မိုးသည်းည ပြဇာတ် - ၂
အခန်း (၂)
သူသည် မျက်နှာပြင်ပေါ်မှ မိုးရေစက်များကို လက်ဖြင့် ခပ်ကြမ်းကြမ်း သပ်ချလိုက်သည်။ ပြီးတော့ မိုးကာ ခေါင်းစွပ်ကို ရှေ့သို့ ခပ်ငိုက်ငိုက်ဖြစ်အောင် ထပ်မံဆွဲချလိုက်သည်။ မှောင်မဲနေသည့် သည်လမ်းတွင် တစ်ခါတစ်ရံ လျှပ်ရောင်ကြောင့် လမ်းကျဥ်းထဲတွင် မှန်းဆလျှောက်နေရသည်။ ဘယ်အရပ်သို့ ရောက်နေသည် သူ မသိ။ ဘယ်ဆီသို့ သွားရမည် သူမသိ။ သူ အလိုရှိရာ ခရီးသည် ဘယ်ဆီ မသိ။ သူ သိသည်က သည်လိုမိုးနှင့် သူ ခရီးဆက်ရန် မဖြစ်။ ထို့ကြောင့် ကောင်းမွန်စွာ အနားယူနိုင်မည့် ခိုလှုံစရာ နေရာ တစ်ခုကို သူရှာဖွေရမည်။
ထိုသူသည် ရွာဟု ထင်ရသည့် မီးရောင်ခပ်ပျပျနှင့် နီးရာ ခရီးသွားလမ်းမကြီး၏ တစ်နေရာတွင် Express ပေါ်မှ ဆင်းခဲ့သည်။ ပြီးတော့ ထိုလမ်းလေးအတိုင်း စမ်းတဝါးဝါး လျှောက်လှမ်းလာခဲ့သည်။ လမ်းကျဥ်းလေးထဲသို့ သူ လျှောက်လာသည်မှာ မိနစ် ၂၀ ခန့်တော့ ရှိပေမည်။ ယခု အထိ နားနေစရာ အိမ်တစ်လုံး တဲတစ်ခုပင် သူမတွေ့သေး။ လူ နေအိမ် မရှိလျှင်တော့ သစ်ပင်ကြီးကြီးအောက်တွင် ခဏ မိုးခိုရန် သူတွေးလိုက်သည်။
သူ့ တစ်ကိုယ်လုံးလည်း မိုးရေများစိုရွှဲကာ ခိုက်ခိုက်တုန်နေပေပြီ။ ပြီးတော့ သူ့တွင် လဲစရာ အဝတ်အစား မရှိ။ အိတ်တစ်လုံး စားစရာ တစ်ခုပင်မပါ။ ဆာလောင်မှုနှင့် အေးစိမ့်မှုကို တစ်ခါတည်း ခံစားနေသော သူသည် အမှောင်ထုထဲသို့ တိုးဝင်နေမိသည်။ တစ်ခါတစ်လေတော့လည်း ရှင်သန်ရသည်ကို သူငြီးငွေ့လာသည်။ ခက်ခဲ ကြမ်းတမ်းသော သူ့ဘဝတွင်လည်း တမ်းတ မက်မောစရာ ဘာမှမရှိ။ ထိုသူသည် မျှော်လင့်ချက်မဲ့စွာ အမှောင်ထဲထဲ တိုးဝင်ရင်း မီးရောင် ပျပျလေးကိုမလှမ်းမကမ်းတွင် လှမ်းမြင်လိုက်ရလေသည်။
ဆက်ရန်
အပိုင်း (၁)
https://ecency.com/hive-122133/@suhlaing/mothiny-pyzundefined-1
Thank for sharing !pizza !hiqvote
Yay! 🤗
Your content has been boosted with Ecency Points, by @suhlaing.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more