စာရေးနည်း (၁)

avatar
(Edited)

pen.jpg

ယနေ့အတွက် စာတပုဒ် ရေးရဦးမည်။ ရေးစရာ အကြောင်းအရာများစွာ ရှိသော်လည်း လက်တွေ့ချရေးရန်အတွက်မူ ထိုက်သင့်သော အချိန်ယူရဦးမည်။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အရေးဆန်သော စာတပုဒ်ဖြစ်ရန် အားစိုက်ရသည်မှာ ဝါသနာရှင်များအဖို့ လွယ်ကူလှသည် မဟုတ်ပေ။

စာရေးခြင်းဆိုသည်မှာ စိတ်ကူးများကို ခြေဆန့်ခြင်းပင် ဖြစ်သည်။ ခြေဆန့်သည်ဆိုသော်ငြားလည်း ပန်းတိုင်တော့ ရှိရမည်။ ခရီး နီးသည်ဝေးသည်မှာ ပဓါနမကျပေ၊ ပန်းတိုင်ရောက်ဖို့သာ လိုရင်း ဖြစ်သည်။

စာရေးခြင်း စိတ်ကူးများကို အရပ် ၈ မျက်နှာသို့ ခြေဆန့်နိုင်ပါသည်။ သို့သော် ဦးတည်ရာမဲ့ ရောက်တတ်ရာရာ ခြေဆန့်နေပါက ခြေကုန်လက်ပမ်းကျခြင်းသာ အဖတ်တင်ပါလိမ့်မည်။

ထိုသို့ မဖြစ်ရန် လမ်းပြမြေပုံ တခုတော့ရှိရန် လိုအပ်လှသည်။ လမ်းပြမြေပုံ ဆိုသည်မှာ စာပေလောကမှ စာရေးဆရာကြီးများ၏ အလေ့အထ၊ အတွေ့အကြုံ၊ လမ်းညွှန်ချက်၊ အကြံပြုချက် စသည်တို့ကို ဆိုလိုပါသည်။

စာရေးခြင်းမှာ အနုပညာတရပ်လည်း ဖြစ်သည်။ အနုပညာဟူသည် အနုပညာဖန်တီးမှု ပါရမီရှိရရန် လိုအပ်လှသည်။ သို့သော် စာရေးခြင်းအနုပညာတွင် ကိုယ်တိုင်ခံစားမှု နှင့် စာရေးခြင်းအတတ်ပညာ ဟူ၍ ၂ ပိုင်း ရှိပါသည်။

လမ်းပြမြေပုံ သို့မဟုတ် စာရေးဆရာကြီးများ၏ ကဗျာရေးနည်း၊ တွေးနည်း၊ ကြံနည်း၊ ဆောင်းပါးရေးနည်း၊ ဝတ္ထုရေးနည်း၊ အတွေ့အကြုံရှာနည်း၊ ဘာသာပြန်ဆိုနည်း စသည်တို့ မှာ အတတ်ပညာပိုင်း ဖြစ်ပါသည်။

မိမိသည် စာပေဖတ်ရှုခြင်း အလေ့အထရှိသည့် အားလျှော်စွာ ယခုကဲ့သို့ စာတိုပေစ ရေးသားခြင်း၌လည်း ပျော်မွေ့ပါသည်။ စာရေးသားရာတွင် အထောက်အကူ ဖြစ်စေရန် စာရေးဆရာကြီးများ၏ လမ်းညွှန်ချက်များကိုလည်း မှတ်စုရေးထားလေ့ရှိပါသည်။

HIVE MYANMAR ပေါ်ရှိ မိတ်ဆွေများတွက် မိမိ ကူးယူထားသော စာရေးနည်းတခုကိုတော့ ယနေ့ မျှဝေလိုပါသည်။ ဤစာရေးနည်း လမ်းညွှန်ချက်မှာ ဘာသာပြန် စာပေလောကတွင် အထင်ကရ ဆရာကြီးတဦးဖြစ်သော မောင်မြင့်ကြွယ်၏ လမ်းညွှန်ချက် ဖြစ်ပါသည်။

စာပေရေးရာဆောင်းပါးများတွင် ပါဝင်ရမည့်အချက်ကြီး ၄ ချက် ရှိပါသည်။
တိုကျဉ်း၊ ကိုးမှန်၊ ရေးထုံးမှန်၊ အားခွန်ရှိရမည်၊ ပိုင်နိုင်၊ ချက်ကျ၊ သင့်တော်မှ၊ ဝါကျကျစ်လစ်မည်

တိုကျဉ်း - (၁) တိုတိုကျဉ်းကျဉ်း ရေးဖွဲ့ရမည်။
ကိုးမှန် - (၂) အကိုးအကား မှန်ရမည်။
ရေးထုံးမှန် - (၃) ရေးထုံးမှန်ရမည်။
အားခွန်ရှိရမည် - (၄) ခွန်အားရှိသောစာ ဖြစ်ရမည်။
ပိုင်နိုင် - (က) အကြောင်းအရာ ပိုင်နိုင်ရမည်။
ချက်ကျ - (ခ) အချက်ကျကျ ရေးနိုင်ရမည်။
သင့်တော်မှ - (ဂ) သင့်တော်သော အသုံးအနှုန်း ရွေးချယ်ရမည်။
ဝါကျကျစ်လစ်မည် - (ဃ) ကြံ့ခိုင်ကျစ်လစ်သော ဝါကျဖြစ်ရမည်။

ဆရာ မောင်မြင့်ကြွယ်၏ လမ်းညွှန်ချက်ကို လေ့လာမှတ်သား၍ လက်တွေ့ စမ်းသပ်ရေးကြည့်ပါလေ။ ဤနည်းလမ်းသည် မိတ်ဆွေတို့အတွက် ဝါသနာရှင်အဆင့်မှ ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ရန် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
03.12.2021



0
0
0.000
15 comments
avatar

ရေးစရာအကြောင်းတွေအများကြီးရှိပေမဲ့ တခါတရံတကယ်ရေးမယ်ဆိုတော့ ဘာကစရေးရမှန်းမသိဖြစ်နေတပ်တယ်။

0
0
0.000
avatar

စာရေးချင်သော်လည်း တစ်ခါတစ်ရံ မုဒ်ပျောက်နေတာက ဆိုးတယ်ဗျာ။

0
0
0.000
avatar

မှတ်သားစရာတွေပါ။ တန်ဖိုးရှိလှပါတယ်။

0
0
0.000
avatar

ဟုတ်ပါတယ် ရေးနည်းလေးတွေ သိထားဖို့လိုအပ်ပါတယ်။ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးပါ..

0
0
0.000
avatar

ရေးနည်းအစုံ လေ့လာချင်ပါသေးသည်။ !LOLZ

0
0
0.000
avatar

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You published more than 80 posts.
Your next target is to reach 90 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Feedback from the December 1st Hive Power Up Day
Hive Power Up Month Challenge - Winners List
0
0
0.000
avatar

လေ့လာမှတ်သား ရေးသားရပါမည်။
ကျေးဇူးပါ။
!PIZZA
!LOLZ

0
0
0.000
avatar

ဟုတ်ကဲ့ ကျွန်တော်လည်းစာတွေရေးရင် စကားလုံးအသုံးမှားတာများနေတော့ စာဖတ်သူအတွက် မချောမွေ့သေးဘူး !LOLZ !PIZZA !LUV

0
0
0.000
avatar

ဟုတ်ကဲ့ ရေးနည်းတွေ လေ့လာချင်ပါတယ်!LOLZ

0
0
0.000