တူမီးစနိုက်ကြော်

avatar

မဂ်လာပါ ဟိုက်ဗ်အဖွဲ့သားများခင်ဗျား။
img_20180804_102247.jpg

ဒီနေ့တော့် ကျနော်ကွီးရွှေ အိမ်မှာနေရင်း အပြင်လောကသတင်းကို ဖုန်းတစ်လုံးဖြင့် စနည်းနာနေမိသည်။ အပြင်လောကိုဆိုလို့ တလွဲမထင်ကြပါနှင့် မြို့ထဲမြို့ပြင်ထွက်ရခက်နေသော ကျနော်တို့ မြို့လေးသည် သတင်းစီးဆင်းမှုမပြတ်လပ်ရန် အင်တာနက်နှင့် ဖေ့ဘုတ်ကိုသာ အားကိုးနေရသည်။ ထိုမှတစ်ဆင့် မိမိနေထိုင်ရာ မြို့နယ်အလိုက် စစ်ရေးသတင်း၊ လုံခြုံရေးသတင်းများကို အစဉ်တစိုက် မပြတ်လေ့လာနေမှ တော်ကာကျမည့်အချိန်ကာလဖြစ်သည်။

အရင်ရက်များက ကျွန်တော်တင်ပြခဲ့သော မုန့်ဟင်းခါးချက်သည့် သတင်းများသည် အားလုံးမှန်ကန်တိကျသော သတင်းများဖြစ်ကြသည်။ ဤသို့ ပြောရခြင်းမှာ ထိုပိုစ်များတင်စဉ်က ဘေရီဖိုင်းနှင့် အန်ဘေရီဖိုင်းများ ဖြစ်နိုင်သည်ဟု စကားခံကာ တင်ပြခဲ့သောကြောင့် ယခု ဘေရီဖိုင်းဖြစ်ကြောင်း ပြန်လည်အတည်ပြုပေးပါသည်။

ယခုဆက်လက်၍ တင်ပြရန်အကြောင်းများကား လွန်စွာများပြားသဖြင့် ဘယ်ကစ၍ တင်ပြရမှန်းမသိအောင်ဖြစ်နေရပါသည်။ ဘေရီဖိုင်းမဖြစ်သော သတင်းအချို့ကို တွေ့မြင်မိသဖြင့် အတည်မပြုနိုင်သေးပဲ မတင်ပြဝံ့ပါသဖြင့် ဘေရီဖိုင်းဖြစ်မှသာ သတင်းများ စီစစ်ပီး သေချာသော မှန်ကန်သော သတင်းများကို ရွေးကာ ပြန်လည်တင်ပြပါအုန်းမည်။

ကျနော် မည်သည့်အကြောင်းအရာကို ရေးရမည်နည်း စဉ်းစားရင်း အတွေးထဲတွင် သဘောကျမိသော သတင်းတစ်ပုဒ်ကို ပြောပြပါမည်။ အကြောင်းကတော့ စစ်ကိုင်းနယ်တစ်ကြော စကစမှ စစ်ဆင်ရေးဆင်းနေသည်ကို ပရီသတ်များသိကြပီးဖြစ်၍ အကျယ်မပြောလိုပါ။ ထိုစစ်ဆင်ရေးများကို တလရ လူငယ်များမှလည်း ပြောက်ကျားမဟာဗျူဟာများနှင့် လှလှပပ ဖြိုခွင်းနေသည်မှာလည်း အားရစရာဖြစ်ပါတယ်။

ထိုပြောက်ကျားဗျူဟာများမှ တစ်ခုဖြစ်သည့် (---)နယ် ပီဒီအက်ဖ် လူငယ်လေးများသည် စကစမှ စစ်ကြောင်းထိုးလာသည်အား စနိုက်ပါဖြင့် အမှည့်ချွေ-ချွေနိုင်ခဲ့သည့်သတင်းမှာ အားတက်စေသော အားရစေသော သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ နောက်ထပ်မရှေးမနှောင်းတွင်လည်း စကစတပ်မှ ဖုန်းတာဝါတိုင်ထိပ်တက်ကာ လုံခြုံရေးယူထားသော စနိုက်သမားကို (--)နယ် ပီဒီအက်ဖ် လူငယ်လေးများက တူမီးဖြင့်ပစ်ချနိုင်ခဲ့သော သတင်းတို့မှာ ကျွန်တော့်တို့အတွက် အလွန်အံ့ဩ ဝမ်းသာဂုဏ်ယူစရာ သတင်းများ ဖြစ်ခဲ့ရပါကြောင်း ယနေ့အတွက် တင်ပြလိုက်ပါသည်။ စနိုက်ငှက်ကလေး တူမီးစာမိသွားတာပေါ့ဗျာ။

မနက်ဖန်တွင် မှတ်သားထားသော သတင်းများ ဘေရီဖိုင်းဖြစ်ပါက တင်ပြပေးပါမည်။

(---)နယ်အမည်များကို လုံခြုံရေးအရ မဖော်ပြခြင်းအား သည်းခံနားလည်ပေးကြစေချင်ပါသည်။

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
15.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
11 comments
avatar

ဘယ်သူမှလက်မခံတော့သော ကောင်ဇိုးလေးအကြောင်း ရေးပါအုံး

0
0
0.000
avatar

အိုကေ ရေးပေးမှာပေါ့ဗျာ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nyinyiwin (x1)
@nyinyiwin(2/10) tipped @uthantzin (x1)
nyinyiwin tipped nweoomon (x1)
kachinhenry tipped nyinyiwin (x1)
nyinyiwin tipped koshwe (x1)
nyinyiwin tipped htwegyi (x1)
Learn more at https://hive.pizza.

0
0
0.000
avatar
(Edited)

အားရသဗျာ ကြူကွီးရွှေ
ရေ
!PIZZA

0
0
0.000
avatar

အားရစေရမယ်ဗျာ နောက်ဆက်တွဲ မိုတီသတင်းများ ရှိသေးသဗျ။ !PIZZA

0
0
0.000
avatar

တူမီးစနိုက်မိုက်တယ်

0
0
0.000
avatar

မိုက်မိုက်ပဲနော် !PIZZA

0
0
0.000
avatar

ဖတ်ရတာ အရသာရှိသဗျာ.... ဝက်သား သုံးထပ်သား စားရသလိုပါ့... အဆီတထပ် အသား တထပ်။ !PIZZA

0
0
0.000
avatar

ကိုဟင်ရေ အဆီတစ်ထပ် အသားတစ်ထပ် နဲ့ နောက်ထပ် ဝက်သားဟင်းတွေ အောတိုက်လို့ဗျ အအီပြေလေး ပီဇာစားထားအုန်းနော် 😁😃 !PIZZA

0
0
0.000
avatar

တူးမီး စနိုက်ကြော်လေးက အားရစရာတွေပါလားကွယ်။ !PIZZA

0
0
0.000
avatar

အားရစရာတွေ ဆက်တိုက်ပါပဲ ကိုယ်တွေကလဲ တတ်နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့ကြအုန်းစို့။ !PIZZA

0
0
0.000