လျှာထုတ်ပြောင်ပြမည့် ဘိုတုနောက်ဆုံးဘဝ သရော်စာ

avatar
(Edited)

1533523307246_fact_2.jpg

"ဟဲ့ မောင်မင်းကွီးရွှေ မင့်တစ်ယောက်ထဲလား"
"မှန်ပါ-- မဟေသီလဲ နောက်တော်ပါးက ပါပါတယ်ဖျာ့"

ဒီနေ့တော့ အိမ်မှာပဲ ငြိမ်နေရပြန်တယ် ထုံးစံအတိုင်းပေါ့ ဝုန်းဒိုင်းဂွမ်း တွေကြောင့် အပြေးအလွှားပါပဲ။ ဒီတစ်ခါတော့ တစ်ခါပြေးဖူး ကွှီးရွှေ နားလည်ထားပီဆိုတော့ ဟိုးအဝေးက သီတင်းကျွတ်ဗျောက်ဖောက်ပွဲ ကျင်းပနေသည်ဆိုတာနဲ့ မဟေသီလက်ကိုဆွဲကာ လွတ်ကင်းရာကို ရောက်ခဲ့ပါတယ်ပေါ့ဗျာ။

အင်း ဒီ"တက်ပြတ်"တွေနဲ့လဲ နေ့တဓူဝ စိတ်ဆင်းရဲရပါတယ်- ကြားလိုက်ရတဲ့သတင်းတွေကတော့ မုန့်ဟင်းခါး အဝကျွေးခံရတယ်ပဲပေါ့ဗျာ။ ခုတစ်လော အရင်ရက်တွေကနဲ့မတူ တမူထူးတာက ကျွန်တော်များ စစ်ကိုင်းအင်ပါယာကြီးကို ဖြိုမယ်တကဲကဲ အသံများကြားရပီးနောက်ပိုင်း ခပ်စိပ်စိပ်လေး ဇွတ်ဖေါင်းဒိုင်း နင်ဂျာသိုင်းတွေနဲ့ တစ်သီကြီး မုန့်ဟင်းခါးချက်ခံနေကြရတာပါပဲ။

မနေ့ကပဲ "ဘိုတု"တစ်ယောက် အုတ်ခဲခု ခြေဖျားထောက်ပြီး မမီမကမ်း ဘောလုံးကြီးပွတ်နေတဲ့ပုံ တက်လာသေးတယ်လေ။ ဘာလုပ်ကြတာလဲဆိုတော့ မြေအောက်ဥမင်ဖွင့်တယ်ဆိုပဲ။ အော် တွေးမိလိုက်တာလေးက အပါယ်တံခါးကိုယ်တိုင်ဖွင့်ပီး အဝီစိကို လစ်တော့မယ်ပေါ့။

အဲဗျာ နောက်တစ်ပုံက ငှက်ပျောသီးကမထန်းစီးဖြန်းနေပုံလဲ ထပ်တက်လာလိုက်သေး။ ငှက်ပျောမျိုးက "ဖီးကြီးလုံး"မျိုးပါဖျာ့လို့ ဝိုင်းလျောက်ကြသေးဆိုပဲ ဟဟဟလို့ ရယ်လိုက်ရ။ "အိမ်း--ကြားရတာ ရွှေစိတ်တော်ရွှင်လာပီကွယ့် ဆက်လျောက်တင်အုန်း အမောင်ကွီးရွှေ"။

"မှန်ပါ-ဖျာ့-ဆက်ရရင်ဖြင့်--"ဘိုတုတို့တစ်သိုက် အလေလိုက် နေချိန် ဒီဘက်မှာတော့ မဂ်လာသတင်းက မြိုင်လို့ အီးယူက နုဂျီနဲ့ စီအာပီအိပ်ချ်ကို ထောက်ခံမဲ ၉၅ရာခိုင်နှုန်းကျော်နဲ့ တခဲနက်ထောက်ခံကြပီးအတည်ပြလိုက်ပါရောဖျာ့။

အင်းဒီအကြောင်းကို ဖွဘုတ်အင်ပါယာကြီးမှာ ပြောနေကြတာက "မိရောနိစ်နဲ့ ပုန်းရည်ဂျီး" မခွဲတတ်တဲ့ ဝဏဖောင်းပြင်ဆိုတဲ့လူက ပြင်သစ်ကို စီးပွားရေးပိတ်ဆို့မယ် ဘာလားညာလားနဲ့ အော် ဟိုလူပျက်တွေ ပျက်ထားတာ သွားသတိရလိုက်သေး "ဦးဏှောက်မှ မရှိတာကိုး"လို့ပဲ ပြောလိုက်ချင်ရဲ့။ ဟုတ်ရဲ့လား မောင်ကွီးရွှေ" "ဟုတ်ပါ့ဖျာ့-မှန်ပါ့ဖျာ့-"

အင်းဖြစ်ရမယ်လေ ဘိုတုနဲ့ ဒပဲ့တွေက "မျောက်မောင်းတဲ့မော်တော်ကား တက်စီးမိတဲ့အရူးများလို"ဖြစ်နေကြပါပေါ့လား။ ဟုတ်ပဖျာ့-ဆရာလုပ်သူက ခြေဦးတည့်ရာလျောက်သွား တပဲ့လုပ်သူတွေက ပြောချင်ရာလျောက်ပြော တစ်ယောက်တစ်ပေါက်နဲ့ အဟက်ဟက်လို့သာ ကြိတ်ရယ်နေမိတော့တယ်ဖျာ့--။

"အိမ်း-အိမ်း" အေးလေ ဘိုတုသာ ကြိုးစင်တက်ရရင် ငတို့ဆာက သေတာတောင်လျာထုတ်ပြောင်ပြနေသေးလို့ ဟိုငမဲလုံးက သတင်းစာရှင်းလင်းပွဲ ထလုပ်အုန်းမလားနော် "ဟုတ်ရဲ့လား မောင်ကွီးရွှေရ" "ဟုတ်ပါ့ဖျာ့-ဟုတ်ပါ့ဖျာ့"

"ကိုင်း အဲဒါဖြင့် ဆိုစမ်းပါအုန်း ပြည်ချစ်သားတို့ ဒီလို အရူးတစ်သိုက်နဲ့ စစ်တိုက်ရတာ ငတို့ရှုံးစရာလားလို့ -- ဟုတ်ဖူးလားမောင်မင်း ကွီးရွှေရ " " ဟုတ်ပါ့ဖျာ့ --ဟုတ်ပါ့ ရှုံးစရာ တစ်စက်မှ မရှိကြောင်းပါဖျာ့"။

ဆို့စ် --ကျူလိပေါင်မည်သော အကျော်ဒေးယျ ဖွဘုတ်အင်ပါယာ။



0
0
0.000
17 comments
avatar

ဖတ်ရတာ အရသာရှိချက်။

0
0
0.000
avatar

ဒီထက် အရသာတွေ့မယ့် ဂန့်ဂေါလမ်း အကြောင်း နက်ဖန်တင်ပေးမယ် စောင့်ဖတ်ပီး ခွိအုန်း။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped kachinhenry (x1)
nyinyiwin tipped nweoomon (x1)
@nyinyiwin(2/10) tipped @koshwe (x1)
nyinyiwin tipped victornawawng (x1)
kachinhenry tipped nyinyiwin (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ကွီးရွှေရေ အဲသလို အရေးအသားလေးတွေကြောင့် နာမည်တစ်လုံးရခဲ့တာပါဗျ။ အရမ်းသဘောကျ ပါတယ်ခင်ဗျာ။ !LUV

0
0
0.000
avatar

အားပေးနေတော့လည်း ဘယ်လိုရေးပီး ဟိုက်ဗ်အဖွဲ့သားတွေကို တင်ပြရမလဲ တွေးမိရာက သရော်စာ လက်တည့်စမ်းတာပေါ့ဗျာ။ အသဲပေးလို့ ပီဇာပြန်ကျွေးမယ်နော !pizza

0
0
0.000
avatar

သူတို့ရဲ့နေဝင်ချိန်နီးပြီလေ။ အလှည့်ကျ မနွဲ့စတမ်းပေါ့ ငပုရေ...
!PIZZA

0
0
0.000
avatar

နေဝင်ချိန်ရောက်နေတာတောင် ခုချိန်ထိ အသိမရှိသေးတဲ့ ငပုက ငရဲပြည်ရောက်သွားရင်တောင် ငရဲမင်းရာထူးလုအုန်းမယ်ထင်ပ။ !pizza

0
0
0.000
avatar

ဒါမျိုးတွေ....ဖတ်ချင်နေတာ

0
0
0.000
avatar

ဟုတ်ဗျာ အလျင်းသင့်သလို တင်ပေးပါမယ်ဗျ။ !PIZZA

0
0
0.000
avatar

အားရချက်ဗျာ

0
0
0.000
avatar

အားရစေရမယ်လေ။ !PIZZA

0
0
0.000
avatar

နည်းနည်းလျှော့အုံး ကိုရွှေဘိုရေ.... ဖတ်ရတာတော့ အားရစရာ ကောင်းလိုက်ပါဘိ။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်ရေ အဖြစ်အပျက်တွေက လျော့ရေးလို့ကို မရအောင် ဆွဲဆောင်ရာနောက်အလိုက်ရေးမိတာပါဗျ။ !PIZZA

0
0
0.000