Mongnai

img_5905.jpg

ကျွန်တော် အခုလက်ရှိတောင်ကြီးမြို့မှာ နေနေပေမယ့် ကျွန်တော့်မွေးဇာတိက မိုးနဲမြို့ပါ။ တောင်ကြီးကနေ ၁၀၄ မိုင် အကွာမှာ ရှိပါတယ်။ မြို့က သေးသေးလေးပါပဲ။ ဘယ်လောက်မှ မကျယ်လှပါဘူး။ ဒါပေမယ့် အရင်တုန်းက စော်ဘွား (စောဝ်ဖ) နေခဲ့တဲ့မြို့မို့လို့ သမိုင်းအကြောင်းအရာတွေက များပါတယ်။ မြန်မာနိုင်ငံမှာ အခုချိန်မှာတော့ သိသူနည်းပါးသွားပြီ ထင်ပါတယ်။ အရင်က မိုးနဲစော်ဘွားရဲ့ ပိုင်နက်နယ်နိမိတ်က အတော်လေး ကျယ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အရှေ့ဖက် ကျိုင်းတုံနယ်အထိ အနောက်ဖက် လွိုင်လင်နယ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်အနေနဲ့က မိုးနဲစော်ဘွားတွေဟာ မြန်မာဘုရင်တွေနဲ့ ခိုင်မာတဲ့ မဟာမိတ် ဆက်ဆံရေးရှိခဲ့တယ်။

img_5904.jpg

မြန်မာဘုရင်ကနေ ပေးအပ်ထားတဲ့ ချစ်ကြည်ရေး လက်ဆောင် မလ္လိန်တိုင်လို့ ခေါ်တဲ့ တံခွန်တိုင်နဲ့တူတာပဲ အဆောင်အယောင်တွေ ရွှေလှံကိုင် ကိုယ်ရံတော်တပ်တွေအပြင် မြန်မာဘုရင်ရဲ့ တပ်တွေဟာ မိုးနဲနားမှာ စခန်းချလေ့ရှိတယ်လို့လဲ သိရတယ်။ အရင် တည်ခဲ့တဲ့ မြို့တော်နေရာတွေက အခုလက်ရှိ မြို့တည်ထားတဲ့ နေရာမှာတော့ မဟုတ်ပါဘူး။ တည်လိုက် ထပ်ရွှေ့လိုက်နဲ့ လက်ရှိနေရာက သုံးကြိမ်မြောက် ရွှေ့ထားတဲ့နေရာပေါ့။ အရင်မြို့ဟောင်းနေရာတွေမှာ အုတ်ရိုးတွေနဲ့ အကြွင်းအကျန်တွေတော့ တွေ့နိုင်သေးတယ်တဲ့။ ကျွန်တော်ကတော့ မရောက်ဖူးသေးပါဘူး။ ပတ်ဝန်းကျင်က တောအရမ်းထူတဲ့ အပြင် အရင်က နယ်မြေပတ်ဝန်းကျင်ကလဲ သိပ်မအေးချမ်းတော့ မရောက်ဖြစ်တာပါ။ အခုတော့ အရင်ကထက်စာရင် သွားကြည့်လေ့လာလို့ ရနိုင်မယ်ထင်ပါတယ်။ လောလောဆည်တော့ ငဗစ် ငစစ်နဲ့ သိပ်မလွယ်သေးဘူးပေါ့။ ဒါတွေပြီးရင်တော့ ရနိုင်မယ်ထင်ပါတယ်လေ။ ပတ်ဝန်းကျင်မှာ ရှေးဟောင်း ဘုရား တော်တော်များပါတယ်။ တောထဲ မှာတင် ပျောက်နေတဲ့ ဘုရားတွေလဲ ရှိတယ်ပြောကြတယ်။ အရင်က ထိုင်းကို စစ်ချီတဲ့အခါ မိုးနဲစော်ဘွားကလဲ စစ်ကူပေးရတာတွေရှိတော့ နိုင်ပြီးပြန်လာတဲ့အခါ အထိမ်းအမှတ်သဘောမျိုး တည်ခဲ့တာတွေလဲ ရှိမှာပေါ့။

img_5906.jpg

ထူးခြားတာဆိုလို့ သူတို့ထိုင်းက စစ်နိုင်လို့ ယူလာတယ်ဆိုတဲ့ ကြေးနွားရုပ်ထုတစ်ခုတော့ ရှိတယ်။ အရင် စော်ဘွားဟော် နန်းတော်ပေါ့လေ အဲ့ဝင်းထဲမှာ ထားတာ အခုထိရှိသေးတယ်။ သိပ်ကြီးလှတယ်တော့ မဟုတ်ပါဘူး။ ဟိုးအရင်ကထဲက ရှိတာ ကြာလှပြီလို့ပဲ လူကြီးသူမတွေဆီက တဆင့်သိရတယ်။ သက်တမ်း အတိအကျတော့ ရှာမရတော့ဘူး။ ငယ်ငယ်က ပုံပြင်လိုလို ဘာလိုလိုနဲ့ လပြည့်လကွယ်တွေဆို နွားရုပ်က အော်သံပေးတယ်လို့ ကြားဖူးတယ်။ ငယ်တုန်းကတော့ ကြောက်တာပေါ့လေ။ လူကြီးတွေ ဂျင်းထည့်တာလား ဘာလားလဲ မသိခဲ့ဘူးကိုး။ လူကြီးတွေက ကလေးတွေကို စချင်တာလား ညဘက် အဲ့နား မသွားစေချင်တာလားတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် အဲ့နေရာက မြို့လည်ခေါင်လို့ ပြောလို့ရတဲ့နေရာပါ။ အရင်က လျှပ်စစ်မီးကမရှိတော့ မှောင်တာနဲ့ မြွေပါးကင်းပါးကြောင့် မသွားအောင် ပြောတာလဲ ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မြို့ရဲ့ အထိမ်းအမှတ်အနေနဲ့ ရှိနေခဲ့တာကတော့ ကြာပါပြီ။
လျှပ်စစ်မီးဆိုလို့ ကျွန်တော်တို့ ငယ်ငယ်က လျှပ်စစ်မီးမရဘူးဗျ။ အရင်က စော်ဘွားတွေ အာဏာမစွန့်ခင်က လုပ်ပေးထားတဲ့ မီးစက်ကြီးပဲရှိတယ်။ အဲ့အချိန်က လက်ထဲ ငွေရှိ လုပ်နိုင်အားရှိတာလဲ သူတို့ပဲကိုး။ နောက်ဆုံး မျိုးဆက်ဆိုရမလား သူတို့က ပုဂ္ဂလိက သဘောမျိုး လျှပ်စစ်မီးပေးတာ မီတာခလိုမျိုး ပြန်ဆောင်ရတာပေါ့လေ။ ဒါပေမယ့် ပေးတာကလဲ ဒီဇယ်မီးစက်ကြီးနဲ့ဆိုတော့တော့ တနေကုန်မပေးနိုင်ပြန်ဘူး။ ညနေ ၆ခွဲလောက်ကနေ ည၉ နာရီလောက်အထိပဲ။ အဲ့တာတောင်မီးစက် ပျက်တဲ့ရက်တွေဆို မရဘူး။ နောက်တော့ ပြည်သူပိုင်လုပ်တော့ အစိုးရက ဆက်လုပ်တာပေါ့။ အတူတူပါပဲ လျှပ်စစ်မီးမရတာက တိုးတက်မလာပါဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေကတော့ ကာတွန်းစာအုပ်ပဲ အဖော်လုပ်ကြရတာပေါ့။ အခု တခါခါ မီးပျက်ရင် အရင်ငယ်ငယ်တုန်းက အချိန်တွေတောင် သတိရမိသေးတယ်။ TV ကြည့်ချင် game ဆော့ချင်လဲ မီးမလာရင် ဘာမှမတတ်နိုင်ဘူး။ computer ဆိုတာတော့ ဝေးရော။ ကြားကို မကြားဖူးတာ။ အဲ့ဒီတုန်းက တောင်ကြီးဖက်မှာ ၂၄ နာရီမီးရတယ်ပေါ့လေ။ အရမ်းအားကျတာပေါ့ ငါတို့လဲ ရရင် game တဝကြီးဆော့မယ်ပေါ့။ ဒါပေမယ့် တောင်ကြီးလဲ လာချည်ပျက်ချည်ပါပဲ အဲ့ကတည်းက။ ဒါပေမယ့် ကိုယ်တွေ မြို့ထက်စာရင် အပုံကြီးသာသေးတာပေါ့။ ၂၀၀၄ ခုနှစ် ကျိုင်းတောင်းက လျှပ်စစ်မီး ထုတ်နိုင်တော့မှ ကျွန်တော်တို့ ၂၄ နာရီမီးစရပါတယ်။ ၂၄ နာရီသာဆိုတယ် လာလိုက်ပျက်လိုက်ပါပဲ။ ကျိုင်းတောင်းရေတံခွန် ကျိုင်းတောင်းနယ်က မိုးနဲနယ်နိမိတ်ထဲမှာပါတယ်။ နောက်ပိုင်း လျှစ်စစ်ထုတ်နိုင်တော့ ကျိိုင်းတောင်းကို မြို့နယ် ခွဲထုတ်ပေးလိုက်တယ်။ ကျိုင်းတောင်းက ကျွန်းသစ်တောကြီးတွေက အကြီးကြီးပဲ။ အရင် စော်ဘွားအဆက်ဆက်က ထိန်းသိမ်းခဲ့တယ် ပြောတာပဲ။ အခုတော့ ပြောင်ပါပြီ မရှိတော့ဘူး။ သစ်ထုတ်လုပ်ရေး လုပ်လိုက်တာ ၁၀ စုနှစ်တစ်ခုလောက်နဲ့ ကျွန်းသစ်တောကြီး ပြောင်သွားတာပဲ။

img_5907.jpg

   မိုးနဲမြို့က တောင်ကနေမြောက်ဘက်ကိုသွယ်တန်းနေတာ အရှေ့နဲ့ အနောက်ဘက်က တောင်တွေရှိတယ်။ အဲ့ဒီတောင်တွေကြားက လွင်ပြင်မှာ ရှိတာပေါ့လေ။ ပင်လယ်ရေမျက်နှာပြင်အမြင့်က ၃၁၇၉ ပေဆိုတော့ တောင်ကြီးထက် ပေ ၁၆၀၀ လောက်နိမ့်မယ်ထင်တယ်။ မြို့အရှေ့ဖက်က လယ်ကွင်းတွေများတယ်။ အနောက်ဖက်ကတော့ တောထူတယ်။ တောင်ပေါ်မြို့ဆိုပေမယ့် တောင်ကြားလွင်ပြင်မှာမို့ထင်တယ် တောင်ကြီးထက် အပူချိန်မြင့်တယ်။ ဆောင်းတွင်းတော့ တောင်ပေါ်မြို့ပီပီ အေးပေမယ့် နွေနဲ့ မိုးကျရင်တော့ အိုက်စပ်စပ် ရှိတယ်။ သမဇုံရာသီဥတုမျိုးပေါ့။ တောင်ကြီးထက် နေလို့ အဆင်ပြေတယ်။ မတိုးတက်တာနဲ့ ဖွံ့ဖြိုးမှု လမ်းပန်းဆက်သွယ်ရေး  အချက်အချာ မကျတာကတော့ လူငယ်တွေအတွက် မကောင်းဘူးပေါ့လေ။ ကျွန်တော်ဆိုလိုတာက နေပျော်တာပဲ ရှိတာပါ။ ခရီးသွားမှတ်တမ်းအနေနဲ့ရော သမိုင်းကြောင်းရာတွေအတွက် တခြားသူတွေရေးထားပြီးကြပြီ။ ကျွန်တော်ကတော့ ကိုယ်သိတဲ့ အကြောင်းအရာလေးတွေနဲ့ ကျွန်တော့် မှတ်ဉာဏ်ထဲမှာရှိတဲ့ ငယ်စဉ်က အကြောင်းအရာလေးတွေကို ပေါ့ပေါ့ပါးပါး လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေကို ပြောပြသလိုမျိုးပဲ ရေးသွားမှာပါ။ အားလုံးပဲ ကျန်းမာ ရွှင်လန်းကြပါစေ။ ကျန်တဲ့ အကြောင်းအရာလေးတွေ ဆက်လက်မျှဝေသွားပါမယ်။ 

photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
26/1/22



0
0
0.000
15 comments
avatar

Congratulations @saikaungzawthant! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You published more than 90 posts.
Your next target is to reach 100 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 22
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

အပိုဒ်လေးတွေ ခွဲရေးရင် ဖတ်ရတဲ့သူ အဆင်ပြေတယ်ဗျ။
!PIZZA

0
0
0.000
avatar

နောက်တစ်ခေါက်သွားပြီး ဟိုဘုန်းကြီးကျောင်ပါသွားရအောင်။ !PIZZA

0
0
0.000
avatar

ဖတ်လို့ ကောင်းတယ်ဗျို့.... voting power မရှိတော့လို့ ဒီ Post အတွက် Ecency 100 လက်ဆောင်ပေးခဲ့ပါတယ်။

0
0
0.000
avatar

ကျွန်းတောကြီးကို နှမျှောမိတယ်။
!BEER

0
0
0.000
avatar

ဟုတ်တယ် ကျိုင်းတောင်းဖက်လဲ တခါလောက် ထပ်သွားချင်သေးတယ်

0
0
0.000
avatar

မိုးနဲ​စော်ဘွားဆိုပြီး ဖတ်ဖူးပါတယ် အခုလို မိုးနဲမြို့အ​ကြောင်းသိရလို့ ​ကျေးဇူးပါ။

0
0
0.000