မိုးသည်းည ပြဇာတ် - ၁
အခန်း (၁)
မိုးသက်လေတို့က ဖြည်းညင်းစွာ တိုက်ခတ်လာသည်။ လေထဲတွင် ပါဝင်သော အေးမြစိုစွတ်မှုကြောင့် သေချာပေါက် မိုးရွာမည်ဟု တွက်ဆနိုင်သည်။ မိုးရွာရင်တော့ လှမ်းထားသည့် မုန်ညှင်းရွက်ခြောက်များပြန်စိုပေအုံးတော့မည်။ တနေ့ထဲက ရေဆေးကြောပြီး အခြောက်ခံထားတာမို့ မိုးစို၍ အဖြစ်ပေ။ သူမသည် ဒူးနှစ်ဖက်ပေါ်တွင် လက်တင်ကာ ဖြည်းဖြည်းထလိုက်သော်လည်း လူက ယိုင်သွားသည်။
" ကျွတ် ကျွတ် ကျွတ် အော် ငါ့နှယ် ဒီတောင်ဝှေး ဘယ်နားမှာပါလိမ့်"
သူမသည် ပါးစပ်မှ တစ်ပျစ်တောက်တောက် ရေရွတ်ရင်း လက်ဖြင့် အသာအယာ ဘေးကို စမ်းနေလေသည်။ အသက် ၈၀ကျော်အရွယ် သူမ အဖို့ ရေနံဆီ မီးအိမ် အလင်းရောင်သည် ကောင်းစွာ မြင်ရသည့် အနေအထေားတွင် မရှိတော့။ ကြမ်းပြင်အောက်သို့လဲကျနေသော တောင်ဝှေးကို ကောက်ယူလိုက်ရင်း အင်အားချိနဲ့စွာ ထလိုက်သည်။ ထို့နောက် အိမ်အပြင်သို့ မှုန်ဝါးသည့် အမြင်ကြားမှ မှန်းဆကာ ထွက်ခဲ့တော့သည်။ အိမ်အပြင်တွင် လရောင် ကြယ်ရောင် အလျဥ်းမရှိသည့် မဲမှောင်သည့် ကောင်းကင် ပြင်ကြီးသာ။ တချက်တစ်ချက် အနောက်ဖက်ကောင်းကင်မှ လျှပ်ရောင်ကို တွေ့ရသည်။
" မိုးနဲ့လေနဲ့ သားနဲ့သမီး အလုပ်ကနေ အိမ်မှ ပြန်ရောက်ပါအုံးမလား မြေးလေးတွေကော နေထိုင်ကောင်းပါလေစ အိုးး တော်ပါပြီ မတွေးတာ ကောင်းပါတယ်"
သူမသည် တွေးလက်စ အတွေးကို ဇွတ်မေ့ပစ်ဖို့ ကြိုးစားရင်း ဦးခေါင်းကို ခပ်ဆက်ဆက် ခါရမ်းပစ်လိုက်သည်။ ထို့နောက် ဖျာကြမ်းဖြင့် ခင်းထားသော မုန်ညှင်းရွက်များကို သိမ်းကြုံးကာ အိတ်အလွတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် တောင်ဝှေးလေးကို အားပြုရင်း အမယ်အိုသည် အိမ်အိုလေးထဲသို့ တရွေ့ရွေ့ ပြန်ဝင်သွားသည်နှင့် မိုးက အညှိုးကြီးစွာ ရွာချလိုက်လေသည်။ အမယ်အို၏ အိမ်သည် သိပ်တော့ဖြင့် မကြီးပါ။ သူတစ်ကိုယ်စာနေသာရုံ ပျဥ်ခင်းပြင်ကာ သွပ်မိုး အိမ်ကလေး တစ်လုံးသာ ဖြစ်သည်။ အိမ်၏ နံရံကို ရေနံချေးများ ဝနေအောင် သုတ်ထားသဖြင့် ဟောင်းနွမ်းနေသည်မှာ သိပ် မသိသာလှပေ။ ရွာဘက် ခြံများဖြစ်သဖြင့် ခြံဝန်းကတော့ အတော်ကျယ်လှပါသည်။ ခြံအတွင်းနှစ်ရှည်ပင်များနှင့် အုံ့ဆိုင်းနေသည့်အပြင် အိမ်မဲမဲလေးမှာ သည်လိုမိုးသည်းညများတွင် သေချာကြည့်မှ မြင်ရနိုင်ပေမည်။
ဆက်ရန်
အဲသလိုတွေရေးတင်ပါ !LUV
@ansoe(1/1) gave you LUV.
tools | wallet | discord | community | <>< daily
HiveBuzz.me NFT for Peace
အမြဲတမ်းတော့ မရေးဖြစ်ဘူးဆို😊
If you have at least 10 HIQS staked, then juicy votes will follow!
Delegate [HP to @hiq.hive], [BEE to @hiq.bee], [PHOTO to @hiq.photo], [FUN to @hiq.fun] or [PIMP to @hiq.pimp] to support the HiQ Smart Bot and its trails.
For any further questions, please feel free to contact @hiq.redaktion via comment or Discord.
(This is a
semiautomaticaly created manual curation. Currently I am in the testing phase though !LOL)Check out HiQ - The Hivestyle Magazine, fomo into HiQs - The Support Token & vote our fuckingWitness!
Good
!LUV
!hiqvote
@naythan(1/3) gave you LUV.
tools | wallet | discord | community | <>< daily
HiveBuzz.me NFT for Peace
@naythan ပျောက်သွားလို့ ဘာဖြစ်တယ် မသိရ၊ စိုးရိမ်မိ၊ စိတ်မကောင်းဖြစ်မိနေတာ။ ခု ပြန်ပေါ်လာတာ ဘယ်သူပါလဲ သူပဲလား။
ပြန်လာခဲ့မယ်အကို
နေရာအပြောင်း အရွေ့လေးကြောင့် ကြာနေတာ
သတိရပေးလို့ ကျေးဇူးပါ
ကျန်းမာရေးကတော့ ပြန်ကောင်းသွားပါပြီ
!LUV
@naythan(2/3) gave you LUV.
tools | wallet | discord | community | <>< daily
HiveBuzz.me NFT for Peace
ရှင်သန်နေသေးတာ သိရလို့ ဝမ်းသာပါတယ်။
Welcome Back !luv
@tin.aung.soe(1/4) gave you LUV.
tools | wallet | discord | community | <>< daily
HiveBuzz.me NFT for Peace
Thanks
PIZZA Holders sent $PIZZA tips in this post's comments:
@hiq.smartbot(3/5) tipped @suhlaing (x1)
Learn more at https://hive.pizza.
စာအသွား ရေးထားတာ ညက်နေတာပဲ။ ဆက်ရေးပါဦးဗျ။
ဟုတ်ကဲ့ ကျေးဇူးပါရှင့်