MongNai(7)
မိုးနဲမှာ ဟိုးအရင်ကတည်းက မြန်မာ ဘုရင်တပ်တွေ လာအထိုင်ချခဲ့ကြတဲ့ အကြောင်း ကျွန်တော် ပြောခဲ့ပါတယ်။ ရှမ်းပြည် တခြားဒေသတွေကို ထိန်းဖို့အတွက်ကော ယိုးဒယားဖက်က စစ်မက် အရေးအခင်းရှိလာရင် အလွယ်တကူ ထောက်ပို့နိုင်ဖို့ အတွက်လဲ ပါတယ်ပေါ့ဗျာ။ အဲဒီတုန်းက တပ်လာထိုင်တဲ့အထဲက မြန်မာ စစ်သူကြီး ဦးရွှေအောင်က ဘုရားတည်ခဲ့တယ်ဗျ။ စစ်ကဲကြီး ဦးရွှေအောင် ဘုရားလို့ နာမည်တွင်တယ်။
မြန်မာမှု မြန်မာဟန် အများဆုံးတွေ့နိုင်တဲ့ မိုးနဲက စေတီတစ်ဆူပါ။ မြန်မာဟန်စေတီတွေဟာ ထုကြီးထည်ကြီးနဲ့ ဆောက်လေ့ရှိတယ်။ ရှမ်းစေတီ ပုထိုးတွေဟာ ထုထည်ကြီးနဲ့ ဆောက်တာနည်းပါတယ်။ ပြီးတော့ ရှမ်းစေတီတွေဟာ သေးသေးရှည်ရှည်ပုံစံမျိုး ရှိပြီး ထီးတော်ဟာလဲ ပိုရှည်ပြီး ချွန်ပါတယ်။
ရွှေတိဂုံစေတီတော်မှာတောင် ရှမ်းစော်ဘွားတွေ လှူထားတဲ့ မြန်မာဟန်နဲ့ ပုံစံကွဲပြားတဲ့ ရှမ်း စေတီတွေ တွေ့နိုင်ပါတယ်။ ယွန်းရှမ်းတွေ တည်ခဲ့တဲ့ စေတီလက်ရာတွေဟာလည်း အဲ့ဒီလိုပုံစံတွေ များပါတယ်။
ဦးရွှေအောင် ဘုရားဝန်းထဲမှာ အလှု့ဒကာ စစ်ကဲကြီးရဲ့ ပုံစံ ရုပ်ထု အသေးလေး ရှိပါတယ်။ မြန်မာ စစ်သူကြီး ဝတ်စုံနဲ့ပါ။ ရှေးက လက်ရာတော့ မဟုတ်တော့ပါဘူး။
ဘယ်အချိန်က ပြန်ပြင်ခဲ့ကြလဲတော့ မသိပါဘူး။ အခုက ဆေးရောင်တွေဘာတွေပါ သုတ်ထားပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က ဦးရွှေအောင် ဘုရားနဲ့ ပတ်သက်လို့ မှတ်မှတ်ရရ ရှိစေတာက မနုသီဟ ရုပ်ထုကြီးတွေပါ။
စေတီတော် လေးဘက်လေးတန်ကထောင့်တွေမှာ မနုသီဟ ရုပ်ကြီးတွေ ရှိပါတယ် သူ့ရှေ့မှာက သံလျက်ထမ်းပြီး ထိုင်နေတဲ့ ဘီလူးရုပ်တွေ ရှိပါတယ်။ မနုသီဟရုပ်ထုတွေက တူတူပဲဖြစ်ပေမယ့် ဘီလူးရုပ်တွေက တရုပ်နဲ့ တစ်ရုပ်မတူပါဘူး။ တချို့က တင်းပုတ်ထမ်းထားပါတယ်။
မနုသီဟတွေဟာ မကောင်းဆိုးဝါးတွေကို နိုင်တယ်လို့ အယူရှိပါတယ်။ အထူးသဖြင့် ဘီလူးတွေကိုပေါ့။ မိုးနဲမြို့ သမိုင်းမှာ ဟိုးအရင်က ဘီလူးတွေ သောင်းကျန်းခဲ့တယ်လို့ပြောပါတယ်။ အဲ့ဒီ ဘီလူးတွေကို အောင်နိုင်ပြီးမှ မြို့တည်ခဲ့တာလို့ အဆို ရှိပါတယ်။
အဲ့တာကြောင့်လဲ မြို့ကို ဘီလူးကစောင့်ရှောက်တယ်လို့ အယူအဆရှိခဲ့တာပါ။ အဲ့ဒီ ဘီလူးတွေ စိတ်ရိုင်းပြန်ဝင်ပြီး လူတွေကို အနှောင့်အယှက်မပြုစေဖို့ ဦးရွှေအောင် ဘုရားက မနုသီဟကြီးတွေက စောင့်ကြပ်ပေးနေတာလို့ အဒေါ်က ပြောပြဖူးပါတယ်။
ငယ်ငယ်တုန်းက ဦးရွှေအောင် ဘုရားဝင်းက ပရဝဏ်ကျယ်တာကြောင့် ကျွန်တော်တို့ အဖို့က ကစားကွင်းကြီးလိုပါပဲ။ ပြေးတမ်းလိုက်တမ်း ဆော့လိုက် စေတီ ပစ္စယံပေါ် ပြေးတက်လိုက် ခုန်ချလိုက်နဲ့ နေပူလို့ တအားမောလာရင် မနုသီဟ ရုပ်ထုအောက်မှာ အရိပ်ဝင်ခိုလိုက်နဲ့ပေါ့။ ရုပ်ထု ဗိုက်အောက်မှာ ကလေး သုံးလေးယောက်လောက် ဝင်ထိုင်နေလို့ရပါတယ်။
တချို့က စွန်လွတ်ကစားကြပါတယ်။ ကျွန်တော်ကတော့ စွန်မလွတ်တတ်ပါဘူး။ ဝမ်းကွဲ အစ်ကိုတွေ စွန်ဖြတ်တာကြည့် ၊စွန်လုတာကြည့်ပေါ့။ မိုးနဲက ပူတယ်လို့ ကျွန်တော် ပြောခဲ့ပါသေးကော။ နွေဆို ရာသီဥတုပူပူနဲ့ ပြေးဆော့ကြပြီး မောလာရင် အပင်ရိပ်အောက်မှာထိုင် အမောဖြေပြီး ပုစဉ်းရင်ကွဲအော်သံတွေနဲ့ စေတီက ဆည်းလည်းသံတွေကို နားထောင်ရတာ တကယ်ပျော်စရာပါပဲ။
အဲ့ဒီတုန်းက မုန့်ဖိုးကလည်း ခနခနရတာမဟုတ်တော့ အဲဒီ အချိန် ရေခဲပုံးနဲ့ခေါင်းလောင်းလေးတီးပြီး ရောင်းတဲ့ တစ်ဆယ်တန် ရေခဲချောင်းကို သရေယိုနေရတာလဲ မှတ်မိသေးတယ်။ အဲ့ဒီလိုအချိန်ဆို သစ်ရွက်ဟောင်းတွေက ကြွေပြီး လေကလည်း တသုန်သုန် တိုက်နေပြီလေ။
မိုးနဲမှာ အဲ့အချိန်က တကယ်နေလို့ကောင်းတဲ့ အချိန်ပါပဲ။ တောင်ကြီးမှာက လေတချက်ဝှေ့လိုက်ရင် အေးပြီး ချမ်းစိမ့်သွားတတ်တာမျိုးပါ။ တောင်ကြီးမှာက နွေတောင် အရိပ်ထဲထိုင်နေရင် ချမ်းစိမ့်စိမ့်ရှိပါတယ်။
နောက်တစ်ချက်က သုံးရေပါ။ တောင်ကြီးက အဝီစိတွင်းရေ လှောင်ရေကို အားကိုးရပါတယ်။ ဆောင်းတွင်းဆို ရေကို ထိရကိုင်ရတာ လက်တွေတောင် ထုံကျင်လာတဲ့အထိပါပဲ။ ရေချိုးရင်လဲ ရေနွေးစပ်ချိုးမှ အဆင်ပြေပါတယ်။ မဟုတ်ရင် ခေါင်းပေါ် ရေလောင်းလိုက်တာနဲ့ ရေခဲရေနဲ့လောင်းလိုက်သလို ခေါင်းပါ ကိုက်လာတတ်ပါတယ်။
မိုးနဲမှာကျတော့ ရာသီဥတုက အဲ့ဒီလောက် မပြင်းတော့ ရေချိုးရ ရေကူးရ အဆင်ပြေတယ်။ ကျွန်တော်က ချောင်းထဲမှာ ရေကူးရတာ ကြိုက်တဲ့သူဆိုတော့ တောင်ကြီး ရာသီဥတုက သိပ်အဆင်ပြေဘူး ပြောရမလို ဖြစ်နေတယ်။
အဲလိုအေးတာတောင် ကဲပြီး ဟိုပုံးဆည်တို့ ဟဲဟိုးဆည်တို့မှာ မရမက ကူးသေးတာ။ ပြီးမှ အေးပြီး မေးချင်းတဂတ်ဂတ်ရိုက်ချင် ရိုက်ပါစေ ရေတော့ ကူးဖြစ်အောင် ကူးသေးတာ။ ကိုဒွန်ကတော့ ရေကြောက်။ ကူးပါဆိုတာကို ခါးလောက်ရှိတဲ့ရေထဲမှာတောင် ဟန်ရေးပြ လမ်းလျောက်နေတာ။ တကယ့် တောင်ကြီးသားစစ်စစ်။ သူ့ကို ရေထဲချရတာ ရေဆင်ရှိတဲ့ချောင်းထဲ ဆင်ကိုမောင်းချရတာထက်တောင် ခက်သေးတယ်။
နောက်တစ်ပိုင်းမှ ပြန်တွေ့ပါမယ်။ အားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အိုမီခရွန်က တစ်စခန်းထလာပြန်ပြီ ဖြစ်လို့ ဂရုစိုက်ကြပါဗျ။
photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
7/2/22
နောက်တစ်ပိုင်းကို စောင့်နေပါ့မယ်
ဟုတ် ကျေးဇူးပါ။
မိုးနဲအကြောင်းက မရိုးနိုင်အောင်ပါပဲ
!PIZZA
အင်း ဟုတ်တယ် ပြန်တွေးကြည့်တော့လဲ ငယ်ကအကြောင်းအရာတွေရော ဆက်စပ်နေတော့ အမှတ်ရစရာတွေချည်းပဲ။
PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(10/15) tipped @saikaungzawthant (x1)
princekham tipped saikaungzawthant (x1)
Please vote for pizza.witness!
ရေကြောက်သသူနဲ့ ရေကြိုက်သူပ။
!LOL
lolztoken.com
I called her up and asked “Did you get my drift?”
Credit: reddit
@saikaungzawthant, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)
ဟုတ်ပါ့ အစ်ကိုရေ
Congratulations @saikaungzawthant! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next target is to reach 400 replies.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!
ဧရာဝတီ မြစ်ထဲ ညမိုးချုပ် ၈နာရီထိ ရေစိမ် ရေငုပ်တဲ့ ရေကြိုက်သူနဲ့တော့ တွေ့နေပြီ. ရောက်အောင်ကို လာအုံးမှာ မိုးနဲ့ကို... ငါးလည်း မျှားအုံးမှာ... တောင်ကြီးက ကိုဒွန်ကိုပါ ခေါ်ခဲ့မယ်...!PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 4 times per day.
Level up by buying more $LOLZ so you can share more jokes per day!
လာခဲ့ ကိုဟင် ရေချောင်း ရေတံခွန်တွေတော့ ပေါလို့။ ကိုဒွန်ပဲ ရေထဲ တွန်းချမှရမှာ ဆင်းမှာ မဟုတ်ဘူး။ 😆😆