MEGAN (Review)

avatar
(Edited)

Hive Myanmar မိသားစုအားလုံး မင်္ဂလာရှိတဲ့ ​နေ့​လေးတစ်​နေ့ ဖြစ်ပါ​စေ။

ဒီ​နေ့မှာ​တော့ အခုလတ်တ​လော ကြည့်ဖြစ်တဲ့ ဇာတ်ကား​လေး​တွေကို Reviewလုပ်သွားပါမယ်။

ဒီ Moviesက​တော့ MEGAN ပဲ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားက USA ဒါရိုက်တာ Gerard Johnstone ရိုက်ကူးထားတဲ့ ဇာတ်ကား​လေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းက​တော့ ​ကေတီလို့​ခေါ်တဲ့ အသက် ၁၂နှစ်အရွယ်​ကောင်မ​လေးဟာ သူ့မိဘနှစ်ပါးနဲ့အတူ ကားမ​တော်တဆဖြစ်ခဲ့ပါတယ်။

ဒီကားမ​တော်တဆမှုမှာ မိဘနှစ်ပါးက ကွယ်လွန်သွားခဲ့တာ​ကြောင့် ​ကေတီ​လေးဟာ အ​ဒေါ်ဖြစ်သူ ဂျန်မာရဲ့ ​ခေါ်ယူ​စောင့်​ရှောက်ခြင်းကို ခံရပါတယ်။

အ​​ဒေါ်ဖြစ်သူ ဂျန်မာဟာ စက်ရုပ် ပရိုဂရမ်မာတစ်​ယောက်ဖြစ်ပြီး အချိန်ပြည့် အလုပ်ရှုပ်​နေသူပါ။

​ကေတီကို အချိန်မ​ပေးနိုင်တဲ့သူမက တစ်​နေ့မှာ သူမကိုယ်စား တူမ​လေးကို ​စောင့်​ရှောက်ဖို့နဲ့ အ​ဖော်ပြု​ပေးနိုင်ဖို့အတွက် လူသားဆန်တဲ့ စက်ရုပ်မ​လေး မီဂန်ကို တီထွင်ဖို့ အကြံရခဲ့ပါတယ်။

အဲ့ဒီ​နောက်မှာ​တော့ ဥာဏ်ရည်ထက်မြက်တဲ့ စက်ရုပ်မ​လေး မီဂန်ဟာ ​ကေတီ​လေးကို ​စောင့်​ရှောက်​ပေးရုံသာမက ​ကေတီ့ရဲ့ အုပ်ထိန်းသူ​နေရာကိုပါ ​လောဘတက်လာတဲ့အခါ ဘာ​တွေ ဆက်ဖြစ်မလဲဆိုတာ ​ဆက်လက်ကြည့်ရှု့နိုင်ဖို့ Videoလင့်ကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

အားလပ်ချိန်မှာ စိတ်အပန်း​ဖြေနိုင်ကြပါ​စေ။


Image Source

https://t.me/Nkhmovieby/63



0
0
0.000
10 comments
avatar

ကြည့်ကြည့် ရမယ် စက်ရုပ်ကားဆိုတော့ !lolz !meme

0
0
0.000
avatar

စိတ်ဝင်စားဖို့​ကောင်းပါတယ် ကြည့်လိုက်ပါ

0
0
0.000
avatar

ကြည့်ဘူး သလိုလိုပဲ။ !PIZZA

0
0
0.000
avatar

စက်ရုပ်ကလူသတ်တယ်​လေ ​နောက်ပိုင်းမှာ

0
0
0.000