MongNai(5)

img_5917.jpg

ရွာကလာတဲ့သူတွေအတွက်က ဈေးလာရောင်းတာတင်မဟုတ်ဘဲ သူတို့ လိုအပ်တဲ့ ပစ္စည်းတွေပါ တခါထဲ ဈေးသုံးပြန်တာပေါ့။ အများအားဖြင့် အိမ်သုံး ပစ္စည်း ဆေးဝါးနဲ့ အဝတ်အထည်ပေါ့ ။ ဈေးရောက်တုန်း စားချငိတာဝယ်စား ပတ်သွားပေါ့လေ။ သံထည်ပစ္စည်းလေးတွေလဲ ဝယ်ပေါ့။

နောက်ပိုင်း ရေဒီယိုတို့ ဘာတို့ အခုဆို ဖုန်းတွေပါ ရနေပြီဆိုတော့ အဲ့တာတွေ ဝယ်မှာပေါ့လေ။ ကျွန်တော် ပြန်မရောက်ဖြစ်တာ ၂နှစ်လောက် ရှိနေပြီကိုး။

အများဆုံးတွေ့ရမယ့် တိုင်းရင်းသားက တိုင်းလွယ်လို့ခေါ်တဲ့ တောင်ပေါ်ရှမ်းဗျ။ သူတို့က အနီးနားက ပိုမြင်တဲ့ တောင်တွေ တောင်တန်းတွေပေါ်နေကြတာ။ ရှမ်းစကားပဲ ပြောတာပါပဲ။ လေယူလေသိမ်း နဲနဲကွာတာပဲ ရှိတယ်။ အရမ်းရိုးသားသလို စိတ်လဲ ကြီးတယ်ဗျ။ သူတို့ ရိုးရာကကို အရွယ်ရောက်တဲ့ ယောင်္ကျားလေးတိုင်းက ခါးမှာ ဓားမြှောင်နဲ့။

မြို့က ကောင်လေးတွေနဲ့ ခနခနရန်ဖြစ်ပေါ့ဗျာ။ ကြီးကြီးကျယ်ကျယ်တော့လဲ မဟုတ်ပါဘူး။ ဓားပါပေမယ့် လူသတ်တယ်တော့ တခါမှ မကြားမိပါဘူး။ ထိခိုက်မိတာလောက်တော့ ရှိတာပေါ့။ ကျွန်တော်တို့ငယ်ငယ်က တခုခုဆို ဟျောင့်ရေ သွားမလုပ်နဲ့ဟ တိုင်းလွယ်က မင်းကို ဓားကြီးနဲ့ ထိုးလိမ့်မယ် ဆိုပြီး အချင်းချင်းစတတ်ကြတယ်။

သူတို့ ထူးခြားချက်က ဈေးနေ့လာရင် မိန်းမ ယောင်္ကျား မျက်နှာချေ အဖွေးသားနဲ့ ပါးနီကပါသေး။ အသက်ကြီးတဲ့ ယောင်္ကျားတွေတော့ မခြယ်ဘူးပေါ့။ လူပျိုပေါက်အရွယ်တွေပါ။ ဦးထုတ်မှာ ပန်းခက်ထိုးချင် ထိုးလာသေးတာ။ သူတို့ ဓလေ့လို ဖြစ်နေတာပေါ့လေ။ ရွာမှာနေရင်တော့ ဘယ်လိုရှိမယ် မပြောတတ်ဘူး ဈေးနေ့ မြို့တက်လာတယ် ဆိုတော့ ပြင်ဆင်လာကြတယ် ထင်တယ်။

မိုးနဲ ဈေးထဲမှာ ရနိုင်တဲ့ နောက်ထပ်စားစရာက ကောက်ညှင်းမီးကင်ဗျ။ အဲ့တာက ရှမ်းပြည်ရဲ့ တခြားဒေသက ကောက်ညှင်းကင်တွေနဲ့ နဲနဲကွာတယ်။ သူက အဆိမ့်ပဲ။ ပဲတွေဘာတွေလဲ မထည့်ဘူး။ အုန့်နို့နဲနဲပါတယ်။ ငှက်ပျောရွက်နဲ့ထုပ်ပီး ပြန်ကင်ထားတော့ တော်တော်လေးမွှေးတယ်။ ကျိုင်းတုံဖက်က ကောက်ညှင်းကင်ကျတော့ အချို နဲနဲပါတယ်။

မိုးနဲကောက်ညှင်းကင်ကို ထိုဖူး နှစ်ပြန်ကြော် ရှမ်းခေါက်ဆွဲနဲ့ စားကြတာပေါ့။ မနက်ဆောင်းငွေ့တွေကြားမှာ ဈေးထဲလည် အစားလိုက်စားရတာလဲ အရသာ တစ်မျိုးဗျ။

နောက်တစ်မျိုးက သင်္ဘောသီးကြော်ဗျ။ ဘူးသီးကြော်လိုပဲ။ သင်္ဘောသီး အရမ်းမမှည့်ခင် တအားမပျော့သေးတဲ့ အချိန် ဘူးသီးလို အချောင်းလေးတွေလုပ်ပြီး မုန့်နှစ်နဲ့ ကြော်ထားတာ။ မိုးနဲ လင်းခေးဖက်မှာပဲ ရှိတယ် တောင်ကြီးမှာတောင် မတွေ့ဖူးဘူးဗျ။ တော်တော်စားလို့ကောင်းပါတယ်။ ထိုဖူးဖြူလဲ ရှိသေးတယ်။ မြင်နေကျ ထိုဖူးအဝါက ကုလားပဲနဲ့ လုပ်ထားတာ ထိုဖူးဖြူက ပဲပိစပ်ကနေ လုပ်တာ။

အဲ့ဒီ ထိုဖူးဖြူကြော်ပူပူနဲ့ ကောက်ညှင်းပေါင်းပေါ့ အကြော်စုံလဲ ရပါတယ်။ ပဲလုံးကြော်ကျပြန်တော့ တောင်ကြီး အင်းလေးကိုမမှီဘူး။ ထိုဖူးဖြူက လင်းခေးဖက်ကလဲ ထွက်တယ် အဲ့ဒီက မိုးနဲထက် ပိုကောင်းတယ်။

ဈေးအကြောင်းရေးရင်း တခြားနေရာတွေ ရေးဖို့ နောက်တစ်ပိုင်းမှာ ရေးမှ ရတော့မယ်။ ဈေးနေရာက အခု အဆောက်အဦး အသစ်တွေ ထပ်တိုးလာတယ်တော့ ကြားတယ်။ အရင်လို အငွေ့အသက်လေးတွေတော့ ကျန်ကောင်းပါရဲ့။ ကြုံလို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ရှမ်းပြည်က မြို့ဈေးသေးသေးလေးကို လာရောက် လည်ပတ်ကြည့်စေချင်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
4/2/22



0
0
0.000
10 comments
avatar

ကောက်ညင်း ကြိုက်တယ်
ကောက်ညင်းကင် မစားဖူးဘူး
!PIZZA

0
0
0.000
avatar

ကောက်ညှင်းကို အထုပ်သေးလေးထဲ တြိဂံပုံစံ ထုပ်ပိုးပြီး မီးကင်ထားတော့ အနံ့ပိုမွှေးတယ်ဗျ။

0
0
0.000
avatar

ရှမ်းဈေးလေး ချစ်စရာမြင်ကွင်း စားချင်စဖွယ် ရှမ်းရိုးရာအစာအစာ။
!PIZZA

0
0
0.000
avatar

ဟုတ် အစ်ကို တောင်ပေါ်နေ တိုင်းရင်းသားမျိုးစုံကို သူတို့ သဘာဝအတိုင်း တွေ့နိုင်တယ်ဗျ။

0
0
0.000
avatar

ရိုးရှာဓလေ့ လေးတွေပိုသိ လာရတယ်။ သင်္ဘောသီးကြော်တော့ စိုင်းကောင်းလိုက်ကျွေးတာ အမှတ်ရစေတယ်။ !LUV !BEER

0
0
0.000
avatar

တောင်ကြီးမှာက သင်္ဘောသီး အဆင်မပြေတော့ သိပ်မစားဖြစ်ဘူး။ အိမ်မှာ ကြော်စားဖြစ်ရင် ခေါ်မယ်နော်။

0
0
0.000
avatar

Congratulations @saikaungzawthant! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 500 upvotes.
Your next target is to reach 600 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month challenge - Feedback from February day 3
Our Hive Power delegations to the last Power Up Month challenge Winners
Feedback from the February 1st Hive Power Up Day
Support the HiveBuzz project. Vote for our proposal!
0
0
0.000