Pet

အိမ်မွေး တိရိစ္ဆာန် pet နဲ့ ပတ်သက်လို့ အမျိုးမျိုး ကြုံဖူးကြမှာပါ။ ကျွန်တော်တို့ဆီမှာတော့ မွေးကြတယ်ဆိုပေမယ့် သိပ်စနစ်တကျတော့ မရှိလှပါဘူး။ ကျွန်တော် ကိုယ်တိုင်လဲ တချို့အကောင်လေးတွေ ချစ်လို့ မွေးပေမယ့် ဖြစ်သလိုပါပဲ။ အများစုကတော့ ခွေးလေး ကြောင်လေးပေါ့လေ။ ဝါသနာကြီးသူတွေကျတော့ အလှမွေးငါးကန်နဲ့ ဘာနဲ့။ တချို့ကျတော့လဲ ငှက်ကလေးဘာလေး မွေးထားကြတာရှိပါတယ်။

ဘာအကောင်လေး မွေးထားတာပဲ ဖြစ်ဖြစ် အလုပ်တော့ ရှုပ်ပါတယ်။ ငါးကန်နဲ့ ငါးမွေးတာ၊ ငှက်အိမ်နဲ့ ငှက်မွေးတာလဲ ကရိကထများပါတယ်။ ကျွန်တော့် အစ်ကိုက ငါးမွေးရတာ အင်မတန် ကြိုက်ပါတယ်။
မှန်လှောင်ကန်လေးနဲ့ မီးသီးတွေ အောက်ဆီဂျင်ပိုက်တွေနဲ့ ကျကျနန လုပ်ပေးပါတယ်။ အလုပ်ကသာ ရှုပ်တာ သူကတော့ ပျော်နေတာ။

ရေကလဲ ခနခနလဲပေးရတယ်။ မီးပြတ်ရင်လဲ အောက်စီဂျင်ကလိုသေးတယ်။ အဲ့လို ဂရုစိုက်တဲ့ကြားက သူ့ငါးတွေက ခနခန သေသေးတယ်။ ကျွန်တော်ကတော့ အလုပ်ရှုပ်တယ်လို့ပဲ ခံစားမိတယ်။ ခွေးလေးဘာလေး မွေးတာတော့ အိမ်စောင့်ဖော် ရတာပေါ့။ ဒါပေမယ့် သံယောဇဉ်တွယ်မိပြီး သေသွားရင် ကိုယ်ပဲ စိတ်မကောင်းဖြစ်ရပြန်ရောဗျ။ နောက်ပြီး အကျင့် မကောင်းတဲ့ ခွေး မွေးမိရင်တော့ စိတ်ညစ်ရတယ်။

ဟိုးအရင် အဘွား ရှိတုန်းက မွေးဖူးတဲ့ ခွေးက တော်တော် လိမ္မာတယ်ဗျ။ အသက်လဲ တော်တော် ရှည်တယ်။ ၁၅ နှစ်ကျော် အထိရှင်သွားတယ်ထင်တယ်။ ခွေးသက်တမ်းအနေနဲ့ အဲ့လောက်က အသက်ရှည်တယ်ပြောရမှာပေါ့လေ။

အဲ့ဒီတုန်းက ကြောင်လဲရှိတယ်။ ခွေးနဲ့လဲ တည့်ကြတယ်။ တခါတလေ အတူတူ ခွေအိပ်နေသေးတာ။ ခွေးက အပြင်ကြောင်တော့ လိုက်တယ်။ အိမ်ကကြောင်နဲ့ ဘယ်လို တည့်သွားလဲမသိပါဘူး။ တခါတခါ ထချကြတာတော့ ရှိတာပေါ့လေ။

ခွေးက အိမ်ကလူတွေဆို အကုန်သိတယ် ကလေးကအစ သူ့ကို မတော်တဆ ထိမိရင်တောင် ပြန်မလုပ်တတ်ဘူး။ အပြင်လူကိုတော့ ဟောင်တယ် ကိုက်တော့ မကိုက်ဘူး။ မကိုက်တာလဲ ကောင်းပါတယ်။ ကိုယ့်ခွေး သူများသွားကိုက်ရင် ရှင်းရမှာ မလွယ်ဘူး။

ဟိုးအရင်က ခွေးမွေးရင် လိုင်စင် လုပ်ရတယ်ဆိုလား ဖေ့ဘုတ်မှာ တွေ့မိပါရဲ့။ ကျွန်တော်တော့ ကြားရုံကြားဖူးတာ အဲ့လို စနစ်တကျလုပ်တာ မတွေ့ဖူးပါဘူး။ အခုက မွေးချင်သလိုမွေး လမ်းပေါ် ပစ်ချင်သလိုပစ်နဲ့ လမ်းဘေးခွေး ပြသနာက တော်တော်ကြီးနေပါပြီ။

သာမန်က ပြသနာ သိပ်မရှိပေမယ့် ခွေးရူးရောဂါထတဲ့ အချိန်ကျတော့ စိုးရိမ်ရတယ်။ လမ်းသွားလမ်းလာနဲ့ ကလေး သူငယ်တွေ အန္တရာယ်များတာပေါ့လေ။ အကောင်ရေများလာတော့ ထိန်းချုပ်ရလဲ ခက်လာသလို တခါတလေ သူတို့ အချင်းချင်း ကိုက်ရင်း ဆိုင်ကယ်ရှေ့ ပြေးဝင်တာက တမှောင့်။ ကျွန်တော်တောင် တိုက်မိပြီး ဆိုင်ကယ် မှောက်မလို ဖြစ်ဖူးသေးတယ်။

တခြား အရေးကြီးတဲ့ ပြသနာတွေတောင် လုံးချာလိုက်နေတဲ့ နိုင်ငံက လမ်းဘေးခွေး ပြသနာလောက် ဘာအရေးလုပ်နေပါ့မလဲလေ။ နွေရောက်လာတော့ လက်ပံပွင့်ချိန် ခွေးရူးချိန်လို့ ဆိုကြတယ်မလား။ ခွေးရူးရောဂါရော တခြားရူးနေတဲ့ ခွေးတွေ အန္တရာယ်ကနေပါ ကင်းဝေးကြပါစေ။

photos source: Pinterest
Sai Kaung Zaw Thant
3/3/22



0
0
0.000
10 comments
avatar

သတိထားတာ အကောင်းဆုံးပါ
အိမ်က ကလေးတွေတော့ ကာကွယ်ဆေး ထိုးသင့်တယ်နော် !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ကျွန်တော်တို့ တအိမ်လုံးတော့ ခွေးချစ်သူ တွေ.... ခုလည်း ခွေး ၃ ကောင် ရှိတယ်။ အိမ်က ခွေးတွေကတော့ ကြောင် လည်း လိုက်တယ် ... ကြွက်လည်း လိုက်တယ်

0
0
0.000
avatar

ကြွက်တွေ ဘာတွေလိုက်ရင်တော့ မဆိုးပါဘူးဗျ။

0
0
0.000
avatar

ဘာမှ မမွေးဘူး သံယောဇဉ်ဖြစ်သမို့။
!PIZZA

0
0
0.000
avatar

ဟုတ်တယ် ဦးထွေး တစ်ကောင်တုန်းက သံယောဇဉ် ဖြစ်မိတာ သေတော့ အတော် စိတ်မကောင်းဘူး။

0
0
0.000
avatar

ဆိုယ်ကယ်နဲ့ ခွေးက မိတ်ဖက်တွေပဲ
!PIZZA

0
0
0.000
avatar

ဘယ့်နှာတုန်း ကတ်ကင်းလား အူးသက်

0
0
0.000