Handmade

img_6065.jpg

Handmade လေးတွေအခုနောက်ပိုင်း ခေတ်စားလာတာတွေ့ရပါတယ်။ ကျွန်တော်က ဟိုးအရင်ထဲက ဟိုဟာနဲ့ ဒီဟာ ပေါင်း ဟိုနားကဟာ ဖြုတ် ကော်ကပ် လုပ်ရတာ ကြိုက်တဲ့သူဆိုတော့ handmade လေးတွေ စိတ်ဝင်စားပါတယ်။

အရင်ကတော့ ရှိတဲ့ဟာတွေနဲ့ အဆင်ပြေအောင်လုပ်တန်လုပ်၊ recycle လုပ်လို့ရတဲ့ဟာနဲ့လုပ်ပေါ့လေ။ ကိုယ်လိုတာ ကွက်တိရဖို့တော့ ခက်ပါတယ်။
နဂိုကမှ ဘာမှ ဝယ်မရတဲ့ နိုင်ငံဆိုတော့ အဆင်ပြေအောင် ကြည့်ကျတ်လုပ်ရတာပေါ့ဗျာ။

အခု ဟိုနေ့က အသိ ညီမလေး တစ်ယောက် handmade လုပ်တဲ့သူတွေအတွက် supply ပစ္စည်းဆိုင်လေး ဖွင့်တယ်ဆိုလို့ သွားလည်ခဲ့ပါတယ်။
အဲ့မှာ readymade လေးတွေ အများကြီးပဲ။ လိုချင်တာရွေးယူ၊ ကိုယ်ကြိုက်တဲ့ပုံ ကိုယ့်ဟာကိုလုပ်။

သူများတော့ မသိပါဘူး။ ကျွန်တော်တော့ အတော် ပျော်သဗျ။ သူက အောက်ခံ base အတွက် အမျိုးမျိုး ရွေးလို့ရသေးတယ်။ phone stand လုပ်မလား။ phone cover လား။ ပစ္စည်းထည့်ဖို့ ဗူးလေးတွေလား။ ဘောပင်ထည့်ခွက်လား။ အစုံရသဗျ။

ကျွန်တော်ကတော့ အိမ်မှာ တခါတလေ ဖုန်းသုံးရင် တင်ထားလို့ရမယ့် ph stand လေး customize လုပ်လိုက်ပါတယ်။ သူက base cream လို့ခေါ်တဲ့ဟာလဲ အရောင်စုံ ရှိတယ်။ ကိုယ်လုပ်မယ့် theme ကို လိုက်ပြီး ရွေးရတာပေါ့။

အရုပ်လေးတွေကလဲ အစုံ။ ပိစိလေးတွေ။ ဘီယာဘူးပုံ အရက်ပုလင်းပုံ ကာတွန်း အကောင်လေးတွေပုံ ဟမ်ဘာကာပုံ အစရှိသဖြင့် ရွေးရတာ မူးတောင်မူးတယ်။ ကတ်မုန့်လုပ်တာနဲ့ နဲနဲဆင်မလားပဲ။ အပေါ်မှာ cream တွေနဲ့ ကိတ်ကို အလှဆင်ရသလိုမျိုးပဲ လုပ်ရတာ။ သူကတော့ ခြောက်တဲ့အခါ မာသွားတာပေါ့။

လက်ဆောင် ပေးဖို့ ကိုယ်တိုင် handmade လုပ်ချင်သူတွေအတွက် အဆင်ပြေတယ်ဗျ။ ဈေးကတော့ ကိုယ် အရုပ်များများထည့်လေ ပိုကျလေ ဖြစ်မှာပါ။ diy လုပ်ရတာပျော်တဲ့ ကလေးတွေလဲ စိတ်ကြိုက် သူတို့ စိတ်ကူးလေးတွေ ပုံဖော်လို့ ရတာပေါ့လေ။ ပုံထဲက ph stand က ကျွန်တော် စိတ်ကြိုက်ထည့်ထားတဲ့ handmade လေးပါ။

ဆိုင်ကတော့ တောင်ကြီး မြို့မဈေးနားလေးမှာ ရှိပါတယ်။ ဆိုင်နာမည်က Depict Beauty ပါ။ လိပ်စာက မြို့မဈေး မြောက်ဖက် စိန်တိုး ဆေးဆိုင် နဲ့ ငြိမ်းချမ်း ပလပ်စတစ်ဆိုင် အပေါ်ထပ်ပါ။ ကြုံရင် သွားလည်ပြီး စိတ်ကြိုက် handmade လေးတွေ ဖန်တီးလို့ရပါတယ်။

img_6066.jpg

Sai Kaung Zaw Thant
18/3/22



0
0
0.000
4 comments
avatar

Congratulations @saikaungzawthant! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 1250 upvotes.
Your next target is to reach 1500 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from February day 15
Support the HiveBuzz project. Vote for our proposal!
0
0
0.000