Planning , Willpower , Activity

avatar

123.png

လူတဦး၏ မွေးနေ့အရ ဇာတာငယ် (Birthchart) တွင် ဂဏန်းသုံးလုံးတွဲများကို လေ့လာဆန်းစစ်၍ အဓိပ္ပါယ် ဖော်ထုတ်နိုင်ပါသည်။ ဂဏန်းသုံးလုံးတွဲရလျှင် မြှားတစင်းရသည်ဟု တင်စားလိုပါသည်။

မြှားအပြည့်အစုံ (ဂဏန်းသုံးလုံးတွဲ ရရှိခြင်း) သည် သင်၏ အပြုသဘောဆောင်သော စရိုက်လက္ခဏာများနှင့် အားသာချက်များကို ကိုယ်စားပြုသည်။ ၎င်းတို့ကို သင့်ဘဝ တိုးတက်စေရန်အတွက် အသုံးချနိုင်သော ပင်ကိုယ် စွမ်းရည်များအဖြစ် တွေးကြည့်ပါ။

မြှားအလွတ်တခု (ဂဏန်းသုံးလုံးတွဲ မရရှိခြင်း) သည် သင့်အား မည်သည့်နေရာတွင် ချို့တဲ့နေသနည်း။ သင့်ကိုယ်သင် ပြုပြင်ရန် လိုအပ်သည့် သဘောထားကို ပြသနေသည်။ ၎င်းသည် သင်၏ အဆိုးမြင်ပုံစံများနှင့် သဘောထားများကို ဖော်ထုတ်ရန် ကူညီပေးပါသည်။

သင်သည် မြှားတခုမှ မရရှိပါက၊ ၎င်းသည် ဆိုးရွားသည့် အခြေအနေမဟုတ်ပါ။ သင်သည် လိုက်လျောညီထွေရှိသော ကိုယ်ရည်ကိုယ်သွေးကို ပြသသည်။ မတူညီသော အခြေအနေများနှင့် သင့်ကိုယ်သင် ပြုပြင်ပြောင်းလဲ၍ အခက်အခဲနှင့် ပြဿနာကို ကျော်လွှားနိုင်ပါသည်။

ဤပို့စ်တွင် မြှားသုံးစင်းအကြောင်း မိတ်ဆက်ပေးလိုပါသည်။ သင်၏ မွေးရက်၊ မွေးလ၊ မွေးနှစ်တွင် (1+2+3) သို့မဟုတ် (4+5+6) သို့မဟုတ် (7+8+9) ပါဝင်ခြင်းကို ဆိုလိုပါသည်။ လူတချို့တွင် မြှားတစင်းထက်ပို၍ ပါဝင်နိုင်သလို လူတချို့တွင် လုံးဝ မပါဝင်တာမျိုးလည်း ရှိနိုင်ပါသည်။

Planning (1+2+3)

(1+2+3) မြှား ရရှိထားသူသည် အကောင်းဆုံး စီမံကိန်း ရေးဆွဲနိုင်သည်။ သူတို့သည် လုပ်ငန်းများအပေါ် အသေးစိပ် ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အမြဲတမ်း အာရုံစိုက်နေတတ်သည်။ ထိုသို့ အလုပ်ရှုပ်နေသောကြောင့် သူတို့၏ လူမှုဆက်ဆံရေးမှာ အေးစက်စက်နိုင်လွန်းခြင်း နှင့် တကိုယ်ကောင်းဆန်သလို တွယ်တာမှုမရှိသလို ဖြစ်နေတတ်သည်။ (1+2+3) မြှားရှိသူများသည် ၎င်းတို့၏ လွတ်လပ်သောတွေးခေါ်မှုနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို များစွာတန်ဖိုးထားကြသည်။

Willpower (4+5+6)

(4+5+6) မြှားသည် မိမိကိုယ်ကို ထိန်းချုပ်မှုနှင့် ဆုံးဖြတ်မှုကို ညွှန်ပြသည်။ ကြီးမားသောအလုပ်များ၊ တာဝန်များ၊ အတားအဆီးများ- စသည်တို့ကို ကိုင်တွယ်နိုင်စွမ်း ရှိကြသည်။ သူတို့သည် ငယ်ရွယ်စဉ်မှစကာ မိမိကိုယ်ကို အားကိုး၍ တစ်ကိုယ်ကောင်းဆန်သူအဖြစ် ကြီးပြင်းလာတတ်သည်။ ထို့အတွက်ကြောင့် ၎င်းတို့တွင် ခေါင်းမာလွန်းသည့် သဘောကို တွေ့နိုင်သည်။ သူတို့၏ စွမ်းရည်ကို ဟန်ချက်ညီအောင်ထိန်းထားခြင်းအားဖြင့် သူတို့ကိုယ်သူတို့ အလွန်အကျွံ မဖြစ်စေရန် စောင့်ရှောက်သင့်ပါသည်။

Activity (7+8+9)

(7+8+9) မြှား ကိုယ်ရောစိတ်ပါ တက်ကြွစွာ ဆောင်ရွက်မှုသည် သူတို့ဘဝ၏ ကြီးမားသော အစိတ်အပိုင်းတခုဖြစ်သည်။ သူတို့သည် အမြဲတစေ ရွေ့လျားနေစေမည့် အလုပ်များကို ရွေးချယ်လေ့ရှိသည်။ သူတို့သည် လူမှုဆက်ဆံရေး ကျယ်ပြန့်၍ စကားပြောရခြင်းကို နှစ်သက်တတ်ကြသည်။ ပုံမှန်အားဖြင့် (7+8+9) မြှားရှိသူများသည် တခါတရံ မည်သို့ ရပ်တန့်ရမည် အနားယူရမည်ကိုပင် မသိကြပါ။ ထို့ကြောင့် သူတို့သည် ခြေကုန်လက်ပန်းကျအောင် ဆောင်ရွက်ခြင်းကို ဂရုစိုက်သင့်သည်။

ပြည်သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ (19.06.1945) တွင် (4+5+6) နှင့် (1+5+9) မြှား ၂ စင်း ရရှိကြောင်း တွေ့ရှိရပါသည်။ သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ (13.02.1915) တွင် (1+2+3) နှင့် (1+5+9) မြှား ၂ စင်း ရရှိကြောင်း တွေ့ရပါသည်။ မြှား၏ အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ ကို ဆန်းစစ်နိုင်ပါသည်။

ဤပို့စ်ကို ဖတ်ရှုရာတွင် ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ယခင်ပို့စ်ဖြစ်သော Birthchart ကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။

မော်ဒန် သင်္ချာဗေဒသည် ပို့စ်တခုတည်းအနေဖြင့် အပြီးအပြတ် ရေးသားနိုင်သော အခြေအနေ မရှိခြင်း၊ စာဖတ်သူများ လွယ်ကူစွာ လေ့လာမှတ်သားနိုင်ရန် ရည်ရွယ်ခြင်း တို့ကြောင့် ပို့စ်များကို အခန်းဆက်သဖွယ် ရေးသားပေးသွားပါမည် ။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
29.12.2021



0
0
0.000
13 comments
avatar

28.5.1979
ဆိုရင် 7 8 9 မှာ အကျုံး ဝင်မှာပေါ့နော်
!PIZZA

0
0
0.000
avatar

7+8+9 / 2+5+8 / 1+5+9
သုံးခု ရတယ်ဗျ။ အဲဒါမျိုး ရှားတယ်။ နောက်ရက်တွေ ဆက်ရေးပေးမယ်။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nyimwa tipped sayalu (x1)
princekham tipped sayalu (x1)
@kachinhenry(11/15) tipped @sayalu (x1)

Join us in Discord!

0
0
0.000
avatar

အော်ဟုတ်။ ရေးပါဦး။ ဒေါင်လိုက်ပဲ တွဲလို့ရတယ် ထင်နေတာ။ !LOL !LUV

0
0
0.000
avatar

ဒီတပိုစ့်ဘဲ ဖတ်လို့လားမသိဘူး သိတ်နားမလည်သေးဘူး 😁😁

0
0
0.000
avatar

https://ecency.com/hive-122133/@sayalu/birthchart ကိုဖတ်ရင် ပိုနားလည်လာမယ်။ အချိန်ပေးနိုင်ရင် သက်ဆိုင်တဲ့ ပို့စ်တွေ တန်းစီရေးထားတာ ဖတ်ကြည့်ပါ ခင်ဗျာ။ ကျေးဇူးပါ။

0
0
0.000
avatar

တဖြေးဖြေး နက်နဲလာပီ !PIZZA

0
0
0.000
avatar

မြှားတစ်တန်းမှ မရဘူးဗျာ။ ပြဿနာ အခက်ခဲတွေကိုတော့
ကြုံသလို ဖြေးရှင်းလိုက်တာပဲ။
24.10.1994

ဟုတ်လားတော့သိဘူး။ 😅

!PIZZA

!LOL

0
0
0.000
avatar

ကျနော့်မွေးနေ့လည်း ဘာမှ မရပါဘူးဗျာ။ ဒါလေးတွေ သိထားရင် လူကဲခတ်ရာမှာ အသုံးဝင်တာပေါ့။

0
0
0.000
avatar

အရင်ပို့စ် ပြန်ဖတ်ပြီးရင်ခုုထဲကတိုင်း တွက်ကြည့်ဦးမယ်

0
0
0.000
avatar

စိတ်ဝင်စားစရာ ကောင်းလာပြီ။ !PIZZA

0
0
0.000