Pythagoras

(Edited)

pythagoras.png

Pythagoras ပိုက်သာဂိုးရပ်စ် သီအိုရမ်ကို အလယ်တန်း ကျောင်းသားဘဝတွင် သင်ယူခဲ့ဖူးသည်။ သီအိုရမ် (၂၉) တွင် "ထောင့်မှန်တြိဂံရှိ ထောင့်မှန်ခံအနား၏ စတုရန်းသည် ကျန်အနားနှစ်ခု၏ စတုရန်းများပေါင်းကိန်းနှင့် တူညီသည်" ဆိုသောကြောင့် သူ့ကို သင်္ချာပညာရှင်အဖြစ် သိရှိထားသည်။

သို့သော် ပိုက်သာဂိုးရပ်စ်သည် သင်္ချာပညာရှင် အဖြစ်သာမက နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ် ဒဿနပညာရှင်၊ မဟာဂန္ဓာရီပညာရှင် အဖြစ် ထင်ရှားကျော်ဇောသူ ဖြစ်ကြောင်း စာအုပ်စာပေများမှတဆင့် သိခဲ့ရသည်။

ပိုက်သာဂိုးရပ်စ်ကို ဘီစီ ၆၀၀ ရာစု၌ ခေါမပြည် (ဂရိ) တွင် မွေးဖွားခဲ့သည်။ သူသည် ထူးခြားထက်မြက်သော ဉာဏ်စွမ်းရည်နှင့် ဇွဲလုံ့လရှိသူ ဖြစ်သောကြောင့် အရွယ်ရောက်သောအခါ ခေါမပြည်မှ အီဂျစ်သို့ သွားရောက်၍ ပညာသင်ကြားခဲ့သည်။

အီဂျစ်တွင် သင်္ချာပညာ၊ သိပ္ပံပညာ၊ မဟာဂန္ဓာရီပညာ (စိတ်စွမ်းအင်နှင့် ဈာန်ပညာ) တို့ကို ၂၂ နှစ်ကြာအောင် ဆည်းပူးလေ့လာခဲ့သည်။ အီဂျစ်တွင် ပညာသင်ကြားပြီးနောက် ပါရှား (အီရန်) ကို ဖြတ်၍ အိန္ဒိယတွင် မဟာဂန္ဓာရီပညာများ ဆက်လက်လေ့လာခဲ့သည်။

အိန္ဒိယ မဟာဂန္ဓာရီ၏ အနှစ်သာရများဖြစ်သော သင်္ချာပညာ၊ နက္ခတ်ပညာ၊ ဂီတပညာ နှင့် သိဒ္ဓိပိုင်းဆိုင်ရာများကို ၁၀ နှစ်တာမျှ သင်ယူလေ့လာပြန်သည်။ အီဂျစ်၊ ပါရှား (အီရန်)၊ ဘေဘီလုံ၊ အိန္ဒိယတို့တွင် ၃၇ နှစ်တာမျှ မဟာဂန္ဓာရီပညာရပ်များ သင်ကြားပြီးနောက် ခေါမသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူသည် အသက် ၆၀ ရှိနေပေပြီ။

ပိုက်သာဂိုးရပ်စ် လေ့လာသင်ကြားခဲ့ရာ တိုင်းပြည်များနှင့် သင်ကြားပေးခဲ့သော ဆရာများ ခြားနားကွဲပြားစေကာမူ မဟာဂန္ဓာရီပညာ၏ အနှစ်သာရ၊ အတွေးအခေါ်၊ ဒဿနမှာ တမျိုးတည်း တခုတည်းသာလျှင် ဖြစ်သည်။

ဧကောဓမ္မော တခုတည်းသော မူလအစ ပထမ ဓါတ်သဘာဝကြီးမှတဆင့် အဖိုစွမ်းအင် (ယင်ဓါတ်) နှင့် အမစွမ်းအင် (ယန်ဓါတ်) ဖန်တီးလိုက်သည်။ အဖိုဓါတ် နှင့် အမဓါတ်တို့ ပေါင်းစည်းမှုဖြင့် တတိယဓါတ် စွမ်းအင်အသစ်တခု ပေါ်ထွန်းလာသည်။

ထို့နောက် မတူညီသော စွမ်းအင်နှစ်ရပ်တို့ အချိုးအစား အမျိုးမျိုး ကွဲပြားစွာ ပေါင်းစပ်ခြင်းဖြင့် စကြာဝဠာနှင့်တကွ လောကကြီး ပေါ်ပေါက်လာသည်။ ဤအတွေးအခေါ်ကို ပိုက်သာဂိုးရပ်စ်က သင်္ချာဖြင့် အထက်ပါ ပုံအတိုင်း သရုပ်ဖော်ခဲ့သည်။ ဤသို့ သရုပ်ဖော်ခြင်းမှ ဆက်လက်၍ ဂျီဩမေတြီ၊ သင်္ချာပညာ၊ ဂဏန်းဗေဒင်ပညာရပ်တို့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

၁၀ သည် မဟာဂန္ဓာရီပညာတွင် အမွန်မြတ်ဆုံးနှင့် အရေးပါဆုံး ကိန်းဂဏန်း ဖြစ်လာသည်။ ဂဏန်းဗေဒင်တွင်လည်း ၁ မှ ၁၀ အတွင်းရှိ ကိန်းများ၏ တန်ဖိုးအလိုက် လူတဦးချင်းစီ၏ စွမ်းရည်နှင့် အားနည်းချက်များကို ထုတ်ဖော်ဟောကြားခြင်း ဖြစ်သည်။ ဤသို့ ၁+၂+၃+၄ = ၁၀ ပါဝင်ဖွဲ့စည်းထားသော တြိဂံကို ပိုက်သာဂိုးရပ်စ်တြိဂံဟု ခေါ်တွင်ပြီး ခေါမ မဟာဂန္ဓာရီပညာ၏ ပထမဆုံးသော အခြေခံပညာ ဖြစ်လာသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
19.12.2021



0
0
0.000

9 comments

ကျုပ်တို့တော့ သင်လေ ချာလေ ပါ
!PIZZA

0
0
0.000

ကျောင်းတုန်းက အတော်ဒုက္ခပေးခဲ့တဲ့ ပုစ္ဆာတွေ.... အခုထိ တြိဂံ တွေ စက်လုံး တွေ မြင်ရင်ကို ကြောက်နေတာ...!LOL. !PIZZA

0
0
0.000

ကျောင်းတုန်းက သင်ခဲ့တာကို အမှတ်ရလာဘီ

0
0
0.000

ဒီလို ဗဟုသုတတွေကြောင့် ဆရာလု လို့ အမည်ကျော်နေတာပေါ့။ !PIZZA

0
0
0.000

ဗဟုသုတ ကြွယ်ပါ့ဗျာ !PIZZA

0
0
0.000
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(12/12) tipped @sayalu (x1)
htwegyi tipped sayalu (x1)
nyinyiwin tipped sayalu (x1)
sheinthu tipped sayalu (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000

ဗဟုသုတ ရတယ်ဆရာ ဆက်စောင့်နေလျှက်ပါ။!PIZZA !LOL

0
0
0.000