ်မှာ ပြီးဆုံးမယ် မမှန်းဆနိုင်တဲ့ ဘဝခရီးရှည်ကြီးကို

0
0
0.000
avatar

သွားနှင့်အုံးပါလေ။
!PIZZA

0
0
0.000
avatar

စိတ်မ​ကောင်းစရာပါ ဘ​ထွေး😓

0
0
0.000