“မျက်နှာမွဲနှင့် မုန့်ဟင်းခါးတေးထပ်”
“မျက်နှာမွဲနှင့် မုန့်ဟင်းခါးတေးထပ်”

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
ဒီနေ့တော့ မိုတီဘက်လှည့်ကာ ဟိုက်ဗ်အဖွဲ့သားများကို အားဆေးတိုက်ချင်ပါသေးတယ်။ သတင်းထူး တစ်ခုကတော့ အမေရိကန်အထူးကိုယ်စားလှယ်က ထိုင်းကိုလာရောက်တွေ့ဆုံတယ်ဆိုတာပါပဲ။ အကြောင်းအရာကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်က ထိုင်းနိုင်ငံဘန်ကောက်မှာ ရောက်ရှိလို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးနဲ့တွေ့ဆုံဆွေးနွေးကြကြောင်း၊ အဓိကထားဆွေးနွေးကြတာကတော့ မြန်မာပြည်အတွက်လူသားချင်းစာနာတဲ့ အကူညီတွေပေးနိုင်ဘို့ အတွက် ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပေးခွင့်အကြောင်းများဖြစ်တယ်လို့ နိုင်ငံတကာသတင်းဆိုက်များက ရေးသားဖော်ပြ ကြပါတယ်။
ယူအက်စ်ကြီးရဲ့ခရီးစဉ်က ထိုင်း၊စင်ကာပူ၊အင်ဒို၊ဂျပန်လို့သိရပါတယ်။ ဒီလိုဆွေးနွေးကြ၊ ဘာလုပ်ကြ၊ ညာလုပ်ကြဆိုတာတွေ ခဏခဏတွေ့မြင်နေရသော်လည်း အကောင်မမြင်ရသေးတော့ ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ လှုပ်ရှားနေခဲ့ကြရတာပါပဲ။
စကစလို့ခေါ်တဲ့ ဘုတိုရဲ့အဖွဲ့ဟာ အာဆီယံမှာ “အစိုးရကိုယ်စားပြုမှု”ဆိုတာကို အပြန်ငြင်းခံလိုက်ရပီးနောက် ဘိုတု-ဘုတိုဟာ နိုင်ငံတကာမှာ မျက်နှာမွဲဖြစ်နေပါပီ။
နောက်ထပ်ထူးခြားတဲ့သတင်းတစ်ပုဒ်ကတော့ စစ်တပ်ပိုင်ဖြစ်တဲ့ ကန့်ဘလူက အရက်ချက်စက်ရုံနဲ့ သကြားစက်ရုံကို လျှပ်စစ်မီးပေးနေသော မီးလိုင်းမီးတိုင်များကို နယ်မြေပီဒီအက်ဖ်က မိုင်းခွဲဖျက်ဆီး လိုက်ပါတယ်။ စကစအတွက်ဖြတ်လေးဖြတ်ဟာ သူတို့အတွက်ပြန်ဖြစ်နေပါပီ။
အလားတူပဲ စကစပိုင် ဘီယာများကို ၂၁ဘီးကားကြီးများနှင့်သယ်ဆောင်လာခိုက် နယ်မြေခုခံရေးအဖွဲ့များမှ အားလုံးဖျက်ဆီးလိုက်ကြောင်း သတင်းတက်လာခဲ့ပါတယ်။ ဘိုတုတော့ ဆွေ့ဆွေ့ခုန်နေရော့မယ်။
အချိန်အခါက ပွင့်လင်းရာသီကို ဝင်ရောက်လာပီဖြစ်လို့ စစ်တိုင်းအသီးသီးမှာ ပူးပေါင်းပီဒီအက်ဖ်များက တိုက်စစ်ဖွင့်ရန် ပြင်ဆင်နေကြပီဖြစ်သောကြောင့် တိုက်ပွဲသတင်းများကို လျို့ဝှက်ထားကြောင်းနှင့် နယ်မြေအသီးသီးမှ ဝိုင်းဝန်းကူညီကြရန်လည်း ဆော်ဩထားပါတယ်။
အထူးအားရစရာသတင်းကတော့ မျက်နှာမွဲဘိုတုကြီးအတွက် မုန့်ဟင်းတေးထပ်ကို ထပ်ခါထပ်ခါရွတ်ဆို ပေးလိုက်တာကတော့ ရှမ်းပြည်နယ် မုံးကိုးဒေသမှာ မုန့်ဟင်းခါးပွဲကြီး၊ပွဲလတ်၊ပွဲသေး အစုံနှင့် မြေဩဇာထပ်တိုးသွားကြပါကြောင်းတင်ပြရင်း...။
အောင်ပွဲဟာငါတို့လက်ထဲမှာရှိတယ်။ တို့တွေမှာ တို့တွေပဲရှိတယ် လှူနိုင်သူလှူ ကူနိုင်သူကူကြလော့။

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။
@nyinyiwin
21.10.21: PM

မုန့်ဟင်းခါးတေးထပ်ကြီး အဆိုကောင်းသော ဘိုတုပေါ့နော်။
ဟုတ်ပဗျာ !PIZZA
Yay! 🤗
Your content has been boosted with Ecency Points, by @nyinyiwin.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more
ခုလာမဲ့ ဆောင်းရာသီကတော့... မွင်းခါးရာသီ ဖြစ်လိမ့်မယ် ထင်တယ်.....!PIZZA
မိုးအကုန်စောင့်နေတော့ ဆောင်းတွင်းအစမှာတင် မွင်းခါးတွေ လှိုင်လှိုင်ကြီး ချက်ပေးကြမယ်ထင်တယ်ဗျ။ !PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nyinyiwin (x1)
nyinyiwin tipped nyimwa (x1)
@nyinyiwin(4/10) tipped @kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
Learn more at https://hive.pizza.
မွန်ခါး ကြိုက်သဗျို့ အင်မတန်ကြိုက်တယ်။
!PIZZA
ကြိုက်ရင် များများသာစား နောက်ထပ်အများကြီးလာအုန်းမယ်ဗျ!Pizza
မှန်းဟင်းခါးတွေ အားရပါတယ်ဗျာ။