MongNai(3)

img_5919.jpg

အရင်တစ်ပိုင်းက ပြောမယ်ဆိုတဲ့ အကြောင်းအရာ ဆက်ကြရအောင်ဗျ။ အဲ့ဒီ အဖြစ်အပျက်က ကြာတော့ ကြာခဲ့ပါပြီ။ ကျွန်တော် ၈ တန်းဆိုတော့ ၂၀၀၁ လောက်က ဖြစ်မယ်။ ခါတိုင်းလိုပဲ ကျောင်းမှာ အားလုံးက ဆော့လိုက် ပျော်လိုက်နဲ့ သတိမထားမိတုန်း စဖြစ်တာပါ။

မနက်ပိုင်း မုန့်စားဆင်းပြီးလို့ ကျောင်းခန်းထဲ ပြန်ဝင်ခါနီး ကျောင်းသူကျောင်းသားတွေရော ဆရာ ဆရာမတွေပါ ဝရုန်းသုန်းကားနဲ့ ဖြစ်ကြပါရော။ ကျွန်တော်က ဘာမှန်းမသိတာနဲ့ ဘာသိဘာသာနေနေလိုက်တယ်။ နောက်မှ ၁၀ တန်းအခန်းက အစ်မ တစ်ယောက် ပယောဂ ဝင်ပီး သောင်းကျန်းလို့ဆိုပြီး ပြောသံကြားရတယ်။

ကျွန်တော်တို့ အခန်းနဲ့ လေးငါးခန်းလောက်ခြားမယ်။ ကြားထဲမှာ ဆရာများ နားနေဆောင်က ခြားထားသေးတယ်ဗျ။ အစောပိုင်းက ရန်ဖြစ်ကြတယ်ထင်နေသေးတာ နောက်မှ အဲလိုဆို သွားစပ်စုဦးမှ ဆိုပြီး လစ်ထွက်မလို့ဟာ အတန်းပိုင် ဆရာမနဲ့ တိုးပြီး "ဝင် ဝင် မသွားရဘူး " ဆိုပြီး ကိုယ့်အခန်းထဲကို ပြန်ဝင်ရပါလေရော။ ကျွန်တော့်ညီကတော့ အစောကတည်းက သူ့ သူငယ်ချင်းနဲ့ အဲ့ဒီဆယ်တန်း အခန်း ပြတင်းနား သွားချောင်းလို့ မြင်ခဲ့ရတယ်တဲ့။

အဲ့အစ်မက ပိန်ပိန်ပါးပါး ဖြူဖြူလေးကို သူ့ထက်သန်တဲ့ ကျောင်းသား ၂ယောက်တောင် မချုပ်နိုင်ဘူးတဲ့။ အခန်းထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး အကုန် အပြင်ကနေကြည့်နေတာ အဲ့ဒီ အစ်မ တစ်ယောက်ထဲ မျက်ထောင့်နီနဲ့ အခန်းထဲမှာ ကြိမ်းမောင်းရင်း လမ်းလျောက်နေတာ။ ဘာတွေပြောနေမှန်းတော့ မသိဘူး ဗလုံးဗထွေးနဲ့။ နောက်မှ သူ့အိမ်က လူကြီးတွေနဲ့ တခြားလူတွေပါရောက်လာပြီး ဖမ်းချုပ်ပြီး ဘုန်းကြီးကျောင်းလား ခေါ်သွားတာပဲ။

အဲ့မှာ ခန ငြိမ်သွားတော့ ကောင်းသွားပြီမှတ်တာ ည စာကျက်ဝိုင်းမှာ သူ့ရှေ့က ကျောင်းသူကို လည်ပင်းထညစ်ပြီး သောင်းကျန်းပြန်ရော။ ဆရာမလဲ မနိုင် ထိန်းလို့လဲမရနဲ့ အတော် ဒုက္ခရောက်ကြတာ။ သူ့အိမ်က လိုက်လာပီး ထိန်းရပြန်တယ်။ အစက ဘယ်ကနေဖြစ်တယ် တွေးမရဘူး။ နောက်မှ သူ့ကိုဝင်ပူးနေတဲ့ အချိန်မှာ သူ့အမေကိုပဲ ကြိမ်းနေတာ နင့်ကြောင့် ဘာညာ ငါအခိုင်းခံရတယ် အေးအေးမနေရဘူး ဆိုပီး ဆဲဆိုနေတယ်။ နင် စီးပွားပျက်ပြီးမှ ငါ ထွက်မယ်လို့လဲ ကြိမ်းတယ်တဲ့။

ဖြစ်ပုံက အဲ့ဒီ အစ်မရဲ့ အမေက နှုတ်ကြမ်းတယ် မုန်းတဲ့သူများတယ်ပြောကြတယ် သူ့အမေကို အောက်လမ်းနဲ့ တိုက်တာ အမေလုပ်သူက ကံမြင့်နေပြီး သမီးက ကံနိမ့်တဲ့ အချိန် ကြုံပြီး သမီးကို သွားထိတာလို့ ပြောတယ်။ ကျောင်းမှာလဲ တော်တော် လန့်သွားကြတယ်။ ကျွန်တော် ၈ နှစ်လောက် အဲ့ဒီကျောင်းမှာ နေလာတာ တခါပဲ ကြုံဖူးတယ် အဲ့လိုမျိုး။ နောက်တော့ ပုပ္ပါး အထိခေါ်သွားကုပြီး ပျောက်သွားတယ် ကြားတယ်။

တချို့က သွေးလေ ခြောက်ခြားတဲ့ အချိန် မိန်းခလေးတွေ ဟော်မုန်းပြောင်းချိန် စိတ် ကစဉ့်ကလျား ဖြစ်တတ်ကြတယ်လို့လဲ စာတွေဖတ်တော့ သိရတယ်။ ဒါပေမယ့် သူဖြစ်တုန်းက တော်တော် ကြမ်းတယ် ပြောရမှာပဲ။ အားကောင်းမောင်းသန် ယောင်္ကျားကြီး တောင် ၂ယောက်လောက် မနည်း ချုပ်ရတယ်။ နောက်ပြီး မြို့ထဲမှာလဲ အဲ့လိုမျိုးနဲ့ ပတ်သက်လို့ နားလည်တဲ့ လူကြိးသူမတွေရှိတယ်။

အရင်က ထူးခြားတာ တခုခုဆို သူတို့ပရိတ်ရေ ဘာညာနဲ့ ကုပေးတာပဲ။ ဒီတစ်ခါတော့ သူတို့ကိုယ်တိုင်က ပုပ္ပါး မန်းလေး တနေရာရာထိ သွားဖို့ အကြံပေးလိုက်တာ။ တခါတလေကျတော့လဲ သဘာဝလွန် ဖြစ်ရပ်တွေက ပြောရခက်တယ်ဗျ။ ကျွန်တော် ကိုယ်တိုင်က မယုံချင်တတ်တဲ့လူဆိုတော့ အဲ့ဒီတုန်းကလဲ မတင်မကျပဲ။ သူက တရက်နဲ့လဲ မပျောက် ခန ငြိမ်သွားပြီး ပြန်ပြန်ဖြစ်တာ တပတ်လောက်ကျမှ ပုပ္ပါးဖက် ခေါ်သွားလိုက်တာ။ အဲ့ဒီနောက်တော့ ဘာမှ မကြားတော့ပါဘူး။

img_5912.jpg

အဲ့လိုမျိုးက အယူသီးတာလား ဘာလားတော့ မသိပေမယ့် ဟိုးအရင် ကိုလိုနီခေတ်ကတည်းက အဲ့လို ထူးထူးဆန်းဆန်းတွေ ကျွန်တော်တို့ မြို့မှာ ဖြစ်ခဲ့ဖူးတယ်။ အင်္ဂလိပ် (ဘိုတစ္ဆေ) က တမြို့လုံးကို ခြောက်ခြားသွားရလောက်အောင် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးတယ်။ သူ့နာမည်က ဂရီကာတဲ့။

အရင်ခေတ် နယ်ပိုင်ဝန်ထောက် ခေါ်မလား အိုင်စီအက် ဘွဲ့ရတစ်ယောက်။ သူက ရှမ်းပြည်ကို တာဝန်ကျတာ။ မိုးနဲစော်ဘွားနဲ့ အတော်ရင်းနှီးပြီး နောက်တော့ မိုးနဲမှာ လာနေရင်း ငှက်ဖျားနဲ့ ဆုံးသွားတယ်။ စော်ဘွားက သူ့မိတ်ဆွေကို အတော် သံယောဇဉ်ရှိတော့ သူ့ပုံတူ လူအရွယ် သစ်သားပန်းပုရုပ် ထုပြီး မြို့အနောက်ဖက်က တံခွန်တောင်လို့ခေါ်တဲ့ တောင်ပေါ်မှာ တန်ဆောင်းနဲ့ ဘာနဲ့ အကျအန ထားပေးထားတာ။

သူ့ အရိုးပြာကိုလဲ အဲ့ဒီမှာ မြှပ်ထာပေးတယ် ပြောတယ်။ ရုပ်ထုက မြို့ဖက်ကို မျက်နှာမူထားတာပေါ့။ အဲ့ဒီလို ထားပြီးနောက် မြို့ထဲမှာ ရောဂါဘယတွေ အနာ အဖျားတွေ ဖြစ်င်္ပြး လူတွေ အတော် သေကြပါရော။ ဂရီကာ တစ္ဆေက သူ့အခြွေအရံအဖြစ် လူတွေကို လိပ်ပြာနှုတ်တယ်ဆိုပြီး တမြို့လုံး ကြောက်လန့်ကုန်ရော။ ဂရီကာ တစ္ဆေက တမြို့လုံးကို ခြိမ်းခြောက်နေပြီလေ။

မကျေနပ်ကြ ကြောက်ကြပေမယ့် လက်ရှိ စော်ဘွားရဲ့ အဖေ လက်ထက်တည်းက မိတ်ဆွေဆိုတော့ ရုပ်ထုကိုလဲ မဖျက်ဆီးရဲကြဘူး။ စော်ဘွားကလဲ ခွင့်မပြုဘူး။ အခြေအတင်တွေ ဖြစ်လာတာပေါ့လေ။ နယ်သူနယ်သားတွေ အရေးကြည့်မလား မိတ်ဆွေမျက်နှာပဲထောက်ထားရမလား။ ခက်တာက စော်ဘွားဆိုတာကလဲ အာဏာရှင် တမျိုးကိုး။ သူက ကြွက် ခြင်တွေကြောင့် ရောဂါ ဖြစ်တယ်ပဲ တင်းခံနေတာ။

နောက်ဆုံးမှ ရုပ်ထုကို မြို့ဖက် မျက်နှာမလှည့်စေဘဲ မြို့ကိုနောက်ကျောခိုင်းထားလိုက်မှ ပြသနာအေးတော့တယ်။ ထူးခြားတာတော့ အဲ့လို လှည့်လိုက်တော့ လူတွေ သေတာ ရပ်သွားတယ်တဲ့။ အဘွားတို့ပြောတာတော့ ဂရီကာ တစ္ဆေဟာ မြို့ကိုကြည့်မနေ သူ့ခေါ်သံဟာလဲ မြို့ဖက်မရောက်နိုင်တော့လို့တဲ့။ ကျွန်တော့် အဘွား ငယ်ငယ်ကတည်းက ရုပ်ထုဟာ အိုဟောင်းနေပါပြီ။

သက်တမ်းက ကြာဆို သူက အင်္ဂလိပ် စအုပ်ချုပ်တဲ့ အချိန်က နယ်ပိုင်လုပ်ခဲ့တဲ့သူမို့ပါ။ အဘွားတို့ ငယ်ခါက တံခွန်တောင်ပေါ် ရောက်ရင် အဲ့ရုပ်ထုရှိသေးတယ်။ ဂျပန်ခေတ် လောက်ကျ စော်ဘွားတွေလဲ ဟိုပြေးဒီပြေးနဲ့ ရုပ်ထုကို ဘယ်သူမှ ဂရုမစိုက်အားဘူး။ အဲ့မှာ တချို့က လက်ဆော့ပီး ဓားတွေနဲ့ ထစ်တာရော ရာသီဥတုဒဏ်နဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိတာပါ ပေါင်းပြီး ပျက်စီးသွားတယ်။ ကျွန်တော်တို့တော့ မတွေ့ မမီလိုက်ဘူး။

အဲ့ အကြောင်းအရာကို စာရေးဆရာ မောရစ်ကောရစ်က သူရေးခဲ့တဲ့ နေဝင်ဘုရင်များ(MAURICE COLLIS- LORDS OF THE SUN-SET )ဆိုတဲ့ စာအုပ်မှာလဲ ဖော်ပြထားတယ်။ စိတ်ဝင်စားရင် ရှာဖတ်လို့ရပါတယ်။ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ လောကီ ပညာရပ်တွေဟာ မရှိဘူးလို့ မျက်စိစုံမှိတ် ငြင်းရခက်တယ်ဗျ။ အယုံလွန်ပြီး မျက်စိပိတ် နားပိတ် ဖြစ်သွားရင်တော့လဲ မကောင်းဘူးပေါ့။

ကျွန်တော်ကတော့ ကြုံကြိုက်တဲ့အခါ လေ့လာ စပ်စုချင်တာပါပဲ။ မိတ်ဆွေတို့မှာ ကြုံဖူးကြားဖူးတာလေးတွေရှိရင် မျှဝေသွားပါဦး။ အားလုံး ကျန်းမာ နေထိုင်ကောင်းကြပါစေ။ နောက်တစ်ပိုင်းမှ မိုးနဲက ထင်ရှားတဲ့ နေရာလေး တချို့ ထပ်မျှဝေသွားပါမယ်။ ကျေးဇူးအထူးတင်ပါတယ်ဗျ။

photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
30/1/22



0
0
0.000
12 comments
avatar

အကိုတို့သွားကည့်တုန်းက အဲရုပ်ထု မရှိတော့ဘူးထင်တယ်။ ကောင်းကောင်းမမှတ်မိတော့ဘူး။ နောက်တစ်ခါရောက်မှ ‌ေနာက်တခြား နေရာတွေကော သွားရမယ်။ ရေတံခွန်လဲ ရောက်ချင်တာ။
!LUV !PIZZA

0
0
0.000
avatar

😁😁😁 အဲ့တုန်းက တံခွန်တောင် လိုက်မပို့လိုက်ရဘူး။ နောက်တခေါက်မှပေါ့။

0
0
0.000
avatar

အဲ့လိုမျိုးတွေ ဖတ်ရတော့ မိုးနဲသွားတုန်းက မလိုက်ခဲ့လိုက်ရတာ နာတယ်ကွာ။
!PIZZA

0
0
0.000
avatar

နောက်တခါဆို လိုက်လည်။ ချောင်းထဲ ရေကူးခိုင်းမယ်။ 😂😂

0
0
0.000
avatar

ရေမှ မကူးတတ်ဘဲ
ပါသွားမှဖြင့်
ဟဟ

0
0
0.000
avatar

တစ်ချို့တွေက လန့်စရာကောင်းတယ်ဗျာ

0
0
0.000
avatar

ဟုတ်တယ်ဗျ။ တချို့တော်တော် ကြောက်ဖို့ကောင်းတာမျိုးတော့ စာထဲ ဖတ်ဖူးတယ်ဗျ။

0
0
0.000
avatar

စိတ်ဝင်စားလွန်းလို့ Follow လုပ်ထားပြီး စောင့်ဖတ်နေပါတယ်။ အရင်က သမိုင်း ဆိုင်ရာတွေကို ကိုယ့်ခေတ်နဲ့ ရေးဖွဲ့တတ်လို့ပါ။ ကျွန်တော်လည်း မြစ်ကြီးနား အထက(၁) ဆိုတဲ့ အဲသလို အုပ်တိုက် အနီကြီးတွေနဲ့ ကျောင်း တက်ခဲ့ရတာပါ။ ပိုဆိုးတာက ဂျပန် ခေတ်မှာ ကျွန်တော်တို့ ကျောင်းက စစ်ဆေးရုံ ကြီးတဲ့... အဲသလို အပမှီတဲ့ အကြောင်း အများကြီးပေါ့. Ecency point 50 လက်ဆောင် ပေးလိုက်ပါတယ်။!PIZZA

0
0
0.000
avatar

ဟုတ် ကိုဟင် ကျေးဇူးပါဗျ။ အဲ့လိုအကြောင်းလေးတွေ တိုက်ဆိုင်ရင် ပြောပြပါဦး။

0
0
0.000
avatar

Congratulations @saikaungzawthant! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 900 upvotes.
Your next target is to reach 1000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 29
Hive Power Up Day - February 1st 2022
Support the HiveBuzz project. Vote for our proposal!
0
0
0.000