စက်ရုပ်နှင့်လူသား (၁)

img_6037.jpg

သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကားတွေ ရုပ်ရှင်တွေဟာ ကျွန်တော်တို့ တော်တော်များများ ကြိုက်ကြတဲ့ ဖျော်ဖြေရေး အမျိုးအစားတစ်ခုပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကစပြီး အာကာသ သိပ္ပံ ဖွံ့ဖြိုးလာတာနဲ့အမျှ လူတွေရဲ့ အာကာသ ကို စူးစမ်း လေ့လာလိုစိတ်တွေ ပိုများလာကြပါတယ်။

ရုပ်ရှင်တွေထဲကလို အာကာသ အိပ်မက်တွေဟာ အလှမ်းဝေးနေသေးပေမယ့် ဒီနေ့ခေတ်ဟာ တဖြည်းဖြည်းနဲ့ အရင်ကထက် ရုပ်လုံးပေါ်လာပြီလို့ ပြောလို့ရပါတယ်။ အရင်က စိတ်ကူးယဉ်လို့ သတ်မှတ်ထားတဲ့ အရာတွေတချို့ဟာ တကယ် ဖြစ်လာပါပြီ။ တချို့ဟာတွေကတော့ စိတ်ကူးယဉ် အဆင့်မှာပဲ ရှိကြသေးတာပေါ့လေ။

စိတ်ကူးယဉ်ရုပ်ရှင်တွေ ဖြစ်မလာခင်မှာ ဝတ္ထုတွေအနေနဲ့ အရင် ထွက်ရှိကြပါတယ်။ ကျွန်တော့် အမြင်အရ စာအုပ်တွေ ဝတ္ထုတွေက ရုပ်ရှင်ရိုက်လိုက်တဲ့အခါ မူလ အရသာကို မပေးနိုင်ဘူးလို့ ထင်မိပါတယ်။ ရုပ်ရှင် ပြန်ရိုက်တဲ့အခါမှာ ကြုံရတဲ့ တခြား အခက်အခဲပေါင်းများစွာကြောင့် ဖြစ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်တွေက သိပ္ပံ မဂ္ဂဇင်းတစ်ခုမှာ ဖတ်ဖူးတဲ့ ဇာတ်လမ်းလေးအကြောင်း ပြန်ပြောပြချင်ပါတယ်။ တချို့ ဖတ်ဖူးတဲ့သူ ရှိရင်လဲ ရှိမလား မပြောတတ်ဘူးပေါ့လေ။ မဖတ်ဖူးသေးတဲ့သူတွေအတွက်လဲ ပြန်လည် မျှဝေပေးချင်လို့ပါ။

မူလစာရေးသူက အနောက်နိုင်ငံကပါ။ အဲတာကို ဘာသာပြန်ပြီးမှ ပြန်ဖော်ပြထားတာပါ။ ကျွန်တော်ကလဲ ကျွန်တော် မှတ်မိတဲ့ ပုံစံကို ပြန်ရေးပြရမှာဆိုတော့ အနည်းငယ် ကွဲလွဲမှုလေးတွေရှိနိုင်ပါတယ်။ မူလ စာရေးသူကိုရော ဘာသာပြန်တဲ့ သူကိုပါ ဒီကနေပဲ ဂါရဝ ပြုပါတယ်။

ဒီလို သိပ္ပံ စိတ်ကူးယဉ်တွေရေးတဲ့ နေရာမှာ အနောက်နိုင်ငံကလူတွေဟာ တော်တော် ပေါက်ပေါက်ရှာရှာ တွေးပြီး ရေးနိုင်တာတွေ့ရပါတယ်။ ကိုယ့်နိုင်ငံက စာရေးဆရာတွေက တခြား ကဏ္ဍတွေမှာ လက်ဖျားခါလောက်အောင် ရေးနိုင်ပေမယ့် သိပ္ပံစိတ်ကူးယဉ်ဖက်မှာကျ ဘာသာပြန်တွေသာ ဖတ်ကောင်းသာ တွေ့ဖူးပါတယ်။ ကျွန်တော် လေ့လာမှု အားနည်းခဲ့ရင်တော့ ခွင့်လွှတ်ပါ။

တချို့ စိတ်ကူးယဉ် ဝတ္ထုတွေဟာ ရသ အတွက်သက်သက်လို့ ထင်ရပေမယ့် တချို့တီထွင် အောင်မြင်မှုတွေက အဲ့ဒီ စိတ်ကူးယဉ်မှုတွေကနေ အခြေခံပြီး ဖြစ်ပေါ်လာကြတာပါ။ ပထမဆုံး အိပ်မက် ခြေလှမ်းတွေလို့ ပြောလို့ ရမယ်ထင်ပါတယ်။

နိဒါန်းတွေ ရှည်နေပြီလား မသိပါဘူး။ ဇာတ်လမ်းဆီ သွားကြရအောင်ဗျ။ ဇာတ်အိမ် တည်ထားတဲ့ အချိန်က အနာဂတ် သိပ္ပံ ဖွံ့ဖြိုးပြီးလို့ လူတွေ အာကာသကို လက်လှမ်းနေနိုင်တဲ့ အချိန်ပေါ့လေ။ ကမ္ဘာမှာ အခုချိန်ကထည်းက ခေါင်းခဲနေကြတဲ့ စွမ်းအင် ပြသနာကို ဖြေရှင်းဖို့ လူသားတွေက နောက်တဆင့် တက်လှမ်းပြီး ကြိုးစားနေကြတာပေါ့။

ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်လို့ ခေါ်တဲ့ နေရောင်ခြည်ကနေ လျှပ်စစ်ဓာတ်အားကို ကမ္ဘာပေါ်ကနေ ရယူတာက အကန့်အသတ် အများကြီး ရှိနေတော့ လူတွေက နောက် တမျိုး ကြံဆကြတယ်။ အဲ့တာက ကမ္ဘာနဲ့ နေ အကြားမှာ ကြားခံ စခန်းတစ်ခု ဆောက်ပြီး နေရောင်ခြည် စွမ်းအင်ကို အပြည့်အဝယူပြီး ကမ္ဘာမြေကို လျှပ်စစ် စွမ်းအင် ပြန်ပို့ဖို့ပေါ့လေ။

ဆက်ရန်>>>>>

Photo credit: pinterest

Sai Kaung Zaw Thant
7/3/22



0
0
0.000
8 comments
avatar

The people doing V2K with remote neural monitoring want me to believe this lady @battleaxe is an operator. She is involved deeply with her group and @fyrstikken . Her discord is Battleaxe#1003. I cant prove she is the one directly doing the V2K and RNM. Doing it requires more than one person at the least. It cant be done alone. She cant prove she is not one of the ones doing it. I was drugged in my home covertly, it ended badly. They have tried to kill me and are still trying to kill me. I bet nobody does anything at all. Ask @battleaxe to prove it. I bet she wont. They want me to believe the V2K and RNM in me is being broadcast from her location. And what the fuck is "HOMELAND SECURITY" doing about this shit? I think stumbling over their own dicks maybe? Just like they did and are doing with the Havana Syndrome https://ecency.com/fyrstikken/@fairandbalanced/i-am-the-only-motherfucker-on-the-internet-pointing-to-a-direct-source-for-voice-to-skull-electronic-terrorism

0
0
0.000
avatar

ငယ်စဉ်ကတော့ သဘောကျတယ် ခုတော့ မျက်လုံးက အဲ့သလိုကားတွေ
မကြည့်နိုင်ဘူး။

0
0
0.000
avatar

ဟုတ် ဦးထွေး တခါတလေ ကျွန်တော်လဲ မကြည့်ချင်တဲ့ အချိန်တွေ ရှိဖူးတယ်။ တခါတလေကျတော့လဲ ကြည့်ချင်ပြန်ရော။

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(3/15) tipped @saikaungzawthant (x1)
donjaun tipped saikaungzawthant (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

စိတ်ဝင်စားစရာပဲ။ !PIZZA

0
0
0.000